• Follow Us on

Home (၁၀)ႏွစ္သမီးကို ျဖားေယာင္းေသြးေဆာင္ကာ အဓမၼျပဳက်င့္မႈျဖစ္ပြား

(၁၀)ႏွစ္သမီးကို ျဖားေယာင္းေသြးေဆာင္ကာ အဓမၼျပဳက်င့္မႈျဖစ္ပြား

Share this post

မေကြး

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕၊ ေအာင္ေမတၱာ(ဃ) ရပ္ကြက္တြင္ (၁၀) ႏွစ္သမီးကို အိမ္နီခ်င္းေနထိုင္သူက ျဖားေယာင္းေသြးေဆာင္ကာ အဓမၼျပဳက်င့္မႈ ေအာက္တိုဘာလ ၂၂ရက္ ညေန (၅)နာရီအခ်ိန္က ျဖစ္ပြားခဲ့သည္။

ေအာင္ေမတၱာ(ဃ)ရပ္ကြက္ေနထိုင္သူ ေဒၚ…. (၆၅)ႏွစ္သည္ ညီမျဖစ္သူ၏ ေနအိမ္သို႔ ဗြီဒီယိုၾကည့္ရန္သြား ေရာက္ရာလမ္းတြင္ အိမ္နီးခ်င္းျဖစ္သူေဒၚ….မ ွေနာက္မွေျပးလိုက္လာၿပီး “ေျမးျဖစ္သူ (၁၀) ႏွစ္သမီးကို အိမ္နီခ်င္းျဖစ္သူ ဦး…..(၅၉)ႏွစ္မွ ၎၏ေနအိမ္ေပၚတြင္ သားမယားအျဖစ္ျပဳက်င့္ေနသည္ကို ေတြ႕ျမင္ခဲ့ရ ေၾကာင္း”ေျပာျပသျဖင့္ ဦး….(၅၉)ႏွစ္၏ ေနအိမ္သို႔ ခ်က္ခ်င္းသြားေရာက္ၾကည့္႐ႈခဲ့ေၾကာင္းသိရသည္။

ဦး… (၅၉)ႏွစ္၏ေနအိမ္သို႔ သြားေရာက္ၾကည့္႐ႈရာ ဦး…၏ သုံးပင္ေျမစိုက္အိပ္ခန္းေျခရင္းတြင္ ေျမးျဖစ္သူမ…..(၁၀)ႏွစ္အား အဝတ္အစားဖ႐ိုဖရဲျဖင့္ ေတြ႕ရသျဖင့္ ျဖစ္စဥ္အား ေမးျမန္းခဲ့ ေၾကာင္းသိရသည္။

“ဦး…..(၅၉)ႏွစ္က လက္ဖက္ရည္ထုပ္ဝယ္ခိုင္းသျဖင့္ လက္ဖက္ရည္ထုပ္ဝယ္၍ သြား ေရာက္ေပးေဆာင္စဥ္လက္ကိုအတင္းဆြဲေခၚ၍ သားမယားအျဖစ္တစ္ႀကိမ္ ျပဳက်င့္ခဲ့ ေၾကာင္း”မ……(၁၀)ႏွစ္က ျပန္လည္ေျဖၾကားခဲ့သျဖင့္ေဒၚ…သည္ ေျမးျဖစ္သူ မ…အား ေခၚေဆာင္၍ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးထံတြင္ သြားေရာက္အသိေပးေျပာၾကားခဲ့ေၾကာင္း သိရသည္။

ေဒၚ…..၏ တရားလိုျပဳလုပ္တိုင္တန္းခ်က္ႏွင့္အညီ ဦး……(၅၉)ႏွစ္ကို မေကြးနယ္ေျမရဲစခန္းမွ ပအမွတ္(ပ)၆၁၅/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၆၃ျဖင့္ အမႈေရးဖြင့္ထားၿပီး ရဲအုပ္သူရေဇာ္ မွအမႈအား စစ္ေဆးေဆာင္ရြက္လွ်က္ရွိေနေၾကာင္းသိရသည္။

(unicode)
(၁၀)နှစ်သမီးကို ဖြားယောင်းသွေးဆောင်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွား
……………………………………………………………………………
မကွေး

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ(ဃ) ရပ်ကွက်တွင် (၁၀) နှစ်သမီးကို အိမ်နီချင်းနေထိုင်သူက ဖြားယောင်းသွေးဆောင်ကာ အဓမ္မပြုကျင့်မှု အောက်တိုဘာလ ၂၂ရက် ညနေ (၅)နာရီအချိန်က ဖြစ်ပွားခဲ့သည်။

အောင်မေတ္တာ(ဃ)ရပ်ကွက်နေထိုင်သူ ဒေါ်…. (၆၅)နှစ်သည် ညီမဖြစ်သူ၏ နေအိမ်သို့ ဗွီဒီယိုကြည့်ရန်သွား ရောက်ရာလမ်းတွင် အိမ်နီးချင်းဖြစ်သူဒေါ်….မ ှနောက်မှပြေးလိုက်လာပြီး “မြေးဖြစ်သူ (၁၀) နှစ်သမီးကို အိမ်နီချင်းဖြစ်သူ ဦး…..(၅၉)နှစ်မှ ၎င်း၏နေအိမ်ပေါ်တွင် သားမယားအဖြစ်ပြုကျင့်နေသည်ကို တွေ့မြင်ခဲ့ရ ကြောင်း”ပြောပြသဖြင့် ဦး….(၅၉)နှစ်၏ နေအိမ်သို့ ချက်ချင်းသွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဦး… (၅၉)နှစ်၏နေအိမ်သို့ သွားရောက်ကြည့်ရှုရာ ဦး…၏ သုံးပင်မြေစိုက်အိပ်ခန်းခြေရင်းတွင် မြေးဖြစ်သူမ…..(၁၀)နှစ်အား အဝတ်အစားဖရိုဖရဲဖြင့် တွေ့ရသဖြင့် ဖြစ်စဉ်အား မေးမြန်းခဲ့ ကြောင်းသိရသည်။

“ဦး…..(၅၉)နှစ်က လက်ဖက်ရည်ထုပ်ဝယ်ခိုင်းသဖြင့် လက်ဖက်ရည်ထုပ်ဝယ်၍ သွား ရောက်ပေးဆောင်စဉ်လက်ကိုအတင်းဆွဲခေါ်၍ သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ ကြောင်း”မ……(၁၀)နှစ်က ပြန်လည်ဖြေကြားခဲ့သဖြင့်ဒေါ်…သည် မြေးဖြစ်သူ မ…အား ခေါ်ဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှုးထံတွင် သွားရောက်အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ဒေါ်…..၏ တရားလိုပြုလုပ်တိုင်တန်းချက်နှင့်အညီ ဦး……(၅၉)နှစ်ကို မကွေးနယ်မြေရဲစခန်းမှ ပအမှတ်(ပ)၆၁၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ဖြင့် အမှုရေးဖွင့်ထားပြီး ရဲအုပ်သူရဇော် မှအမှုအား စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်းသိရသည်။


Share this post