• Follow Us on

Home (၁၁၃) ကြိမ်မြောက်၊ တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်၌ ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု ယနေ့ စတင်

(၁၁၃) ကြိမ်မြောက်၊ တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်၌ ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု ယနေ့ စတင်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၉ (People Media)

 

(၁၁၃) ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၏ မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့သည်။

 

လေးနိုင်ငံ၏ မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သော တရုတ် ဥပဒေစိုးမိုးရေးရေယာဉ် ၂ စင်း သည် ဇန်နဝါရီ ၁၈ ရက်နံနက် ၉ နာရီတွင် ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ကျင်ဟားဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

 

လေးနိုင်ငံ၏ မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှုကို ၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ စုစုပေါင်း အကွာအဝေး ၆၀၀ ကီလိုမီတာကျော် မောင်းနှင်သွားလာရမည်ဖြစ်သလို ပူးတွဲလှုပ်ရှားမှုကာလအတွင်း လေးနိုင်ငံမှ ရေယာဉ်များ နှင့် အဖွဲ့ဝင်များက မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ကာ လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြစ်ဝှမ်းတစ်လျှောက်ရှိ တရားမဝင်ရာဇ ဝတ်မှုများကို ဆက်လက်နှိမ်နင်းမည်ဖြစ်ကြောင်း သိရသည်။

 

Photo – Xinhua

 

(unicode)


……………………………………………………………….

 


 


 


 


 

Photo – Xinhua


Share this post