• Follow Us on

Home ၁၃၀၀ အေရးေတာ္ပုံတြင္ က်ဆုံးခဲ့သည့္ အာဇာနည္ ၁၇ ဦး၏ ၈၁ ႏွစ္ေျမာက္ အထိမ္းအမွတ္အခမ္းအနား က်င္းပ

၁၃၀၀ အေရးေတာ္ပုံတြင္ က်ဆုံးခဲ့သည့္ အာဇာနည္ ၁၇ ဦး၏ ၈၁ ႏွစ္ေျမာက္ အထိမ္းအမွတ္အခမ္းအနား က်င္းပ

Share this post

မႏၱေလး၊ ေဖေဖၚ၀ါရီ – ၁၅

မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တမၸဝတီရပ္သူႂကြယ္ကုန္းတြင္ရွိသည့္ အာဇာနည္ဗိမာန္တြင္ ၁၃၀၀ အေရးေတာ္ပုံ၌ က်ဆုံးခဲ့သည့္ အာဇာနည္ (၁၇) ဦး၏ (၈၁) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနားကို ယေန႔ က်င္းပျပဳလုပ္ခဲ့သည္။

အဆိုပါအခမ္းအနားတြင္ အာဇာနည္ (၁၇) ဦးအားရည္စူး၍ သံဃာေတာ္ (၁၇) ပါးကို ဆြမ္းကပ္ျခင္း၊ အေလးျပဳ ျခင္း၊ ပန္းေခြခ်ျခင္းႏွင့္ ဆရာေတာ္သံဃာေတာ္မ်ား၏ ၾသဝါဒခံယူျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

“မႏၲေလးၿမိဳ႕ရဲ႕ အာဇာနည္ေတြ လြတ္လပ္ေရးႀကိဳးပမ္းမႈမွာ ပါဝင္ခဲ့တဲ့ သူေတြကို မေမ့မေလ်ာ့ေစဖို႔အတြက္ ႏွစ္ ပတ္လည္ပြဲလုပ္တာပါ။ ဒီပြဲကို ဒီဘက္ေခတ္မွာ ၂၀၁၂ ခုႏွစ္ကေန စၿပီး လုပ္ခဲ့တာပါ။ အဲ့ဒီအရင္ကဆို ဒီေနရာ က ၿခဳံေတြနဲ႔ပိတ္ၿပီး ဒုစ႐ိုက္သမားေတြရဲ႕ ခိုေအာင္းရာေနရာျဖစ္ခဲ့တယ္။ ဒါကို အခုမွာေတာ့ ရွင္းလင္းၿပီး ႏွစ္ ပတ္လည္အခမ္းအနားကို လုပ္ခဲ့တာပါ” ဟု ပြဲက်င္းပေရးေကာ္မတီျပန္ၾကားေရးတာဝန္ခံ ဦးမင္းထက္ၿငိမ္းခ်မ္း ကေျပာသည္။

အခမ္းအနားသို႔ ႏိုင္ငံေရးပါတီအခ်ိဳ႕၊ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (ဗကသ)၊ အရပ္ ဖက္အဖြဲ႕အစည္းမ်ား၊ ႏုိင္ငံေရးအင္းအားစုမ်ား၊ ေတာင္သူလယ္သမားအေရး တက္ႂကြလႈပ္ရွားသူမ်ား တက္ ေရာက္ခဲ့ၿပီး ပန္းေခြခ်ျခင္း၊ အေလးျပဳျခင္းမ်ားျပဳလုပ္ခဲ့သည္။

ထို႔အျပင္ အာဇာနည္ (၁၇) ဦး၏ (၈၁) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔အခမ္းအနားသို႔ အာဇာနည္ (၁၇) ဦးထဲမွ အခ်ိဳ႕ေသာအာဇာနည္မ်ား၏ ေဆြမ်ိဳးမ်ား လာေရာက္ဂါရဝျပဳခဲ့ၾကၿပီး အမွတ္တရဓာတ္ပုံမ်ားလည္းျပသခဲ့သည္။

မႏၲေလးၿမိဳ႕တြင္ ၁၃၀၀ ျပည့္ႏွစ္က ကိုလိုနီအစိုးရကို ကန္႔ကြက္ဆႏၵျပမႈမ်ား ျပဳလုပ္ရာ နယ္ခ်ဲ႕စစ္သားမ်ားက ပစ္ခတ္သျဖင့္ ရဟန္းရွင္လူ (၁၇) ဦး က်ဆုံးခဲ့ကာ ႐ုပ္ကလာပ္မ်ားကို အိမ္ေတာ္ရာ၌ ျပည္သူ႔ဈာပနအျဖစ္ ထားရွိ၍ ေနမ်ိဳးမဟာသီဟသူရ ဘြဲ႕ကိုေပးအပ္ခဲ့ၾကသည္။ ထို႔ေနာက္ တမၸဝတီရပ္သူႂကြယ္ကုန္းတြင္ အာဇာ နည္ (၁၇) ဦးဗိမာန္ ေဆာက္လုပ္ခဲ့ၾကသည္။

#PeopleMedia

(Unicode)
၁၃၀၀ အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦး၏ ၈၁ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
………………………………………………………

မန္တလေး၊ ဖေဖေါ်ဝါရီ – ၁၅

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်သူကြွယ်ကုန်းတွင်ရှိသည့် အာဇာနည်ဗိမာန်တွင် ၁၃၀၀ အရေးတော်ပုံ၌ ကျဆုံးခဲ့သည့် အာဇာနည် (၁၇) ဦး၏ (၈၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အာဇာနည် (၁၇) ဦးအားရည်စူး၍ သံဃာတော် (၁၇) ပါးကို ဆွမ်းကပ်ခြင်း၊ အလေးပြု ခြင်း၊ ပန်းခွေချခြင်းနှင့် ဆရာတော်သံဃာတော်များ၏ ဩဝါဒခံယူခြင်းများ ပြုလုပ်ခဲ့ကြသည်။

“မန္တလေးမြို့ရဲ့ အာဇာနည်တွေ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို မမေ့မလျော့စေဖို့အတွက် နှစ် ပတ်လည်ပွဲလုပ်တာပါ။ ဒီပွဲကို ဒီဘက်ခေတ်မှာ ၂၀၁၂ ခုနှစ်ကနေ စပြီး လုပ်ခဲ့တာပါ။ အဲ့ဒီအရင်ကဆို ဒီနေရာ က ခြုံတွေနဲ့ပိတ်ပြီး ဒုစရိုက်သမားတွေရဲ့ ခိုအောင်းရာနေရာဖြစ်ခဲ့တယ်။ ဒါကို အခုမှာတော့ ရှင်းလင်းပြီး နှစ် ပတ်လည်အခမ်းအနားကို လုပ်ခဲ့တာပါ” ဟု ပွဲကျင်းပရေးကော်မတီပြန်ကြားရေးတာဝန်ခံ ဦးမင်းထက်ငြိမ်းချမ်း ကပြောသည်။

အခမ်းအနားသို့ နိုင်ငံရေးပါတီအချို့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ အရပ် ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်းအားစုများ၊ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူများ တက် ရောက်ခဲ့ပြီး ပန်းခွေချခြင်း၊ အလေးပြုခြင်းများပြုလုပ်ခဲ့သည်။

ထို့အပြင် အာဇာနည် (၁၇) ဦး၏ (၈၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ အာဇာနည် (၁၇) ဦးထဲမှ အချို့သောအာဇာနည်များ၏ ဆွေမျိုးများ လာရောက်ဂါရဝပြုခဲ့ကြပြီး အမှတ်တရဓာတ်ပုံများလည်းပြသခဲ့သည်။

မန္တလေးမြို့တွင် ၁၃၀၀ ပြည့်နှစ်က ကိုလိုနီအစိုးရကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ရာ နယ်ချဲ့စစ်သားများက ပစ်ခတ်သဖြင့် ရဟန်းရှင်လူ (၁၇) ဦး ကျဆုံးခဲ့ကာ ရုပ်ကလာပ်များကို အိမ်တော်ရာ၌ ပြည်သူ့ဈာပနအဖြစ် ထားရှိ၍ နေမျိုးမဟာသီဟသူရ ဘွဲ့ကိုပေးအပ်ခဲ့ကြသည်။ ထို့နောက် တမ္ပဝတီရပ်သူကြွယ်ကုန်းတွင် အာဇာ နည် (၁၇) ဦးဗိမာန် ဆောက်လုပ်ခဲ့ကြသည်။

#PeopleMedia


Share this post