• Follow Us on

Home (၁၄) နှစ်အရွယ် သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် ငွေရယူခဲ့သည့် မိခင်ဖြစ်သူ၊ ပေါင်းသင်းနေ ထိုင်ခဲ့သည့် တရုတ်နိုင်ငံသားတို့ကို ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်

(၁၄) နှစ်အရွယ် သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် ငွေရယူခဲ့သည့် မိခင်ဖြစ်သူ၊ ပေါင်းသင်းနေ ထိုင်ခဲ့သည့် တရုတ်နိုင်ငံသားတို့ကို ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၀ (People Media)

 

အသက် (၁၄) နှစ်အရွယ်ရှိ သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် အခကြေးငွေရယူခဲ့သည့် မိခင်ဖြစ်သူနှင့် မိန်းကလေးငယ်ကို  အတင်းအဓမ္မ ပေါင်းသင်းနေထိုင်ခဲ့သည့် တရုတ်နိုင်ငံသားတို့အား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဆင်ခြံကျေးရွာနေ ဒေါ်ပြုံးက သမီးဖြစ်သူ မ….. ၁၄ နှစ်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နေ လောပန်း(ခ)အားတေ့နှင့် သားမယားအဖြစ် ပေါင်းသင်းရန် အခကြေးငွေ များရယူခဲ့ပြီး တရုတ်နိုင်ငံသား လောပန်း(ခ)အားတေ့က သားမယားအဖြစ် အတင်းအဓမ္မ ပေါင်းသင်းနေ ထိုင်ခဲ့သဖြင့် မြစ်သားမြို့မ ရဲစခန်း(ပ) ၂၆၈/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် ကျောက်ဆည်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တရားရုံးသို့ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်တွင် တရားခံ ဒေါ်ပြုံးနှင့် လောပန်း(ခ)အားတေ့တို့ကို လူ ကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်စီ ကျခံစေရန် အမိန့်ချ မှတ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

 

#PeopleMedia #လူကုန်တားမြန်မာနိုင်ငံရဲတပ်ဖွဲ့

 

(unicode)


………………………………………………………………

 


 


 


 


 



Share this post