• Follow Us on

Home ၁၅၅ မမ ARCHER ယာဉ်တင်အမြောက်ကို BAE Systems ကုမ္ပဏီက အောင်မြင်စွာစမ်းသပ်ပစ်ခတ်

၁၅၅ မမ ARCHER ယာဉ်တင်အမြောက်ကို BAE Systems ကုမ္ပဏီက အောင်မြင်စွာစမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၂ (People Media)

 

BAE Systems ကုမ္ပဏီသည် ၁၅၅ မမ ARCHER ယာဉ်တင်အမြောက်ကို အမေရိကန် ယာဉ်တင်အမြောက်ပစ် ပြိုင်ပွဲကျင်းပနေစဉ်အတွင်း အောင်မြင်စွာစမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

 

အရီဇိုးနားပြည်နယ်၊ ယူမာမြို့ရှိ အမေရိကန်ကြည်းတပ်၏ Yuma Proving Ground တွင်ကျင်းပသော စမ်းသပ် ပစ်ခတ်မှုများပြုလုပ်နေစဉ်အတွင်း ၁၅၅ မမ ARCHER ယာဉ်တင်အမြောက်သည် တစ်မိနစ်လျှင် အမြောက် ကျည် ရှစ်တောင့်နှုန်းဖြင့် အမြောက်ကျည် ၄၅၀ ခန့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

 

အမြောက်ပစ်ပြိုင်ပွဲတွင် ကြည်းတပ်အမြောက်စွမ်းရည်များ၊ စစ်သည်သင်တန်းများ၊ စမ်းသပ်ပစ်ခတ်မှုများ၊ ရွှေ့ ပြောင်းနိုင်မှုများ၊ ကြည်းတပ်၏ရှာဖွေဖော်ထုတ်ထားသောလိုအပ်ချက်များ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ပေါင်း စပ်ထားသောဒစ်ဂျစ်တယ်ပစ်ခတ်မှုထိန်းချုပ်ရေးလေ့လာခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုဆန်းစစ်လေ့လာအကဲဖြတ် ခြင်းများပါဝင်သည်။

 

ယင်းလက်နက်စနစ်မှာ အမိန့်ရလျှင်ရချင်း စက္ကန့် ၃၀ အတွင်း ပစ်ခတ်နိုင်သလို အမိန့်ရလျှင်ရချင်း စက္ကန့် ၃၀ အတွင်းချက်ချင်းထွက်ခွာသွားနိုင်သည့်အတွက် ရန်သူ၏ တန်ပြန်ပစ်ခတ်နိုင်သည့်အခွင့်အလမ်းကို လျှော့ချနိုင် သဖြင့် ပို၍ဘေးကင်းလုံခြုံစွာပစ်ခတ်နိုင်ကြောင်းသိရသည်။

 

၁၅၅ မမ ARCHER ယာဉ်တင်အမြောက်သည် အဆင့်မြင့်နည်းပညာများနှင့်အတူ ဆွီဒင်ကြည်းတပ်တွင် တာ ဝန်ထမ်းဆောင်နေပြီဖြစ်သည်။

 

၁၅၅ မမ ARCHER ယာဉ်တင်အမြောက်သည် အရီဇိုးနားပြည်နယ်ရှိ အပူချိန် ၁၂၀ ဒီဂရီ (၅၀ ဒီဂရီစန်းစီးယပ်စ်) တွင် ထိရောက်စွာပစ်ခတ်နိုင်သလို ဆွီဒင်နိုင်ငံမြောက်ပိုင်းရှိ အာတိတ်ရာသီဥတုတွင်လည်း ထိရောက်စွာ ပစ် ခတ်နိုင်သည်ဟု ဆိုသည်။

 

ယာဉ်တင်အမြောက်သည် အလိုအလျောက်ကျည်ထိုးပစ်ခတ်နိုင်သလို စစ်သည်များက မောင်းနှင်လည်ပတ်ပြီး ပစ်ခတ်နိုင်ကြောင်းလည်းသိရသည်။

 

အမြောက်ကျည်အိမ်မှာ အမြောက်ကျည် ၂၁ တောင့်ဆံ့ပြီး သုံးမိနစ်အတွင်း အမြောက်ကျည်အားလုံးပစ်ခတ် နိုင်သည်ဟုဆိုသည်။

 

၁၅၅ မမ ARCHER ယာဉ်တင်အမြောက်သည် သံချပ်ကာဖောက်အမြောက်ကျည်ကို ၃၅ ကီလိုမီတာအထိ လည်းကောင်း၊ သမရိုးကျအမြောက်ကျည်ကို ကီလိုမီတာ ၄၀ အထိလည်းကောင်း၊ Excalibur  ကဲ့သို့ ပဲ့ထိန်း အမြောက်ကျည်ကို ကီလိုမီတာ ၅၀ ကျော်အထိလည်းကောင်း ပစ်ခတ်နိုင်ကြောင်း သိရသည်။

 

Ref: BAE Systems’ 155mm ARCHER Wheeled Howitzer Clears U.S. Army’s Shoot-Off Evaluation

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: BAE Systems’ 155mm ARCHER Wheeled Howitzer Clears U.S. Army’s Shoot-Off Evaluation

 

#PeopleMedia


Share this post