• Follow Us on

Home (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးများ ကျင်းပ

(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးများ ကျင်းပ

Share this post

 

နေပြည်တော်၊ မတ် ၁၆

 

(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးဥက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့် တပ်မတော် သုတေသနနှင့် ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Lieutenant General Hun Manith က အဖွင့် မိန့်ခွန်းပြောကြားသည်။ ထို့နောက် ဟန်ချက်ညီ လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှုဟူသည့် ခေါင်း စဉ်အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံထောက်လှမ်း ရေးအရာရှိငယ်များ အပြန်အလှန်ခရီးစဉ်ဖလှယ်ရေးဆိုင်ရာကိစ္စများ၊ အာဆီယံစစ်ဘက်ဆိုင်ရာ ထောက်လှမ်း ရေးအသိုက်အဝန်း တည်ထောင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ပူးတွဲထုတ်ပြန်ကြေညာ ချက်နှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ယင်းနောက် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးဥက္ကဋ္ဌက အပိတ်မိန့်ခွန်းပြောကြားပြီး (၂၀)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်း အဝေးအား အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

(၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးဥက္ကဋ္ဌ ကမ္ဘောဒီးယားဘုရင့် တပ်မတော်မှ Major General Pen Sokrethvithyeaက အဖွင့်မိန့် ခွန်းပြောကြားသည်။ ထို့နောက် ယခုနှစ်အစည်းအဝေး၏ ဟန်ချက်ညီသော လုံခြုံရေးအတွက် စည်းလုံးညီညွတ်မှုအမြင်ခြင်းဖလှယ် ခေါင်း စဉ်အပေါ် အမြင်များအား နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြသည်။ ဆက်လက်၍ အာဆီယံတပ်မ တော်များ၏ ၂ နှစ်တာလုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၄) အား ဆွေးနွေးအတည်ပြုခြင်း အပါအဝင် အခြားကိစ္စ ရပ်များအား ဆွေးနွေးကြကြောင်း သိရသည်။

 

ယင်းနောက် (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးဥက္ကဋ္ဌက အပိတ် မိန့်ခွန်းပြောကြားပြီး (၁၃) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးအား အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံ သို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးများကို  မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့မှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia

 

(unicode)


…………………………………………..

 


 


 


 


 


 


 


 

#PeopleMedia


Share this post