• Follow Us on

Home ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒေအာက္မွျပဳလုပ္သည့္ေရြးေကာက္ပြဲျဖစ္၍ မဲမေပးေရးလူပ္ရွားမႈ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ဗကသမ်ားအဖြဲ႕ခ်ဳပ္ေျပာဆို

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒေအာက္မွျပဳလုပ္သည့္ေရြးေကာက္ပြဲျဖစ္၍ မဲမေပးေရးလူပ္ရွားမႈ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ဗကသမ်ားအဖြဲ႕ခ်ဳပ္ေျပာဆို

Share this post

ရန္ကုန္၊ ျသဂုတ္ – ၁၀

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒေအာက္မွ ျပဳလုပ္သည့္ေရြးေကာက္ပြဲျဖစ္၍ မဲမေပးေရးလူပ္ရွားမႈျပဳလု ပ္ရျခင္းျဖစ္ေၾကာင္း ဗကသမ်ားအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴးကိုထူးခန္႔ေသာ္ကေျပာသည္။

ဗကသမ်ားအဖြဲ႕ခ်ဳပ္အေနျဖင့္ လည္း၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒမရွိေတာ့သည့္အခ်ိန္မွသာ မဲေပးမည္ျဖစ္ၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒရွိေနသ၍မဲေပးမွာမဟုတ္ေၾကာင္း ၎ကဆိုသည္။

“ဗကသမ်ားအဖြဲ႕ခ်ဳပ္အေနနဲ႔၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ ဥပေဒတစ္စုံလုံးအေနျဖင့္ကို မရွိသင့္တဲ့ဟာျဖစ္တယ္။ျပည္သူလူထုရဲ႕ဆႏၵနဲ႔ျပန္ၿပီးေရးဆြဲရမွာျဖစ္တဲ့အတြက္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ကိုဖ်က္သိမ္းေရးအထိ ရည္ရြယ္တာပါ။”ဟု ကိုထူးခန္႔ေသာ္ကေျပာသည္။

လက္ရွိအခ်ိန္တြင္ ဗကသမ်ားအဖြဲ႕ခ်ဳပ္အေနျဖင့္ No Vote လႈပ္ရွားမႈအျဖစ္T-Shirtမ်ား တံဆိပ္ ႐ိုက္ရန္ ျပင္ဆင္လ်က္ရွိသည္။အဆိုပါ T-Shirt မ်ားကို ေရာင္းခ်ျခင္း မျပဳဘဲ အခမဲ့ ျဖန္႔ေဝသြားရန္ စီစဉ္လ်က္ရွိသည္။

#PeopleMedia #N0Vote #ဗကသ

(unicode)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်၍ မဲမပေးရေးလူပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်ပြောဆို
…………………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၀

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်၍ မဲမပေးရေးလူပ်ရှားမှုပြုလု ပ်ရခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးကိုထူးခန့်သော်ကပြောသည်။

ဗကသများအဖွဲ့ချုပ်အနေဖြင့် လည်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့သည့်အချိန်မှသာ မဲပေးမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသ၍မဲပေးမှာမဟုတ်ကြောင်း ၎င်းကဆိုသည်။

“ဗကသများအဖွဲ့ချုပ်အနေနဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေတစ်စုံလုံးအနေဖြင့်ကို မရှိသင့်တဲ့ဟာဖြစ်တယ်။ပြည်သူလူထုရဲ့ဆန္ဒနဲ့ပြန်ပြီးရေးဆွဲရမှာဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုဖျက်သိမ်းရေးအထိ ရည်ရွယ်တာပါ။”ဟု ကိုထူးခန့်သော်ကပြောသည်။

လက်ရှိအချိန်တွင် ဗကသများအဖွဲ့ချုပ်အနေဖြင့် No Vote လှုပ်ရှားမှုအဖြစ်T-Shirtများ တံဆိပ် ရိုက်ရန် ပြင်ဆင်လျက်ရှိသည်။အဆိုပါ T-Shirt များကို ရောင်းချခြင်း မပြုဘဲ အခမဲ့ ဖြန့်ဝေသွားရန် စီစဉ်လျက်ရှိသည်။

#PeopleMedia #N0Vote #ဗကသ


Share this post