• Follow Us on

Home “၂၀၁၅ တုန္းက NLD အနိုင္ရတဲ့ေနရာမွာလည္း ကြၽန္ေတာ္တို႔ ပါတီက ျပတ္ျပတ္သားသား အနိုင္ရမယ္လို႔ ယုံၾကည္တယ္၊ လက္ရွိ ရခိုင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ မဲဆႏၵနယ္ေနရာကိုလည္းအနိုင္ရမယ္လို႔ ယုံၾကည္တယ္” ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ဦးသာထြန္းလွ

“၂၀၁၅ တုန္းက NLD အနိုင္ရတဲ့ေနရာမွာလည္း ကြၽန္ေတာ္တို႔ ပါတီက ျပတ္ျပတ္သားသား အနိုင္ရမယ္လို႔ ယုံၾကည္တယ္၊ လက္ရွိ ရခိုင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ မဲဆႏၵနယ္ေနရာကိုလည္းအနိုင္ရမယ္လို႔ ယုံၾကည္တယ္” ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ဦးသာထြန္းလွ

Share this post

NLD ပါတီသည္ ၂၀၁၅ ေရြးေကာက္ပြဲ၌ ရွမ္းျပည္နယ္၊ ရခုိင္ျပည္နယ္မွလြဲ၍ က်န္ျပည္နယ္မ်ား၌ ေသာင္ၿပိဳကမ္းၿပိဳ အႏုိင္ရ ရွိခဲ့သည္။ ထုိ႔ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲ၌ ရခုိင္ျပည္နယ္ ဆႏၵနယ္ေျမမ်ားတြင္ NLD ပါတီ၏ ေအာင္ႏုိင္မႈျဖစ္ႏုိင္ေခ်မ်ားႏွင့္ ပတ္သက္၍ People Media က ရခုိင္ျပည္နယ္အေျခစုိက္ အင္အားႀကီးပါတီျဖစ္သည့္ ရခုိင္အမ်ဳိးသားပါတီဥကၠ႒ ဦးသာထြန္းလွ ၏ သေဘာထားကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။
 
“ရခိုင္ျပည္နယ္မွာ ၉ ၿမိဳ႕နယ္က ေ႐ြးေကာက္ပြဲမလုပ္ေတာ့ဘူးဆိုၿပီး ပယ္ဖ်က္ခံလိုက္ရတယ္၊ ေနာက္ ၈ ၿမိဳ႕နယ္မွာ ျပည္နယ္လႊတ္ေတာ္ ႏွစ္ေနရာက ပါမလာေတာ့ဘူး၊ အဲ့ေတာ့ က်န္တဲ့ ၈ ၿမိဳ႕နယ္မွာလည္း တစ္၀က္ပဲ လုပ္နိုင္တဲ့ အေနအထားရွိတယ္၊ အဲ့ဒီ ၈ ၿမိဳ႕နယ္ ေနရာအကုန္လုံးကို နိုင္မယ္လို႔ ယုံၾကည္ထားတယ္၊ NLD အင္အားႀကီးလာစရာမရွိဘူး၊ ျမန္မာနိုင္ငံမွာ တိုင္းရင္းသားဆိုတဲ့ ျပည္သူေတြက နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အားလုံးက နိမ့္က်ေနတဲ့အေနအထားမွာ ရွိတယ္၊ အဲ့လို အေျခအေနမ်ိဳးကေန လူေနမူအဆင့္အတန္းျမင့္မားလာဖို႔အတြက္က ျမန္မာနိုင္ငံမွာ ပါတီတစ္ခုထဲက ႀကီးဆိုးတဲ့ ပုံစံမ်ိဳးက နိုင္ငံကို တည္ေဆာက္လို႔ မရေတာ့ဘူး၊ အဲ့ဒါကို ကြၽန္ေတာ္တို႔ ျပည္သူေတြ နားလည္လာၿပီလို႔ ယုံၾကည္တယ္၊ နိုင္ငံေရး အေျပာင္းအလဲျဖစ္ဖို႔အတြက္ တိုင္းရင္းသားေဒသေတြမွာ တိုင္းရင္းသားလူမ်ိဳးေတြကို ကိုယ္စားျပဳတဲ့ပါတီေတြ အနိုင္ရဖို႔ အေရးႀကီးလာတဲ့ နိုင္ငံေရးအခင္းအက်င္းတစ္ခုကို ေရာက္လာၿပီလို႔ ယုံၾကည္တယ္၊ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔ပါတီက ၂၀၁၅ တုန္းက NLD အနိုင္ရတဲ့ေနရာမွာလည္း ကြၽန္ေတာ္တို႔ပါတီက ျပတ္ျပတ္သားသား အနိုင္ရမယ္လို႔ ယုံၾကည္တယ္၊ လက္ရွိ ရခိုင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ မဲဆႏၵနယ္ေနရာကိုလည္း အနိုင္ရမယ္လို႔ ယုံၾကည္တယ္၊ ျပည္သူေတြရဲ႕ဒုကၡကို လက္ရွိ အစိုးရ အေနနဲ႔ ဘယ္လိုမွ ေျဖရွင္းေဆာင္႐ြက္ေပးနိုင္တဲ့အေျခအေနမရွိတာကို ျပည္သူေတြ အကုန္လုံး နားလည္သြားၿပီလို႔ ယူဆတယ္၊ လက္ရွိျပည္နယ္အစိုးရက ဗဟိုအစိုးရခိုင္းတာေလာက္ပဲလုပ္တဲ့ အစိုးရ ျဖစ္ေနတယ္၊ ဗဟိုအစိုးရခ်ဳပ္ကိုင္မႈကို ေလ်ာ့ခ်ရမယ့္ အစား ပိုၿပီး ခ်ဳပ္ကိုင္လာတယ္လို႔ သုံးသပ္တယ္၊ ရခိုင္ျပည္နယ္မွာ COVID-19 ေၾကာင့္ လွဴဒါန္းမႈေတြ လုပ္တာကိုေတာင္မွ ျပည္နယ္၀န္ႀကီးခ်ဳပ္က နိုင္ငံေတာ္အတိုင္ပင္ခံကို အြန္လိုင္းေဆြးေႏြးပြဲမွာ ဒီေငြကို သုံးခြင့္ျပဳပါလို႔ ခြင့္ျပဳခ်က္ေတာင္းရတဲ့ အေျခအေနမ်ိဳးေတြ ေတြ႕ေနရတယ္၊ ျပည္သူေတြ လွဴဒါန္းတဲ့ေငြေတာင္မွ ျပည္နယ္အစိုးရ စီမံခန႔္ခြဲခြင့္မရွိတဲ့ အစိုးရဆိုတာကို ျပည္သူေတြအကုန္လုံး နားလည္သေဘာေပါက္သြားၿပီလို႔ ယုံၾကည္တယ္၊ အဲ့ဒါေၾကာင့္ NLD ပါတီ လက္ရွိ အနိုင္ရထားတဲ့ မဲဆႏၵနယ္ေတြမွာ ကြၽန္ေတာ္တို႔ ရခိုင္အမ်ိဳးသားပါတီက ျပတ္ျပတ္သားသား အနိုင္ရမယ္လို႔ ယုံၾကည္တယ္” ရခိုင္အမ်ိဳးသားပါတီ ဥကၠ႒ ဦးသာထြန္းလွ
 
#PeopleMedia #ရခုိင္အမ်ဳိးသားပါတီ #2020election #Political
 
(unicode)
“၂၀၁၅ တုန်းက NLD အနိုင်ရတဲ့နေရာမှာလည်း ကျွန်တော်တို့ ပါတီက ပြတ်ပြတ်သားသား အနိုင်ရမယ်လို့ ယုံကြည်တယ်၊ လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် မဲဆန္ဒနယ်နေရာကိုလည်းအနိုင်ရမယ်လို့ ယုံကြည်တယ်” ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ
 
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်များ၌ သောင်ပြိုကမ်းပြို အနိုင်ရ ရှိခဲ့သည်။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် ဆန္ဒနယ်မြေများတွင် NLD ပါတီ၏ အောင်နိုင်မှုဖြစ်နိုင်ချေများနှင့် ပတ်သက်၍ People Media က ရခိုင်ပြည်နယ်အခြေစိုက် အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ ၏ သဘောထားကို ဆက်သွယ်မေးမြန်းခဲ့သည်။
 
“ရခိုင်ပြည်နယ်မှာ ၉ မြို့နယ်က ရွေးကောက်ပွဲမလုပ်တော့ဘူးဆိုပြီး ပယ်ဖျက်ခံလိုက်ရတယ်၊ နောက် ၈ မြို့နယ်မှာ ပြည်နယ်လွှတ်တော် နှစ်နေရာက ပါမလာတော့ဘူး၊ အဲ့တော့ ကျန်တဲ့ ၈ မြို့နယ်မှာလည်း တစ်ဝက်ပဲ လုပ်နိုင်တဲ့ အနေအထားရှိတယ်၊ အဲ့ဒီ ၈ မြို့နယ် နေရာအကုန်လုံးကို နိုင်မယ်လို့ ယုံကြည်ထားတယ်၊ NLD အင်အားကြီးလာစရာမရှိဘူး၊ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဆိုတဲ့ ပြည်သူတွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးက နိမ့်ကျနေတဲ့အနေအထားမှာ ရှိတယ်၊ အဲ့လို အခြေအနေမျိုးကနေ လူနေမူအဆင့်အတန်းမြင့်မားလာဖို့အတွက်က မြန်မာနိုင်ငံမှာ ပါတီတစ်ခုထဲက ကြီးဆိုးတဲ့ ပုံစံမျိုးက နိုင်ငံကို တည်ဆောက်လို့ မရတော့ဘူး၊ အဲ့ဒါကို ကျွန်တော်တို့ ပြည်သူတွေ နားလည်လာပြီလို့ ယုံကြည်တယ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့အတွက် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားလူမျိုးတွေကို ကိုယ်စားပြုတဲ့ပါတီတွေ အနိုင်ရဖို့ အရေးကြီးလာတဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို ရောက်လာပြီလို့ ယုံကြည်တယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့ပါတီက ၂၀၁၅ တုန်းက NLD အနိုင်ရတဲ့နေရာမှာလည်း ကျွန်တော်တို့ပါတီက ပြတ်ပြတ်သားသား အနိုင်ရမယ်လို့ ယုံကြည်တယ်၊ လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် မဲဆန္ဒနယ်နေရာကိုလည်း အနိုင်ရမယ်လို့ ယုံကြည်တယ်၊ ပြည်သူတွေရဲ့ဒုက္ခကို လက်ရှိ အစိုးရ အနေနဲ့ ဘယ်လိုမှ ဖြေရှင်းဆောင်ရွက်ပေးနိုင်တဲ့အခြေအနေမရှိတာကို ပြည်သူတွေ အကုန်လုံး နားလည်သွားပြီလို့ ယူဆတယ်၊ လက်ရှိပြည်နယ်အစိုးရက ဗဟိုအစိုးရခိုင်းတာလောက်ပဲလုပ်တဲ့ အစိုးရ ဖြစ်နေတယ်၊ ဗဟိုအစိုးရချုပ်ကိုင်မှုကို လျော့ချရမယ့် အစား ပိုပြီး ချုပ်ကိုင်လာတယ်လို့ သုံးသပ်တယ်၊ ရခိုင်ပြည်နယ်မှာ COVID-19 ကြောင့် လှူဒါန်းမှုတွေ လုပ်တာကိုတောင်မှ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အတိုင်ပင်ခံကို အွန်လိုင်းဆွေးနွေးပွဲမှာ ဒီငွေကို သုံးခွင့်ပြုပါလို့ ခွင့်ပြုချက်တောင်းရတဲ့ အခြေအနေမျိုးတွေ တွေ့နေရတယ်၊ ပြည်သူတွေ လှူဒါန်းတဲ့ငွေတောင်မှ ပြည်နယ်အစိုးရ စီမံခန့်ခွဲခွင့်မရှိတဲ့ အစိုးရဆိုတာကို ပြည်သူတွေအကုန်လုံး နားလည်သဘောပေါက်သွားပြီလို့ ယုံကြည်တယ်၊ အဲ့ဒါကြောင့် NLD ပါတီ လက်ရှိ အနိုင်ရထားတဲ့ မဲဆန္ဒနယ်တွေမှာ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက ပြတ်ပြတ်သားသား အနိုင်ရမယ်လို့ ယုံကြည်တယ်” ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ
 
#PeopleMedia #ရခိုင်အမျိုးသားပါတီ #2020election #Political

Share this post