• Follow Us on

Home ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းအဟောင်းများ မီးရှို့ဖျက်ဆီး

၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းအဟောင်းများ မီးရှို့ဖျက်ဆီး

Share this post

မိုးကောင်း၊ ဇန်နဝါရီ – ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ၊ ဆန္ဒမဲ လက်မှတ်များနှင့် အသုံးပြုမရတော့သော မဲရုံသုံးပစ္စည်းအဟောင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးလိုက်သည်။
 
မိုးကောင်းမြို့ ဈေးကုန်းရပ်ရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး နောက်ဘက်မြေကွက်လပ်တွင် ဇန်နဝါရီ (၈) ရက် နံနက်(၉)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ၊ ဆန္ဒမဲလက်မှတ်များနှင့် အသုံးပြုမရတော့သော မဲရုံသုံး ပစ္စည်းအဟောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
 
“၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း အသုံးပြုခဲ့တဲ့ မဲလက်မှတ်အဟောင်းနဲ့ မဲစာရင်းတွေကို သတ်မှတ်ထားတဲ့ လွှတ်တော်နည်းဥပဒေ ၈၆(ခ)အရ ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်ပြီဖြစ်လို့ မီးရှို့ဖျက်ဆီးရတာပါ။ ဒါကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ် ဆောင်တာဖြစ်ပါတယ်” လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်ခင်ဌေးက ဆိုသည်။
 
မီးရှို့ဖျက်ဆီးမှုကို တစ်နိုင်ငံလုံးတွင် မြို့နယ်အလိုက်ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ၊ ကြားဖြတ် ရွေးကောက်ပွဲနှင့်ဆိုင်သော စာရွက်စာတမ်းများ၊ ဆန္ဒမဲလက်မှတ်များနှင့် အသုံးပြုမရတော့သော မဲရုံသုံးပစ္စည်း အဟောင်းများအကုန် မီးရှို့ဖျက်ဆီးမည်ဖြစ်သည်။
 
မိုးကောင်းမြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရှစ်သောင်းကျော်ရှိပြီး လာရောက်ဆန္ဒမဲ ပေးသူ ၆၀ ရာခိုင်နှုန်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။
 
#PeopleMedia #မိုးကောင်းမြို့
 
(unicode)
………………………………………
 
 
 
 
 
 
 

Share this post