• Follow Us on
Latest News

Home ၂၀၁၅ ေရြးေကာက္ပြဲ၌ NLD ကုိ ေထာက္ခံခဲ့သည့္ တုိင္းရင္းသားလက္နက္ကုိင္မ်ားသည္ ၂၀၂၀ ၌ တိုင္းရင္းသားပါတီမ်ားေထာက္ခံသည့္ဘက္ကို လမ္းေၾကာင္းေ႐ႊ႕လာေၾကာင္း ေဒါက္တာမင္းေဇာ္ဦး ေျပာဆုိ

၂၀၁၅ ေရြးေကာက္ပြဲ၌ NLD ကုိ ေထာက္ခံခဲ့သည့္ တုိင္းရင္းသားလက္နက္ကုိင္မ်ားသည္ ၂၀၂၀ ၌ တိုင္းရင္းသားပါတီမ်ားေထာက္ခံသည့္ဘက္ကို လမ္းေၾကာင္းေ႐ႊ႕လာေၾကာင္း ေဒါက္တာမင္းေဇာ္ဦး ေျပာဆုိ

Share this post

ရန္ကုန္၊ ဇူလုိင္ – ၇

၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ NLD ပါတီကို ေထာက္ခံခဲ့ေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ တိုင္းရင္းသားပါတီမ်ားေထာက္ခံသည့္ဘက္ကို လမ္းေၾကာင္းေ႐ႊ႕လာေၾကာင္း ၿငိမ္းခ်မ္းေရး ႏွင့္ လုံၿခဳံေရးဆိုင္ရာ ျမန္မာအင္စတီက်ဴမွ အမႈေဆာင္ဒါ႐ုိက္တာ ေဒါက္တာမင္းေဇာ္ဦးကေျပာသည္။

ရန္ကုန္ၿမိဳ႕ နိုဗိုတယ္ဟိုတယ္တြင္ ဇူလိုင္ ၇ ရက္က်င္းပသည့္ ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးသုံးသပ္ခ်က္ ၂၀၂၀ အစီရင္ခံစာအုပ္ မိတ္ဆက္ပြဲတြင္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ သတင္းဌာနတစ္ခုေမးျမန္းမႈအေပၚ ၿငိမ္းခ်မ္း ေရးႏွင့္လုံၿခဳံေရးဆိုင္ရာ ျမန္မာအင္စတီက်ဴမွ အမႈေဆာင္ဒါရိုက္တာ ေဒါက္တာမင္းေဇာ္ဦးက အထက္ပါအတုိင္း ေျပာဆုိခဲ့ျခင္းျဖစ္သည္။

“အခုကြၽန္ေတာ္တို႔ေတြ႕ရသေလာက္ကေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ႕သေဘာထားက ၂၀၁၅ နဲ႔ ၂၀၂၀ မွာေတာ့ မတူေတာ့ဘူးေပါ့။ အဲဒီေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြအေနနဲ႔ သူ႔ရဲ႕လူထုအေပၚမွာ ၾသဇာဘယ္ေလာက္သက္ေရာက္မယ္ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာေပါ့။ ဒါေပမဲ့ သူ႔လူထုက သူတို႔ေျပာတဲ့ အတိုင္း တိုင္းရင္းသားပါတီေတြကို မဲထည့္မယ္ဆိုရင္ေကာ မဲရဲ႕လားရာကႀကီးႀကီးမားမားေျပာင္းနိုင္လား။ မေျပာင္းနိုင္လား ကြၽန္ေတာ္တို႔မသိဘူး။ သို႔ေသာ္ NLD တခ်ိဳ႕ရတဲ့ေနရာေတြမွာေတာ့ တိုင္းရင္းသားပါတီရတာ ေတြျဖစ္လာနိုင္တယ္။ ဒါေပမဲ့ NLD အစိုးရဖြဲ႕နိုင္ေလာက္ေအာင္ရမလား။ မရမလားဆိုတာကေတာ့ အေၾကာင္း အရာေတြကအမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ သတိထားမိတာကေတာ့ အရင္တိုင္းရင္းသားလက္နက္ ကိုင္ေတြက NLD ကို ၂၀၁၅ မွာ ေတာ္ေတာ္မ်ားမ်ားေထာက္ခံခဲ့ေပမဲ့ အခုတစ္ေခါက္မွာေတာ့ သူတို႔က သူတို႔ တိုင္းရင္းသားပါတီေတြေထာက္ခံတဲ့ဘက္ကို လမ္းေၾကာင္းေ႐ႊ႕ေနတဲ့ဘက္ကို သြားေတြ႕ရပါတယ္” ဟု ၎က ေျပာသည္။

၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနျဖင့္ တစ္နိုင္ငံလုံး ေထာက္ခံဆႏၵမဲထက္၀က္ေက်ာ္ျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအမ်ားစုအနိုင္ရရွိကာ အစိုးရတစ္ရပ္ ဖြဲ႕စည္းနိုင္ခဲ့သည္။

“၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကခ်င္အမ်ိဳးသားေတြက ကခ်င္နိုင္ငံေရးပါတီကိုမဲေပး၊ ရွမ္းအမ်ိဳးသားေတြက ရွမ္း နိုင္ငံေရးပါတီကိုမဲေပး၊ ကရင္အမ်ိဳးသားေတြက ကရင္နိုင္ငံေရးပါတီကိုမဲေပး၊ က်န္တဲ့တိုင္းရင္းသားေတြလည္း ကိုယ့္တိုင္းရင္းသားနိုင္ငံေရးပါတီကိုမဲေပးပါလို႔ ကြၽန္ေတာ္က အဓိက ကြၽန္ေတာ္စည္း႐ုံးလႈံ႕ေဆာ္ခဲ့တယ္။ dvb ဒီဘိတ္မွာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ၂၀၁၅ မွာ ကြၽန္ေတာ္တို႔တိုင္းရင္းသားေတြကတစ္ျခား ျမန္မာအမ်ိဳးသား ေတြလိုပဲ ဒီတိုင္းျပည္မွာေနတဲ့အခါၾကေတာ့ သမိုင္းတစ္ေလွ်ာက္လုံးဖိႏွိပ္ခံခဲ့ရေတာ့ ကြၽန္ေတာ္တို႔က အားကိုး ရွာခဲ့ၾကတာေပါ့။ အားကိုးရွာခဲ့တဲ့အခါၾကေတာ့ ၂၀၁၅ မွာ ကြၽန္ေတာ္တို႔ အားကိုးတႀကီးနဲ႔ ကြၽန္ေတာ္တို႔ေပးခဲ့ တာေပါ့။ အားကိုးတႀကီးနဲ႔ ကြၽန္ေတာ္တို႔ ကရင္အပါအ၀င္က်န္တဲ့ တိုင္းရင္းသားေတြလည္း ဘာမွျဖစ္မလာဘူး ေလ။ ဘာမွျဖစ္မလာတဲ့အခါၾကေတာ့ တိုင္းရင္းသားေတြက ဘယ္သူမွအားကိုးလို႔မရဘူး။ တိုင္းရင္းသားေတြက တိုင္းရင္းသားေတြပဲ အားကိုးရမယ္။ တိုင္းရင္းသားေတြအရွင္သခင္ကတိုင္းရင္းသားေတြပဲ။ တိုင္းရင္းသားေတြ ကို ကယ္တင္မွာ တိုင္းရင္းသားေတြပဲျဖစ္တယ္’’ ဟု ၂၀၂၀ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ကရင္အမ်ိဳးသား အစည္း႐ုံး KNU ဗဟိုေကာ္မတီ၀င္ ပဒိုမန္းၿငိမ္းေမာင္က ဇူလိုင္ ၇ ရက္ PEOPLE MEDIA သို႔ေျပာသည္။

#PeopleMedia #KNU #ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးဆိုင္ရာျမန္မာ အင္စတီက်ဴ

(unicode)
၂၀၁၅ ရွေးကောက်ပွဲ၌ NLD ကို ထောက်ခံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များသည် ၂၀၂၀ ၌ တိုင်းရင်း သားပါတီများထောက်ခံသည့်ဘက်ကို လမ်းကြောင်းရွှေ့လာကြောင်း ဒေါက်တာမင်းဇော်ဦး ပြောဆို
…………………………………………………

ရန်ကုန်၊ ဇူလိုင် – ၇

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို ထောက်ခံခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများထောက်ခံသည့်ဘက်ကို လမ်းကြောင်းရွှေ့လာကြောင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် ဇူလိုင် ၇ ရက်ကျင်းပသည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုံးသပ်ချက် ၂၀၂၀ အစီရင်ခံစာအုပ် မိတ်ဆက်ပွဲတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းဌာနတစ်ခုမေးမြန်းမှုအပေါ် ငြိမ်းချမ်း ရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခုကျွန်တော်တို့တွေ့ရသလောက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့သဘောထားက ၂၀၁၅ နဲ့ ၂၀၂၀ မှာတော့ မတူတော့ဘူးပေါ့။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သူ့ရဲ့လူထုအပေါ်မှာ သြဇာဘယ်လောက်သက်ရောက်မယ်ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ သူ့လူထုက သူတို့ပြောတဲ့ အတိုင်း တိုင်းရင်းသားပါတီတွေကို မဲထည့်မယ်ဆိုရင်ကော မဲရဲ့လားရာကကြီးကြီးမားမားပြောင်းနိုင်လား။ မပြောင်းနိုင်လား ကျွန်တော်တို့မသိဘူး။ သို့သော် NLD တချို့ရတဲ့နေရာတွေမှာတော့ တိုင်းရင်းသားပါတီရတာ တွေဖြစ်လာနိုင်တယ်။ ဒါပေမဲ့ NLD အစိုးရဖွဲ့နိုင်လောက်အောင်ရမလား။ မရမလားဆိုတာကတော့ အကြောင်း အရာတွေကအများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိထားမိတာကတော့ အရင်တိုင်းရင်းသားလက်နက် ကိုင်တွေက NLD ကို ၂၀၁၅ မှာ တော်တော်များများထောက်ခံခဲ့ပေမဲ့ အခုတစ်ခေါက်မှာတော့ သူတို့က သူတို့ တိုင်းရင်းသားပါတီတွေထောက်ခံတဲ့ဘက်ကို လမ်းကြောင်းရွှေ့နေတဲ့ဘက်ကို သွားတွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် တစ်နိုင်ငံလုံး ထောက်ခံဆန္ဒမဲထက်ဝက်ကျော်ဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာအများစုအနိုင်ရရှိကာ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည်။

“၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်အမျိုးသားတွေက ကချင်နိုင်ငံရေးပါတီကိုမဲပေး၊ ရှမ်းအမျိုးသားတွေက ရှမ်း နိုင်ငံရေးပါတီကိုမဲပေး၊ ကရင်အမျိုးသားတွေက ကရင်နိုင်ငံရေးပါတီကိုမဲပေး၊ ကျန်တဲ့တိုင်းရင်းသားတွေလည်း ကိုယ့်တိုင်းရင်းသားနိုင်ငံရေးပါတီကိုမဲပေးပါလို့ ကျွန်တော်က အဓိက ကျွန်တော်စည်းရုံးလှုံ့ဆော်ခဲ့တယ်။ dvb ဒီဘိတ်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ မှာ ကျွန်တော်တို့တိုင်းရင်းသားတွေကတစ်ခြား မြန်မာအမျိုးသား တွေလိုပဲ ဒီတိုင်းပြည်မှာနေတဲ့အခါကြတော့ သမိုင်းတစ်လျှောက်လုံးဖိနှိပ်ခံခဲ့ရတော့ ကျွန်တော်တို့က အားကိုး ရှာခဲ့ကြတာပေါ့။ အားကိုးရှာခဲ့တဲ့အခါကြတော့ ၂၀၁၅ မှာ ကျွန်တော်တို့ အားကိုးတကြီးနဲ့ ကျွန်တော်တို့ပေးခဲ့ တာပေါ့။ အားကိုးတကြီးနဲ့ ကျွန်တော်တို့ ကရင်အပါအဝင်ကျန်တဲ့ တိုင်းရင်းသားတွေလည်း ဘာမှဖြစ်မလာဘူး လေ။ ဘာမှဖြစ်မလာတဲ့အခါကြတော့ တိုင်းရင်းသားတွေက ဘယ်သူမှအားကိုးလို့မရဘူး။ တိုင်းရင်းသားတွေက တိုင်းရင်းသားတွေပဲ အားကိုးရမယ်။ တိုင်းရင်းသားတွေအရှင်သခင်ကတိုင်းရင်းသားတွေပဲ။ တိုင်းရင်းသားတွေ ကို ကယ်တင်မှာ တိုင်းရင်းသားတွေပဲဖြစ်တယ်’’ ဟု ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းရုံး KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ဇူလိုင် ၇ ရက် PEOPLE MEDIA သို့ပြောသည်။

#PeopleMedia #KNU #ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာ အင်စတီကျူ


Share this post