• Follow Us on
Latest News

Home ၂၀၁၅ ေရြးေကာက္ပြဲ၌ NLD ပါတီ၏ ေျပာင္းလဲခ်ိန္တန္ၿပီဆုိေသာ ေၾကြးေၾကာ္သံအေပၚ ကခ်င္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ရခုိင္ျပည္နယ္ရွိ ေဒသအေျခစုိက္ တုိင္းရင္းသားပါတီမ်ား၏ သုံးသပ္ခ်က္

၂၀၁၅ ေရြးေကာက္ပြဲ၌ NLD ပါတီ၏ ေျပာင္းလဲခ်ိန္တန္ၿပီဆုိေသာ ေၾကြးေၾကာ္သံအေပၚ ကခ်င္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ရခုိင္ျပည္နယ္ရွိ ေဒသအေျခစုိက္ တုိင္းရင္းသားပါတီမ်ား၏ သုံးသပ္ခ်က္

Share this post

NLD ပါတီသည္ ၂၀၁၅ ေရြးေကာက္ပြဲ၌ ေသာင္ၿပိဳကမ္းၿပိဳ အႏုိင္ရရွိခဲ့သလုိ ၂၀၂၀ ေရြးေကာက္ပြဲ၌ အလားတူ အႏုိင္ရရွိေရး ေျပာဆုိလ်က္ရွိသည္။ ထုိ႔ေၾကာင့္ ကခ်င္ျပည္နယ္၊ ရခုိင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တုိ႔၌ NLD ပါတီ၏ ေအာင္ႏုိင္ေရး အလားအလာနဲ႔ ပတ္သက္ၿပီး People Media က ေဒသအေျခစုိက္ အင္အားႀကီး ပါတီမ်ားကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။
#PeopleMedia #တုိင္းရင္းသားအေရး #2020election
(unicode)
၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ၏ ပြောင်းလဲချိန်တန်ပြီဆိုသော ကြွေးကြော်သံအပေါ် ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ဒေသအခြေစိုက် တိုင်းရင်းသားပါတီများ၏ သုံးသပ်ချက်
………………………………………………..
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲ၌ အလားတူ အနိုင်ရရှိရေး ပြောဆိုလျက်ရှိသည်။ ထို့ကြောင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ NLD ပါတီ၏ အောင်နိုင်ရေး အလားအလာနဲ့ ပတ်သက်ပြီး People Media က ဒေသအခြေစိုက် အင်အားကြီး ပါတီများကို ဆက်သွယ်မေးမြန်းခဲ့သည်။
#PeopleMedia #တိုင်းရင်းသားအရေး #2020election

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ ဒုတိယဥကၠ႒ ေဒၚဒြဲဘူ
“၂၀၁၅ တုန္းက ေျပာင္းလဲခ်ိန္တန္ၿပီ ေျပာင္းလဲဖို႔အတြက္ တိုင္းနဲ႔ ျပည္နယ္ေတြေကာ အားလုံးပုံေအာေပးခဲ့လို႔ NLD ပါတီ အနိုင္ရခဲ့တာေလ၊ လက္ရွိ ဒီငါးႏွစ္တာကာလ အတြင္းမွာ ေျပာင္းလဲလား မေျပာင္းလဲလားဆိုတာ ျပည္သူေတြ အသိဆုံးပါ၊ ကြၽန္မတို႔ နိုင္ငံေရးသမားေတြ ျမင္တာကေတာ့ ပိုၿပီးေတာ့ ၾကပ္တည္းသြားတယ္လို႔ ျမင္တယ္၊ လႊတ္ေတာ္ထဲမွာလည္း အသံက ေတာ္ေတာ္ ေလး တိတ္သြားတယ္၊ တစ္ပါတီထဲ ျဖစ္သြားေတာ့ အစိုးရကို လႊတ္ေတာ္က ထိန္းေက်ာင္းတာေတြ ေတာ္ေတာ္ နည္းသြားတယ္လို႔ ျမင္တယ္၊ ေနာက္တစ္ခုက ရင္ၾကားေစ့ေရးမွာလည္း အားနည္းတယ္လို႔ ျမင္တယ္၊ တကယ္လို႔ ရင္ၾကားေစ့နိုင္တယ္ဆိုရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္နိုင္မွာ အခုက ရင္ၾကားမေစ့နိုင္လို႔ဘဲ တပ္မေတာ္ ဘက္ကတင္တဲ့ဟာလည္း ဒီဘက္ကမျပင္နိုင္ဘူး၊ ဒီဘက္က တင္တဲ့ဟာလည္း ဟိုဘက္က မျပင္ဘူးေပါ့၊ အဲ့ေတာ့ ဘာတစ္ခုမွ ထိေရာက္မႈမရွိဘူးေပါ့၊ ၿပီးေတာ့ တိုင္းရင္းသားေတြရဲ႕ အသံေပ်ာက္သြား တယ္၊ ကြၽန္မတို႔ တိုင္းရင္းသားေဒသေတြမွာ ျဖစ္ေနတဲ့ အမွန္တရားေတြကို တင္ျပမႈမရွိဘူး၊ အဲ့ေတာ့ ဒီပါတီ အေနနဲ႔လည္း ဗဟိုရဲ႕ ခ်ဳပ္ကိုင္မႈမ်ားတယ္၊ အဲ့ဒါေၾကာင့္ ကိုယ့္ျပည္နယ္ေဒသေတြက ျဖစ္ေနတာေတြကို အသံက်ယ္က်ယ္နဲ႔ လႊတ္ေတာ္ကို တင္ျပနိုင္ရမယ္၊ ၿပီးရင္ေပါင္းစပ္ ညွိႏိႈင္းလုပ္ေဆာင္နိုင္ရမယ္၊ ဒါမွ ျပဳျပင္ေျပာင္းလဲေရး လုပ္နိုင္ရမွာပါ”

(unicode)
ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူ
“၂၀၁၅ တုန်းက ပြောင်းလဲချိန်တန်ပြီ ပြောင်းလဲဖို့အတွက် တိုင်းနဲ့ ပြည်နယ်တွေကော အားလုံးပုံအောပေးခဲ့လို့ NLD ပါတီ အနိုင်ရခဲ့တာလေ၊ လက်ရှိ ဒီငါးနှစ်တာကာလ အတွင်းမှာ ပြောင်းလဲလား မပြောင်းလဲလားဆိုတာ ပြည်သူတွေ အသိဆုံးပါ၊ ကျွန်မတို့ နိုင်ငံရေးသမားတွေ မြင်တာကတော့ ပိုပြီးတော့ ကြပ်တည်းသွားတယ်လို့ မြင်တယ်၊ လွှတ်တော်ထဲမှာလည်း အသံက တော်တော် လေး တိတ်သွားတယ်၊ တစ်ပါတီထဲ ဖြစ်သွားတော့ အစိုးရကို လွှတ်တော်က ထိန်းကျောင်းတာတွေ တော်တော် နည်းသွားတယ်လို့ မြင်တယ်၊ နောက်တစ်ခုက ရင်ကြားစေ့ရေးမှာလည်း အားနည်းတယ်လို့ မြင်တယ်၊ တကယ်လို့ ရင်ကြားစေ့နိုင်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်မှာ အခုက ရင်ကြားမစေ့နိုင်လို့ဘဲ တပ်မတော် ဘက်ကတင်တဲ့ဟာလည်း ဒီဘက်ကမပြင်နိုင်ဘူး၊ ဒီဘက်က တင်တဲ့ဟာလည်း ဟိုဘက်က မပြင်ဘူးပေါ့၊ အဲ့တော့ ဘာတစ်ခုမှ ထိရောက်မှုမရှိဘူးပေါ့၊ ပြီးတော့ တိုင်းရင်းသားတွေရဲ့ အသံပျောက်သွား တယ်၊ ကျွန်မတို့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ အမှန်တရားတွေကို တင်ပြမှုမရှိဘူး၊ အဲ့တော့ ဒီပါတီ အနေနဲ့လည်း ဗဟိုရဲ့ ချုပ်ကိုင်မှုများတယ်၊ အဲ့ဒါကြောင့် ကိုယ့်ပြည်နယ်ဒေသတွေက ဖြစ်နေတာတွေကို အသံကျယ်ကျယ်နဲ့ လွှတ်တော်ကို တင်ပြနိုင်ရမယ်၊ ပြီးရင်ပေါင်းစပ် ညှိနှိုင်းလုပ်ဆောင်နိုင်ရမယ်၊ ဒါမှ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်ရမှာပါ”

ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ဦးသာထြန္းလွ
“၂၁၀၅ တုန္းက NLD ပါတီအေနနဲ႔ ေျပာင္းလဲခ်ိန္တန္ၿပီဆိုၿပီး အနိုင္ရလာတာေလ၊ ဒါေပမဲ့ ျမန္မာနိုင္ငံေရးက အေျပာင္းအလဲ ျဖစ္မလာဘူးေလ၊ ျပည္သူေတြအေနနဲ႔လည္း အေျပာင္းအလဲကို ခံစားရတာ မရွိဘူး၊ ရခိုင္ ျပည္နယ္မွာဆို ဒုကၡေရာက္တဲ့ ျပည္သူေတြ ပိုပိုမ်ားသြားတယ္ ဒီငါးႏွစ္တာကာလမွာ အဲ့ဒါေၾကာင့္ NLD အေနနဲ႔ ၂၀၁၅ တုန္းကလို နိုင္ဖို႔မရွိသလို ျမန္မာနိုင္ငံအတိုင္းအတာနဲ႔လည္း ၂၀၁၅ ေလာက္ေတာ့ နိုင္ဖို႔ မရွိေတာ့ဘူးလို႔ ျမင္တယ္။ ၿပီးေတာ့ NLD အစိုးရလက္ထက္မွာ ျမန္မာနိုင္ငံရဲ႕ နိုင္ငံေရးျပႆနာကိုလည္း ေျဖရွင္းနိုင္တာ မရွိ ဘူး၊ ဒါေၾကာင့္ ျမန္မာနိုင္ငံရဲ႕ နိုင္ငံေရးအေျပာင္းအလဲျဖစ္ဖို႔ တိုင္းရင္းသားနိုင္ငံေရးပါတီေတြ အနိုင္ရဖို႔ အေရး ႀကီးတယ္”

(unicode)
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ
“၂၁၀၅ တုန်းက NLD ပါတီအနေနဲ့ ပြောင်းလဲချိန်တန်ပြီဆိုပြီး အနိုင်ရလာတာလေ၊ ဒါပေမဲ့ မြန်မာနိုင်ငံရေးက အပြောင်းအလဲ ဖြစ်မလာဘူးလေ၊ ပြည်သူတွေအနေနဲ့လည်း အပြောင်းအလဲကို ခံစားရတာ မရှိဘူး၊ ရခိုင် ပြည်နယ်မှာဆို ဒုက္ခရောက်တဲ့ ပြည်သူတွေ ပိုပိုများသွားတယ် ဒီငါးနှစ်တာကာလမှာ အဲ့ဒါကြောင့် NLD အနေနဲ့ ၂၀၁၅ တုန်းကလို နိုင်ဖို့မရှိသလို မြန်မာနိုင်ငံအတိုင်းအတာနဲ့လည်း ၂၀၁၅ လောက်တော့ နိုင်ဖို့ မရှိတော့ဘူးလို့ မြင်တယ်။ ပြီးတော့ NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကိုလည်း ဖြေရှင်းနိုင်တာ မရှိ ဘူး၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အနိုင်ရဖို့ အရေး ကြီးတယ်”

မြန္ညီၫြတ္ေရးပါတီ တြဲဖက္အတြင္းေရးမွဴး (၂) ဦးနိုင္စံတင္
“NLD အစိုးရအေနနဲ႔ မြန္ျပည္နယ္ ေဒသဖြံၿဖိဳးေရးအတြက္ အျပည့္အ၀ လုပ္ေပးထားတာမရွိပါဘူး၊ တစ္ခုခု လုပ္ရင္လည္း ပါတီနာမည္ဘဲ ခံခံၿပီး လုပ္သြားတာ မျဖစ္သင့္တဲ့ကိစၥပါ၊ အခုလူထုရဲ႕ အျမင္သေဘာထားလည္း ေတာ္ေတာ္ေလးေျပာင္းလာပါၿပီ၊ NLD အစိုးရအေနနဲ႔ မြန္ျပည္နယ္မွာ ေဒသဖြံၿဖိဳးေရးအတြက္ ထိေရာက္စြာ မေဆာင္႐ြက္နိုင္ခဲ့ဘူး၊ လယ္ယာစိုက္ပ်ိဳးေရးက႑ေတြမွာလည္း ဖြံၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ေပးနိုင္ျခင္း မရွိခဲ့ဘူး၊ ၿပီးေတာ့ ဦးသိန္းစိန္အစိုးရလက္ထက္မွာ ေဆာက္လုပ္ၿပီးေတာ့ နာမည္ေပးထားၿပီးျဖစ္တဲ့ သံလြင္ ေခ်ာင္းဆုံတံတားကိစၥမွာလည္း ျပည္သူလူထုေတာင္းဆိုေနတဲ့ၾကားက ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားလို႔ နာမည္ ေျပာင္းခဲ့တယ္၊ ဒါေၾကာင့္ အခုေ႐ြးေကာက္ပြဲတြင္ NLD ပါတီအေနျဖင့္ ေဒသခံျပည္သူလူထုေထာက္ခံမႈ ေလ်ာ့ နည္းသြားနိုင္တယ္”

(unicode)
မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးနိုင်စံတင်
“NLD အစိုးရအနေနဲ့ မွန်ပြည်နယ် ဒေသဖွံဖြိုးရေးအတွက် အပြည့်အဝ လုပ်ပေးထားတာမရှိပါဘူး၊ တစ်ခုခု လုပ်ရင်လည်း ပါတီနာမည်ဘဲ ခံခံပြီး လုပ်သွားတာ မဖြစ်သင့်တဲ့ကိစ္စပါ၊ အခုလူထုရဲ့ အမြင်သဘောထားလည်း တော်တော်လေးပြောင်းလာပါပြီ၊ NLD အစိုးရအနေနဲ့ မွန်ပြည်နယ်မှာ ဒေသဖွံဖြိုးရေးအတွက် ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ဘူး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာလည်း ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ဘူး၊ ပြီးတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆောက်လုပ်ပြီးတော့ နာမည်ပေးထားပြီးဖြစ်တဲ့ သံလွင် ချောင်းဆုံတံတားကိစ္စမှာလည်း ပြည်သူလူထုတောင်းဆိုနေတဲ့ကြားက ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည် ပြောင်းခဲ့တယ်၊ ဒါကြောင့် အခုရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် ဒေသခံပြည်သူလူထုထောက်ခံမှု လျော့ နည်းသွားနိုင်တယ်”


Share this post