• Follow Us on

Home ၂၀၁၇ ခုနှစ်ကတည်းက အကြီးမားဆုံးဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့သည့် မြောက်ကိုရီးယားကို အမေရိကန်နိုင်ငံ က ဆွေးနွေးရန် ဖိတ်ခေါ်

၂၀၁၇ ခုနှစ်ကတည်းက အကြီးမားဆုံးဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့သည့် မြောက်ကိုရီးယားကို အမေရိကန်နိုင်ငံ က ဆွေးနွေးရန် ဖိတ်ခေါ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁ (Peope Media)

 

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က မြောက်ကိုရီးယား၏ ဇန်နဝါရီလ ၃၀ ရက်နေ့က ဒုံးကျည်ပစ်ခတ်မှု သည် တာဝေးပစ်ဒုံးကျည်များနှင့် နျူကလီးယားလက်နက်များစမ်းသပ်ပစ်ခတ်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွား စေနိုင်ကြောင်း သတိပေးပြောကြားနေစဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံက ဟွာဆောင်-၁၂ (Hwasong-12) တာလစ်ပစ်ပဲ့ထိန်းဒုံးကျည် (IRBM) ကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့က အတည်ပြုပြော ကြားလိုက်သည်။

 

ယင်းပစ်ခတ်မှုမှာ ယခုလအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ သတ္တမအကြိမ်မြောက်ပစ်ခတ်မှုဖြစ်ပြီး ပထမဦးဆုံး အကြိမ်အဖြစ် နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သော ယင်းအရွယ်အစား ဒုံးကျည်ပစ်ခတ်မှုကို ၂၀၁၇ ခုနှစ် ကတည်းက စတင်စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

တနင်္ဂနွေနေ့ကပြုလုပ်ခဲ့သော ဒုံးကျည်ပစ်ခတ်မှုကို တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့က ပထမဦးဆုံး ပြော ကြားခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုမှာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ပြစ်တင်ပြော ကြားခဲ့သည်။

 

“မြေပြင်-မြေပြင်ပစ် တာဝေး/ တာလတ်ပစ် ဟွာဆောင်-၁၂ ဒုံးကျည်ကို စမ်းသပ်စစ်ဆေးပြီး ဒုံးကျည်စနစ်ရဲ့ တိကျမှုကို စမ်းသပ်ဖို့အတွက် စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။” ဟု မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာဖြစ် သည့် KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ ဟွာဆောင်-၁၂ ဒုံးကျည်သည် အရွယ်အစားကြီးမားသော နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယခင်ကတည်းက ကြေညာထား ခဲ့ဖူးသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများ အရှိန်မြင့်တက်လာခြင်းမှာ နျူကလီးယားလက်နက်များ နှင့် တိုက်ချင်းပစ်ဒုံးပျံများ intercontinental ballistic missile (ICBM) ပြန်လည်စမ်းသပ်ပစ်ခတ်ရန် ရှေ့ပြေးနိ မိတ်များဖြစ်လာမည်ကို အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်မိကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦး က ဇန်နဝါရီလ ၃၀ ရက်နေ့ညက ပြောသည်။ မြောက်ကိုရီးယားအစိုးရအနေဖြင့် ကြိုတင်သတ်မှတ်ချက်များမ ထားရှိဘဲ အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးရန်လည်း ၎င်းက ပြောသည်။

 

“သူတို့က ဖိအားပေးမှုတွေတိုးမြှင့်ရာမှာ နည်းလမ်းတစ်ရပ်အဖြစ် အခြေခံအားဖြင့် မတည်ငြိမ်အောင်ပြုလုပ် တယ်လို့ ကျွန်တော်တို့ယုံကြည်ထားတဲ့ အပြုအမူတွေကို ဆောင်ရွက်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။” ဟု အဆိုပါ အရာရှိက ဝါရှင်တန်တွင် သတင်းထောက်များကို ပြောသည်။

 

စမ်းသပ်ပစ်ခတ်မှုအရ ဟွာဆောင်-၁၂ ဒုံးကျည်သည် တိကျမှုရှိပြီး ထိရောက်မှုရှိသောလက်နက်ဖြစ်သည်ကို အတည်ပြုနိုင်ကြောင်း KCNA သတင်းဌာနက ပြောသည်။

 

ဟွာဆောင်-၁၂ ဒုံးကျည်သည် ခန့်မှန်း ကီလိုမီတာ ၄၅၀၀ (၂၇၉၆ မိုင်) အထိ ပစ်ခတ်နိုင်သောကြောင့် ယင်းအ ကွာအဝေးမှာ အမေရိကန်ပိုင်ဂူအမ်ကျွန်းနှင့် အလာစကားပြည်နယ်ရှိ အလူရှန်ကျွန်းစုများသို့ ပစ်ခတ်နိုင်သည့် အကွာအဝေးဖြစ်ကြောင်း ဝါရှန်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန Center for Strategic and International Studies (CSIS) ၏ ပြောဆိုချက်အရသိရသည်။

 

မြောက်ကိုရီးယားနိုင်ငံက ယနေ့အချိန်အထိ စမ်းသပ်ပစ်ခတ်ခဲ့သော ဒုံးကျည်များအနက် အကြီးမားဆုံးဒုံးကျည် ဖြစ်သည့် ဟွာဆောင်-၁၅ တိုက်ချင်းပစ်ဒုံးကျည် Hwasong-15 ICBM သည် ကီလိုမီတာ ၈၅၀၀ မှ ၁၃၀၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိရာ အမေရိကန်နိုင်ငံ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်ကြောင်း CSIS ကပြောသည်။ ဟွာဆောင်-၁၅ တိုက်ချင်းပစ်ဒုံးကျည်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက တစ်ကြိမ်စမ်းသပ်ခဲ့သည်။

 

Ref: US calls for direct talks as North Korea confirms largest missile test since 2017

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: US calls for direct talks as North Korea confirms largest missile test since 2017

 

#PeopleMedia


Share this post