• Follow Us on

Home ၂၀၁၇ ခုႏွစ္ကေသဆံုးခဲ့ေသာဘဂၤါလီအေရအတြက္ကို ျမန္မာႏိုင္ငံေလွ်ာ့ေပါ့အစီရင္ခံဟု အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔ေျပာ

၂၀၁၇ ခုႏွစ္ကေသဆံုးခဲ့ေသာဘဂၤါလီအေရအတြက္ကို ျမန္မာႏိုင္ငံေလွ်ာ့ေပါ့အစီရင္ခံဟု အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔ေျပာ

Share this post

အန္ကာရာ၊ ၾသဂုတ္ ၁၂

၂၀၁၇ ခုႏွစ္က ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)႐ြာတစ္႐ြာတြင္ စစ္ဘက္ၿဖိဳခြင္းမႈျပဳလုပ္ခဲ့ၿပီးေနာက္ ေသဆံုးသူအေရအတြက္ေလွ်ာ့ေပါ့ေဖာ္ျပထားသည္ ျမန္မာအစိုးရအစီရင္ခံစာကို သေဘာမတူဟု ဘဂၤါလီအခြင့္အေရးအဖြဲ႔တစ္ဖြဲ႔က အဂၤါေန႔တြင္ေျပာသည္။

ရခိုင္ျပည္နယ္၊ ဂူတာျပင္ေက်း႐ြာမွလူအေျမာက္အျမားသတ္ျဖတ္မႈဆိုင္ရာအစိုးရအစီရင္ခံစာတြင္ ႐ွင္းလင္းေရးစစ္ဆင္ေရးမ်ားတြင္ အၾကမ္းဖက္ ၁၉ ေယာက္ေသဆံုးခဲ့ေၾကာင္းေဖာ္ျပထားသည္ကို ၿငိမ္းခ်မ္းေရးႏွင့္လူ႔အခြင့္အေရးဆိုင္ရာအာရကန္႐ိုဟင္ဂ်ာလူမႈအသိုက္အ၀န္း(ARSPHR)က ျပင္းျပင္းထန္ထန္ျငင္းဆိုၿပီး စစ္ဆင္ေရးေၾကာင့္ အရပ္သား ၂၅၀ နီးပါးေသဆံုးခဲ့သည္ဟုေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၊ ေကာ့က္စ္ဘဇားခ႐ိုင္မွဒုကၡသည္စခန္းမ်ားတြင္ အဆိုပါျဖစ္ရပ္ေၾကာင့္ ထိခိုက္ခဲ့သူမ်ား၏မိသားစု၀င္မ်ား၊ အသက္႐ွင္က်န္သူမ်ားထံမွအခ်က္အလက္မ်ားကို ေစာင့္ၾကည့္စုေဆာင္းစစ္ေဆးေနသည္ဟုလည္း အဆိုပါအဖြဲ႔ကေျပာသည္။

အမွန္တကယ္ေသဆံုးခဲ့သူအေရအတြက္ ၂၄၃ ေယာက္႐ွိၿပီး ဒဏ္ရာရသူ ၁၈ ေယာက္႐ွိေၾကာင္းလည္းေျပာသည္။

တပ္မေတာ္ႏွင့္ ျပည္ေထာင္စုအစိုးရလုပ္ပိုင္ခြင့္ေပးထားသည့္စံုစမ္းေရးေကာ္မ႐ွင္တို႔က ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၂၇ ရက္ႏွင့္ ၂၈ ရက္တို႔တြင္ အၾကမ္းဖက္မ်ားကိုၿဖိဳခြင္းခဲ့သျဖင့္ လူ ၁၉ ေယာက္ေသဆံုးခဲ့ေၾကာင္းေျပာခဲ့ၿပီးေနာက္ ယခုထုတ္ျပန္ခ်က္ထြက္ေပၚလာသည္။

ျမန္မာႏိုင္ငံအစိုးရႏွင့္တပ္မေတာ္တို႔၏စံုစမ္းစစ္ေဆးမႈအစီရင္ခံစာသည္ အၾကမ္းဖ်င္းအားျဖင့္ အေရအတြက္ေလွ်ာ့ေပါ့ေဖာ္ျပထားေၾကာင္းလည္း ေျပာသည္။

လက္နက္အျပည့္အစံုတပ္ဆင္ထားသည့္စစ္သားမ်ားႏွင့္ရဲမ်ားပါ၀င္သည့္႐ြာအေပၚၿဖိဳခြင္းမႈတြင္ ဘဂၤါလီအရပ္သား ၃၀၀ မွ ၄၀၀ အထိေသဆံုးခဲ့ေၾကာင္း ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္က အစီရင္ခံစာတစ္ခုတြင္ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔ HRW ကလည္းေျပာသည္။

ျမန္မာအစိုးရႏွင့္တပ္မေတာ္ဘက္က အစီရင္ခံစာမ်ားကို ျငင္းဆိုထားၿပီး လံုျခံဳေရးတပ္ဖြဲ႔၀င္မ်ားသည္ အာရကန္႐ိုဟင္ဂ်ာကယ္ဆင္ေရးတပ္ဖြဲ႔(အာဆာ)အဖြဲ႔ႏွင့္႐ြာခံမ်ား၏တိုက္ခိုက္မႈကို တံု႔ျပန္ခဲ့ျခင္းျဖစ္ၿပီး ဘဂၤါလီ ၁၈ ေယာက္ေသဆံုးခဲ့သျဖင့္ သူတို႔အေလာင္းမ်ားကို ဂ႐ုတစိုက္ႁမွဳပ္ႏွံခဲ့ေၾကာင္း တံု႔ျပန္ထားသည္။

Ref : Myanmar ‘underreported’ 2017 Rohingya killing: Watchdog

#PeopleMedia

(Unicode)
၂၀၁၇ ခုနှစ်ကသေဆုံးခဲ့သောဘင်္ဂါလီအရေအတွက်ကို မြန်မာနိုင်ငံလျှော့ပေါ့အစီရင်ခံဟု အခွင့်အရေးစောင့်ကြည့်အဖွဲ့ပြော
………………………………………

အန်ကာရာ၊ သြဂုတ် ၁၂

၂၀၁၇ ခုနှစ်က ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)ရွာတစ်ရွာတွင် စစ်ဘက်ဖြိုခွင်းမှုပြုလုပ်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက်လျှော့ပေါ့ဖော်ပြထားသည် မြန်မာအစိုးရအစီရင်ခံစာကို သဘောမတူဟု ဘင်္ဂါလီအခွင့်အရေးအဖွဲ့တစ်ဖွဲ့က အင်္ဂါနေ့တွင်ပြောသည်။

ရခိုင်ပြည်နယ်၊ ဂူတာပြင်ကျေးရွာမှလူအမြောက်အမြားသတ်ဖြတ်မှုဆိုင်ရာအစိုးရအစီရင်ခံစာတွင် ရှင်းလင်းရေးစစ်ဆင်ရေးများတွင် အကြမ်းဖက် ၁၉ ယောက်သေဆုံးခဲ့ကြောင်းဖော်ပြထားသည်ကို ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးဆိုင်ရာအာရကန်ရိုဟင်ဂျာလူမှုအသိုက်အဝန်း(ARSPHR)က ပြင်းပြင်းထန်ထန်ငြင်းဆိုပြီး စစ်ဆင်ရေးကြောင့် အရပ်သား ၂၅၀ နီးပါးသေဆုံးခဲ့သည်ဟုပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်မှဒုက္ခသည်စခန်းများတွင် အဆိုပါဖြစ်ရပ်ကြောင့် ထိခိုက်ခဲ့သူများ၏မိသားစုဝင်များ၊ အသက်ရှင်ကျန်သူများထံမှအချက်အလက်များကို စောင့်ကြည့်စုဆောင်းစစ်ဆေးနေသည်ဟုလည်း အဆိုပါအဖွဲ့ကပြောသည်။

အမှန်တကယ်သေဆုံးခဲ့သူအရေအတွက် ၂၄၃ ယောက်ရှိပြီး ဒဏ်ရာရသူ ၁၈ ယောက်ရှိကြောင်းလည်းပြောသည်။

တပ်မတော်နှင့် ပြည်ထောင်စုအစိုးရလုပ်ပိုင်ခွင့်ပေးထားသည့်စုံစမ်းရေးကော်မရှင်တို့က ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အကြမ်းဖက်များကိုဖြိုခွင်းခဲ့သဖြင့် လူ ၁၉ ယောက်သေဆုံးခဲ့ကြောင်းပြောခဲ့ပြီးနောက် ယခုထုတ်ပြန်ချက်ထွက်ပေါ်လာသည်။

မြန်မာနိုင်ငံအစိုးရနှင့်တပ်မတော်တို့၏စုံစမ်းစစ်ဆေးမှုအစီရင်ခံစာသည် အကြမ်းဖျင်းအားဖြင့် အရေအတွက်လျှော့ပေါ့ဖော်ပြထားကြောင်းလည်း ပြောသည်။

လက်နက်အပြည့်အစုံတပ်ဆင်ထားသည့်စစ်သားများနှင့်ရဲများပါဝင်သည့်ရွာအပေါ်ဖြိုခွင်းမှုတွင် ဘင်္ဂါလီအရပ်သား ၃၀၀ မှ ၄၀၀ အထိသေဆုံးခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်က အစီရင်ခံစာတစ်ခုတွင် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကလည်းပြောသည်။

မြန်မာအစိုးရနှင့်တပ်မတော်ဘက်က အစီရင်ခံစာများကို ငြင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အာရကန်ရိုဟင်ဂျာကယ်ဆင်ရေးတပ်ဖွဲ့(အာဆာ)အဖွဲ့နှင့်ရွာခံများ၏တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီ ၁၈ ယောက်သေဆုံးခဲ့သဖြင့် သူတို့အလောင်းများကို ဂရုတစိုက်မြှုပ်နှံခဲ့ကြောင်း တုံ့ပြန်ထားသည်။

Ref : Myanmar ‘underreported’ 2017 Rohingya killing: Watchdog

#PeopleMedia


Share this post