• Follow Us on

Home ၂၀၁၉ ခုႏွစ္တြင္ ေတာင္ကိုရီးယား၏ K-pop ေလာက မႈခင္းမ်ားျဖင့္ ဇာတ္ရႈပ္ခဲ့

၂၀၁၉ ခုႏွစ္တြင္ ေတာင္ကိုရီးယား၏ K-pop ေလာက မႈခင္းမ်ားျဖင့္ ဇာတ္ရႈပ္ခဲ့

Share this post

ေတာင္ကိုရီးယားႏုိင္ငံရဲ႕ K-pop အႏုပညာနယ္ပယ္ဟာ ၂၀၁၉ ခုႏွစ္မွာ အမႈအခင္းေတြနဲ႔ ျပည့္ႏွက္ခဲ့တဲ့ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ပါတယ္။ K-pop ဟာ စီးပြားေရးနယ္ပယ္မွာ တမ်ိဳးတဖံုနဲ႔ ျပည္ပပို႔ကုန္တစ္ခုျဖစ္ေနၿပီး ႏိုင္ငံတကာလူငယ္ေတြၾကားမွာ ေရပန္းစားတဲ့ အႏုပညာတစ္ခုလည္းျဖစ္ပါတယ္။

အထူးသျဖင့္ အာရွေစ်းကြက္မွာ K-pop ဟာ အဓိကထိုးေဖာက္ႏုိင္တဲ့ အႏုပညာေစ်းကြက္တစ္ခုလည္း ျဖစ္ပါတယ္။ အခုႏွစ္မတ္လမွာ Big Bang အဖြဲ႕၀င္တစ္ဦးျဖစ္တဲ့ Lee Seung Hyun ဟာ ႏိုင္ငံျခားသား လုပ္ငန္းရွင္ေတြကို သူတည္ေထာင္ထားတဲ့ကလပ္ကေန ျပည့္တန္ဆာ၀န္ေဆာင္မႈေပးခဲ့တဲ့ တရားစြဲဆို ခံခဲ့ရပါတယ္။

အခုျဖစ္ရပ္ေၾကာင့္ သူဂီတအဖြဲ႕ရဲ႕ ေအဂ်င္စီျဖစ္တဲ့ YG Entertainment ကို အႏုပညာစီးပြားေရးနယ္ပယ္မွာ က်ဆင္းေစခဲ့ပါတယ္။ ဇြန္လမွာေတာ့ YG Entertainment ေအဂ်င္စီကို တည္ေထာင္ခဲ့သူ Yang Hyun-Suk ဟာ မူးယစ္ေဆး၀ါးနဲ႔ လိင္ပိုင္းဆိုင္ရာျပစ္မႈေတြေၾကာင့္ ထုတ္လုပ္သူအႀကီးအကဲရာထူးက ထုတ္ပယ္ခံခဲ့ရပါ တယ္။

ေအာက္တိုဘာလမွာ f(x) မိန္းကေလး K-pop အဖြဲ႕၀င္တစ္ဦးျဖစ္တဲ့ Choi Jin ri ဟာ ကိုယ့္ကိုယ္သတ္ေသမႈ ျဖစ္ပြားခဲ့ပါတယ္။ သူမဟာ ဆုိက္ဘာတိုက္ခိုက္မႈခံခဲ့ရၿပီး ေကေပါ့နယ္ပယ္မွာ အမ်ိဳးသမီးအတြင္းခံအက်ၤီ လံုး၀မ၀တ္ေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ ေ၀ဖန္တိုက္ခိုက္မႈေတြခံခဲ့ရသူျဖစ္ပါတယ္။

ႏို၀င္ဘာလမွာ K-pop အဆိုေတာ္ Goo Hara ကို သူမေနအိမ္မွာ ေသဆံုးလ်က္ေတြ႕ရွိခဲ့ၿပီး ရဲေတြဟာ အြန္ လိုင္းေပၚမွာ ၄င္းေ၀ဖန္ခံရမႈေတြကို ေရးသားထားတဲ့စာကို ေတြ႕ရွိခဲ့ပါတယ္။ ႏို၀င္ဘာလထဲမွာပဲ K-pop အႏုပညာရွင္ Jung Joon Young ဟာ အမ်ိဳးသမီးတစ္ဦးကို မုဒိန္းက်င့္မႈနဲ႔ ေထာင္ဒဏ္ ၆ ႏွစ္ခ်မွတ္ခံခဲ့ရပါ တယ္။ ဒါ့အျပင္ အမ်ိဳးသား K-pop အဖြဲ႕၀င္ Choi Jong hoon ဟာလည္း အမ်ိဳးသမီးတစ္ဦးကို မုဒိန္းက်င့္မႈနဲ႔ ေထာင္ ၅ ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္။

Ref; CAN

#PeopleMedia #K-Pop

(Unicode)
၂၀၁၉ ခုနှစ်တွင် တောင်ကိုရီးယား၏ K-pop လောက မှုခင်းများဖြင့် ဇာတ်ရှုပ်ခဲ့
……………………………………………………………

တောင်ကိုရီးယားနိုင်ငံရဲ့ K-pop အနုပညာနယ်ပယ်ဟာ ၂၀၁၉ ခုနှစ်မှာ အမှုအခင်းတွေနဲ့ ပြည့်နှက်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ K-pop ဟာ စီးပွားရေးနယ်ပယ်မှာ တမျိုးတဖုံနဲ့ ပြည်ပပို့ကုန်တစ်ခုဖြစ်နေပြီး နိုင်ငံတကာလူငယ်တွေကြားမှာ ရေပန်းစားတဲ့ အနုပညာတစ်ခုလည်းဖြစ်ပါတယ်။

အထူးသဖြင့် အာရှဈေးကွက်မှာ K-pop ဟာ အဓိကထိုးဖောက်နိုင်တဲ့ အနုပညာဈေးကွက်တစ်ခုလည်း ဖြစ်ပါတယ်။ အခုနှစ်မတ်လမှာ Big Bang အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lee Seung Hyun ဟာ နိုင်ငံခြားသား လုပ်ငန်းရှင်တွေကို သူတည်ထောင်ထားတဲ့ကလပ်ကနေ ပြည့်တန်ဆာဝန်ဆောင်မှုပေးခဲ့တဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။

အခုဖြစ်ရပ်ကြောင့် သူဂီတအဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ကို အနုပညာစီးပွားရေးနယ်ပယ်မှာ ကျဆင်းစေခဲ့ပါတယ်။ ဇွန်လမှာတော့ YG Entertainment အေဂျင်စီကို တည်ထောင်ခဲ့သူ Yang Hyun-Suk ဟာ မူးယစ်ဆေးဝါးနဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုတွေကြောင့် ထုတ်လုပ်သူအကြီးအကဲရာထူးက ထုတ်ပယ်ခံခဲ့ရပါ တယ်။

အောက်တိုဘာလမှာ f(x) မိန်းကလေး K-pop အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Choi Jin ri ဟာ ကိုယ့်ကိုယ်သတ်သေမှု ဖြစ်ပွားခဲ့ပါတယ်။ သူမဟာ ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရပြီး ကေပေါ့နယ်ပယ်မှာ အမျိုးသမီးအတွင်းခံအင်္ကျီ လုံးဝမဝတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဝေဖန်တိုက်ခိုက်မှုတွေခံခဲ့ရသူဖြစ်ပါတယ်။

နိုဝင်ဘာလမှာ K-pop အဆိုတော် Goo Hara ကို သူမနေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ပြီး ရဲတွေဟာ အွန် လိုင်းပေါ်မှာ ၄င်းဝေဖန်ခံရမှုတွေကို ရေးသားထားတဲ့စာကို တွေ့ရှိခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာပဲ K-pop အနုပညာရှင် Jung Joon Young ဟာ အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်မှုနဲ့ ထောင်ဒဏ် ၆ နှစ်ချမှတ်ခံခဲ့ရပါ တယ်။ ဒါ့အပြင် အမျိုးသား K-pop အဖွဲ့ဝင် Choi Jong hoon ဟာလည်း အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်မှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။

Ref; CAN

#PeopleMedia #K-Pop


Share this post