• Follow Us on
Latest News

Home ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီ (၆၆၃) ခု ရက် ပေါင်း (၃၀) အတွင်း စာရင်းရှင်းလင်းခြင်းမရှိပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ဗဟိုဘဏ် ထုတ်ပြန်

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီ (၆၆၃) ခု ရက် ပေါင်း (၃၀) အတွင်း စာရင်းရှင်းလင်းခြင်းမရှိပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ဗဟိုဘဏ် ထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃ (People Media)

 

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ (၆၆၃) ခု အနေ ဖြင့် စာရင်းရှင်းလင်းရန် ရက်ပေါင်း (၃၀) သတ်မှတ်ထားပြီး အဆိုပါသတ်မှတ်ကာလ ကုန်ဆုံးသည်အထိ စာရင်း ရှင်းလင်းခြင်းမရှိပါက လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သည်။

 

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်ရငွေများအား မိမိပို့ကုန်ရငွေ ဝင်ရောက်ခဲ့သည့်ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တဆင့် ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

 

ဘဏ်များနှင့် ဆက်သွယ်စာရင်း ရှင်းလင်းရန် ကျန်ရှိသည့် ကုမ္ပဏီများ အနေဖြင့် ယခုကြေညာသည့် နေ့မှစ၍ သတ်မှတ်ကာလ ရက်ပေါင်း (၃၀)အတွင်း စာရင်းရှင်းလင်းခြင်း မရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ ပြဠာန်းချက်များအရလည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

 

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများ စုစုပေါင်း (၆၆၃)ခုမှ Balance Amount (USD) 576,831,789.82 ရှိကြောင်း ဗဟိုဘဏ် စာရင်းများအရ သိရသည်။

 

#PeopleMedia #ဗဟိုဘဏ်

(unicode)

 


……………………………………………………………

 


 


 


 


 


 



Share this post