• Follow Us on
Latest News

Home ၂၀၁၉ ခုႏွစ္ အင္တာနက္လြတ္လပ္ခြင့္မရွိေသာႏုိင္ငံမ်ားစာရင္းတြင္ ျမန္မာပါ၀င္

၂၀၁၉ ခုႏွစ္ အင္တာနက္လြတ္လပ္ခြင့္မရွိေသာႏုိင္ငံမ်ားစာရင္းတြင္ ျမန္မာပါ၀င္

Share this post

၀ါရွင္တန္အေျခစိုက္ လြတ္္လပ္တဲ့ေစာင့္ၾကည့္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Freedom House ရဲ႕ စစ္တမ္းထုတ္ ျပန္ခ်က္အရ ကမၻာ့ႏုိင္ငံ ၆၅ ႏိုင္ငံရဲ႕ အင္တာနက္လြတ္လပ္ခြင့္ အဆင့္သတ္မွတ္ခ်က္မွာ ျမန္မာႏိုင္ငံက ရမွတ္ ၃၆ မွတ္နဲ႔ အဆင့္ ၄၇ သတ္မွတ္ခံခဲ့ရၿပီး အင္တာနက္လြတ္လပ္ခြင့္မရွိတဲ့ ႏိုင္ငံစာရင္းမွာပါ၀င္ခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ ဇြန္လကေန ၂၀၁၉ ခုႏွစ္ ေမလအတြင္း အင္တာနက္လြတ္လပ္ခြင့္အေျခအေနကို စစ္တမ္း ေကာက္ယူခဲ့ရာမွာ ကမၻာမွာ အင္တာနက္လြတ္လပ္ခြင့္အကင္းမဲ့ဆံုးႏိုင္ငံအျဖစ္ တ႐ုတ္ႏိုင္ငံက ေလးႏွစ္ ဆက္တိုက္ ထိပ္ဆံုးက ရပ္တည္ေနခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ ဗီယက္နမ္၊ ျမန္မာနဲ႔ ကေမၻာဒီးယားႏုိင္ငံကိုကလည္း သိပ္မကြာတဲ့ အဆင့္သတ္မွတ္ ခ်က္ေတြမွာ ရွိေနခဲ့တာပါ။ Freedom House ရဲ႕ ႏို၀င္ဘာ ၅ ရက္ေန႔ ထုတ္ျပန္ခ်က္ဟာ ႏိုင္ငံေတြရဲ႕ အင္တာ နက္လြတ္လပ္ခြင့္အေျခအေနကို ရမွတ္ သုည ကေန ၁၀၀ အထိသတ္မွတ္ၿပီး အိုင္စလန္ႏိုင္ငံကေတာ့ ရမွတ္ ၉၅ မွတ္နဲ႔ အင္တာနက္လြတ္လပ္ခြင့္အရွိဆံုးႏုိင္ငံအျဖစ္သတ္မွတ္ခံခဲ့ရပါတယ္။

တ႐ုတ္ႏုိင္ငံကေတာ့ ရမွတ္ ၁၀ ရရွိကာ အင္တာနက္လြတ္လပ္ခြင့္အဆင့္မွာ ေအာက္ဆံုးမွာရွိေနၿပီး ဗီယက္နမ္ က ရမွတ္ ၂၄ မွတ္နဲ႔ အဆင့္ ၆၁၊ ျမန္မာက ရမွတ္ ၃၆ မွတ္နဲ႔ အဆင့္ ၄၇ နဲ႔ အင္တာနက္လြတ္လပ္ခြင့္ လံုး၀ မရွိတဲ့စာရင္းမွာ ပါ၀င္ခဲ့ပါတယ္။

ကေမၻာဒီးယားႏုိင္ငံကေတာ့ ရမွတ္ ၄၃ မွတ္နဲ႕ အဆင့္ ၄၂ ရပ္တည္ခဲ့ၿပီး အင္တာနက္လြတ္လပ္ခြင့္ အထိုက္ အေလ်ာက္ရွိတဲ့ ႏုိင္ငံမ်ားစာရင္းမွာပါ၀င္ခဲ့ပါတယ္။

Ref;Freedom House

(unicode)
၂၀၁၉ ခုနှစ် အင်တာနက်လွတ်လပ်ခွင့်မရှိသောနိုင်ငံများစာရင်းတွင် မြန်မာပါဝင်
———————————————————–

ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့စောင့်ကြည့်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Freedom House ရဲ့ စစ်တမ်းထုတ် ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ ၆၅ နိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံက ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၄၇ သတ်မှတ်ခံခဲ့ရပြီး အင်တာနက်လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံစာရင်းမှာပါဝင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လကနေ ၂၀၁၉ ခုနှစ် မေလအတွင်း အင်တာနက်လွတ်လပ်ခွင့်အခြေအနေကို စစ်တမ်း ကောက်ယူခဲ့ရာမှာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့်အကင်းမဲ့ဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံက လေးနှစ် ဆက်တိုက် ထိပ်ဆုံးက ရပ်တည်နေခဲ့ပါတယ်။

ယင်းနောက်မှာတော့ ဗီယက်နမ်၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံကိုကလည်း သိပ်မကွာတဲ့ အဆင့်သတ်မှတ် ချက်တွေမှာ ရှိနေခဲ့တာပါ။ Freedom House ရဲ့ နိုဝင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်ဟာ နိုင်ငံတွေရဲ့ အင်တာ နက်လွတ်လပ်ခွင့်အခြေအနေကို ရမှတ် သုည ကနေ ၁၀၀ အထိသတ်မှတ်ပြီး အိုင်စလန်နိုင်ငံကတော့ ရမှတ် ၉၅ မှတ်နဲ့ အင်တာနက်လွတ်လပ်ခွင့်အရှိဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံကတော့ ရမှတ် ၁၀ ရရှိကာ အင်တာနက်လွတ်လပ်ခွင့်အဆင့်မှာ အောက်ဆုံးမှာရှိနေပြီး ဗီယက်နမ် က ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၆၁၊ မြန်မာက ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၄၇ နဲ့ အင်တာနက်လွတ်လပ်ခွင့် လုံး၀ မရှိတဲ့စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကတော့ ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၄၂ ရပ်တည်ခဲ့ပြီး အင်တာနက်လွတ်လပ်ခွင့် အထိုက် အလျောက်ရှိတဲ့ နိုင်ငံများစာရင်းမှာပါဝင်ခဲ့ပါတယ်။

Ref;Freedom House


Share this post