• Follow Us on
Latest News

Home ၂၀၂ဝ ျပည့္ႏွစ္ ဇန္နဝါရီလမွ ဇူလိုင္လအထိ ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ေသဆုံးသူ ၃၂ ဦးထိရွိလာ

၂၀၂ဝ ျပည့္ႏွစ္ ဇန္နဝါရီလမွ ဇူလိုင္လအထိ ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ေသဆုံးသူ ၃၂ ဦးထိရွိလာ

Share this post

ရန္ကုန္၊ ၾသဂုတ္ ၄

၂၀၂ဝ ျပည့္ႏွစ္ ဇန္နဝါရီလမွ ဇူလိုင္လအထိ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားသူ ၄၁၂၁ဦး ႏွင့္ေသဆုံးသူ ၃၂ဦးထိရွိလာၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွသိရသည္။

ၾသဂုတ္လ ၃ ရက္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန လူမႈကြန္ရက္မွ သတင္းထုတ္ျပန္ခ်က္အရ ျဖစ္ပြားမႈအမ်ားဆုံး တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ၅ခုရွိၿပီး စစ္ကိုင္းတိုင္းေဒသႀကီး ၊မြန္ျပည္နယ္၊ မႏၲေ လးတိုင္းေဒသႀကီး၊ရန္ကုန္တိုင္းေဒသႀကီး၊မေကြးတိုင္းေဒသႀကီးတို႔ျဖစ္ေၾကာင္းသိရသည္။

“ေသြးလြန္တုပ္ေကြးမျဖစ္ေအာင္ အဓိက ကိုယ့္အိမ္ထဲ ျခင္က်ားမရွိဖို႔လိုတယ္။ ဖုံး၊သြန္၊လဲ၊စစ္ ဒါေတြလည္း လုပ္ဖို႔လိုသလို ကိုယ့္အိမ္ပတ္၀န္းက်င္ကိုလည္းသန္႔ရွင္းေအာင္လုပ္ရမယ္။ အိုးျခမ္းပဲ့ ကားတာယာ ဒီလိုထဲမွာ ေရေတြ၀င္ေနရင္ ဖယ္ရွားပစ္ရမယ္။ ဒါေတြ အဓိကလုပ္ရမယ္။ဘာေၾကာင့္လဲဆိုေတာ့ ေသြးလြန္တုပ္ေကြး ကေရာဂါပိုးသယ္ေဆာင္တဲ့ ျခင္က်ားကိုက္လို႔ျဖစ္တာကိုး’’ဟု ဗဟိုက်န္းမာေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴး အၿငိမ္းစား ေဒါက္တာခင္ေမာင္လြင္ကေျပာသည္။

ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈ၏ ၈၉ ရာခိုင္နႈန္းမွာ ၁၅ႏွစ္ေအာက္ကေလးမ်ားတြင္ျဖစ္ပြားၿပီး ၆၈ရာခိုင္နႈန္ းသည္ေက်းလက္ေဒသတြင္ျဖစ္ပြားေနေၾကာင္းသိ

ရသည္။ ေသြးလြန္တုပ္ေကြးေရာဂါသည္ ေရာဂါပိုးသယ္ေဆာင္သည့္ ေအးဒီးစ္ေခၚျခင္က်ား ကိုက္ရာမွတဆင့္ ျဖစ္ပြားျခင္းျဖစ္ၿပီး ကိုယ္ပူခ်ိန္ျမင့္မားျခင္း၊ ကေလးမွိန္းေနျခင္း ၊ႏို႔မစို႔ေတာ့ျခင္း သို႔မဟုတ္ဂဏွာမၿငိမ္ျဖစ္ျခင္း ၊ေကာ္ဖီေရာင္အန္ျခင္း၊ ခႏၶာကိုယ္တြင္အနီစက္မ်ားထြက္ေပၚျခင္း၊ ႏွာေခါင္း သြားဖုံးတို႔မွ ေသြးမ်ားထြက္ျခင္း၊ ကိုယ္ပူရာမွ ႐ုတ္တရက္ ေအးစက္သြားျခင္း စသည့္လကၡဏာတို႔ျဖစ္ပြားတတ္ေၾကာင္းသိရသည္။

#PeopleMedia

(Unicode)
၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၃၂ ဦးထိရှိလာ
………………………………………………………

ရန်ကုန်၊ ဩဂုတ် ၄

၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄၁၂၁ဦး နှင့်သေဆုံးသူ ၃၂ဦးထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

ဩဂုတ်လ ၃ ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လူမှုကွန်ရက်မှ သတင်းထုတ်ပြန်ချက်အရ ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးနှင့်ပြည်နယ် ၅ခုရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊မွန်ပြည်နယ်၊ မန္တ ေလးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးတို့ဖြစ်ကြောင်းသိရသည်။

“သွေးလွန်တုပ်ကွေးမဖြစ်အောင် အဓိက ကိုယ့်အိမ်ထဲ ခြင်ကျားမရှိဖို့လိုတယ်။ ဖုံး၊သွန်၊လဲ၊စစ် ဒါတွေလည်း လုပ်ဖို့လိုသလို ကိုယ့်အိမ်ပတ်ဝန်းကျင်ကိုလည်းသန့်ရှင်းအောင်လုပ်ရမယ်။ အိုးခြမ်းပဲ့ ကားတာယာ ဒီလိုထဲမှာ ရေတွေဝင်နေရင် ဖယ်ရှားပစ်ရမယ်။ ဒါတွေ အဓိကလုပ်ရမယ်။ဘာကြောင့်လဲဆိုတော့ သွေးလွန်တုပ်ကွေး ကရောဂါပိုးသယ်ဆောင်တဲ့ ခြင်ကျားကိုက်လို့ဖြစ်တာကိုး’’ဟု ဗဟိုကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး အငြိမ်းစား ဒေါက်တာခင်မောင်လွင်ကပြောသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု၏ ၈၉ ရာခိုင်နှုန်းမှာ ၁၅နှစ်အောက်ကလေးများတွင်ဖြစ်ပွားပြီး ၆၈ရာခိုင်နှုန် းသည်ကျေးလက်ဒေသတွင်ဖြစ်ပွားနေကြောင်းသိ

ရသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါပိုးသယ်ဆောင်သည့် အေးဒီးစ်ခေါ်ခြင်ကျား ကိုက်ရာမှတဆင့် ဖြစ်ပွားခြင်းဖြစ်ပြီး ကိုယ်ပူချိန်မြင့်မားခြင်း၊ ကလေးမှိန်းနေခြင်း ၊နို့မစို့တော့ခြင်း သို့မဟုတ်ဂဏှာမငြိမ်ဖြစ်ခြင်း ၊ကော်ဖီရောင်အန်ခြင်း၊ ခန္ဓာကိုယ်တွင်အနီစက်များထွက်ပေါ်ခြင်း၊ နှာခေါင်း သွားဖုံးတို့မှ သွေးများထွက်ခြင်း၊ ကိုယ်ပူရာမှ ရုတ်တရက် အေးစက်သွားခြင်း စသည့်လက္ခဏာတို့ဖြစ်ပွားတတ်ကြောင်းသိရသည်။

#PeopleMedia


Share this post