• Follow Us on

Home ၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲသည္ တရားမွ်တမႈရွိေသာ ေရြးေကာက္ပြဲျဖစ္မည္ဟု ေမွ်ာ္လင့္ခဲ့ ေသာ္လည္း မမွ်တမႈႏွင့္ ဘက္လိုက္မႈမ်ားကို ေန႔စဥ္ေတြ႕ျမင္ေၾကာင္း NDF ပါတီ ထုတ္ျပန္

၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲသည္ တရားမွ်တမႈရွိေသာ ေရြးေကာက္ပြဲျဖစ္မည္ဟု ေမွ်ာ္လင့္ခဲ့ ေသာ္လည္း မမွ်တမႈႏွင့္ ဘက္လိုက္မႈမ်ားကို ေန႔စဥ္ေတြ႕ျမင္ေၾကာင္း NDF ပါတီ ထုတ္ျပန္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၂၇
 
၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တမႈရွိေသာ ေရြးေကာက္ပြဲျဖစ္လာမည္ဟု ေမွ်ာ္လင့္ခဲ့ေသာ္လည္း လက္ရွိတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ မမွ်တမႈႏွင့္ ဘက္လိုက္မႈမ်ားကို ေန႔စဥ္ျမင္ေတြ႕ေနရေၾကာင္း အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ(NDF)ပါတီမွ ထုတ္ျပန္ထားသည္။
 
COVID-19 ေရာဂါ ေရာဂါထိန္းခ်ဳပ္မႈကို တင္းၾကပ္စြာ ေဆာင္ရြက္ေနေသာ္လည္း လူစုလူေဝးျဖင့္ မဲဆြယ္ လွည့္လည္မႈမ်ားကို အဟန႔္အတားမရွိေဆာင္ရြက္ေနၿပီး အတိုက္အခံပါတီအေနျဖင့္လည္း လာမည့္ ေရြးေကာက္ပြဲအတြက္ မဲထြက္ေပးၾကရန္ လႈံ႕ေဆာ္သံမ်ား ပိုမိုမ်ားျပားလာေၾကာင္း NDF ပါတီက ထုတ္ျပန္ ထားသည္။
 
ဆက္လက္၍ NDF ပါတီသည္ ျပည္သူမ်ားထံ၌ မည္သည့္အခါမွ စြန႔္ခြာသြားမည္မဟုတ္ေၾကာင္းႏွင့္ ျပည္သူႏွင့္ တစ္သားတည္းရွိမည္ျဖစ္၍ ေရြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး မည္သို႔ေသာအေျခအေနမ်ားႏွင့္ ျဖစ္ေစကာမူ NDF ပါတီသည္ ဒီမိုကေရစီတိုက္ပြဲကို မစြန႔္ခြာဘဲ ၂၀၂၀ ပါတီစုံအေထြေထြေရြးေကာက္ပြဲကို ျပည္သူႏွင့္အတူ ၀င္ ေရာက္ယွဥ္ၿပိဳင္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
 
COVID-19 ေရာဂါကူးစက္ႏႈန္းႏွင့္ ေသႏႈန္းမ်ား တိုးပြားေနျခင္းေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား ရပ္ဆိုင္း ထားမႈေၾကာင့္ စား၀တ္ေနေရးခက္ခဲလာျခင္း၊ လမ္းပန္းဆတ္သြယ္ေရးႏွင့္ ခရီးသြားလာေရးမ်ား ခက္ခဲလာ ျခင္းမ်ားကို ျပည္သူမ်ား ရင္ဆိုင္ေနရေၾကာင္းကိုလည္းပါရွိသည္။
 
ေရြးေကာက္ပြဲအာဏာရွင္စနစ္ ထပ္မံမျဖစ္ေစရန္၊ တစ္ပါတီတည္းႀကီးစိုးေသာ လႊတ္ေတာ္မျဖစ္လာေစရန္၊ လူအမ်ားစုႏွင့္ နိုင္ငံေရးငါတေကာေကာၿပီး ေဆာင္ရြက္ေနမႈမ်ား ထပ္မံမျဖစ္လာေစရန္၊ ပါတီမ်ားစြာထဲမွ အရည္အခ်င္းျပည့္ဝေသာ နိုင္ငံေရးလူေတာ္လူေကာင္းမ်ား လႊတ္ေတာ္အတြင္းသို႔ ေရာက္ရွိလာေစရန္ႏွင့္ အစဥ္အလာနိုင္ငံေရးသိကၡာ၊ ေစာင့္ထိန္းခဲ့ေသာ တိုင္းခ်စ္ျပည္ခ်စ္မ်ိဳးခ်စ္စိတ္ရွိသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းမ်ားကို ေရြးခ်ယ္ေပးၾကရန္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ NDF မွ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။
 
#PeopleMedia #NDF #2020election
 
(unicode)
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် တရားမျှတမှုရှိသော ရွေးကောက်ပွဲဖြစ်မည်ဟု မျှော်လင့်ခဲ့ သော်လည်း မမျှတမှုနှင့် ဘက်လိုက်မှုများကို နေ့စဉ်တွေ့မြင်ကြောင်း NDF ပါတီ ထုတ်ပြန်
………………………………………………………
ရန်ကုန်၊ အောက်တိုဘာ – ၂၇
 
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲဖြစ်လာမည်ဟု မျှော်လင့်ခဲ့သော်လည်း လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မမျှတမှုနှင့် ဘက်လိုက်မှုများကို နေ့စဉ်မြင်တွေ့နေရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ပါတီမှ ထုတ်ပြန်ထားသည်။
 
COVID-19 ရောဂါ ရောဂါထိန်းချုပ်မှုကို တင်းကြပ်စွာ ဆောင်ရွက်နေသော်လည်း လူစုလူဝေးဖြင့် မဲဆွယ် လှည့်လည်မှုများကို အဟန့်အတားမရှိဆောင်ရွက်နေပြီး အတိုက်အခံပါတီအနေဖြင့်လည်း လာမည့် ရွေးကောက်ပွဲအတွက် မဲထွက်ပေးကြရန် လှုံ့ဆော်သံများ ပိုမိုများပြားလာကြောင်း NDF ပါတီက ထုတ်ပြန် ထားသည်။
 
ဆက်လက်၍ NDF ပါတီသည် ပြည်သူများထံ၌ မည်သည့်အခါမှ စွန့်ခွာသွားမည်မဟုတ်ကြောင်းနှင့် ပြည်သူနှင့် တစ်သားတည်းရှိမည်ဖြစ်၍ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မည်သို့သောအခြေအနေများနှင့် ဖြစ်စေကာမူ NDF ပါတီသည် ဒီမိုကရေစီတိုက်ပွဲကို မစွန့်ခွာဘဲ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ပြည်သူနှင့်အတူ ဝင် ရောက်ယှဉ်ပြိုင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
COVID-19 ရောဂါကူးစက်နှုန်းနှင့် သေနှုန်းများ တိုးပွားနေခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်း ထားမှုကြောင့် စားဝတ်နေရေးခက်ခဲလာခြင်း၊ လမ်းပန်းဆတ်သွယ်ရေးနှင့် ခရီးသွားလာရေးများ ခက်ခဲလာ ခြင်းများကို ပြည်သူများ ရင်ဆိုင်နေရကြောင်းကိုလည်းပါရှိသည်။
 
ရွေးကောက်ပွဲအာဏာရှင်စနစ် ထပ်မံမဖြစ်စေရန်၊ တစ်ပါတီတည်းကြီးစိုးသော လွှတ်တော်မဖြစ်လာစေရန်၊ လူအများစုနှင့် နိုင်ငံရေးငါတကောကောပြီး ဆောင်ရွက်နေမှုများ ထပ်မံမဖြစ်လာစေရန်၊ ပါတီများစွာထဲမှ အရည်အချင်းပြည့်ဝသော နိုင်ငံရေးလူတော်လူကောင်းများ လွှတ်တော်အတွင်းသို့ ရောက်ရှိလာစေရန်နှင့် အစဉ်အလာနိုင်ငံရေးသိက္ခာ၊ စောင့်ထိန်းခဲ့သော တိုင်းချစ်ပြည်ချစ်မျိုးချစ်စိတ်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ပေးကြရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
 
#PeopleMedia #NDF #2020election

Share this post