• Follow Us on

Home ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တမႈမရွိသည့္ ေရြးေကာက္ပြဲအျဖစ္ NDF ပါတီ သတ္မွတ္

၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တမႈမရွိသည့္ ေရြးေကာက္ပြဲအျဖစ္ NDF ပါတီ သတ္မွတ္

Share this post

ရန္ကုန္ ၊ ႏိုဝင္ဘာ ၁၀

၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပေသာ အေထြေထြေရြးေကာက္ပြဲသည္ မဲစာရင္းမွားယြင္းမႈ အမ်ားအျပားရွိေနသည့္အတြက္ လြတ္လပ္ၿပီး တရားမွ်တမႈမရွိေသာ ေရြးေကာက္ပြဲအျဖစ္သတ္မွတ္ကာ ေၾကျငာခ်က္ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း NDF ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအပါအဝင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအသီးသီး၌ မဲေပးခြင့္ရွိဦးေရထက္ မဲစာရင္း ပိုေနမႈ အမ်ားအျပားရွိခဲ့ၿပီး ယင္းကဲ့သို႔ မဲစာရင္းအေရအတြက္ ပိုေနမႈစာရင္းမ်ားသည္ လူမႈကြန္ယက္မ်ားေပၚ တြင္လဲ ျပန္႔ႏွံလ်က္ရွိသည္။

“ေရြးေကာက္ပြဲကို တရားမဝင္တဲ့ေရြးေကာက္ပြဲရလဒ္ေတြက မသမာမႈျဖစ္တဲ့အတြက္ တရားမဝင္ေရြးေကာက္ပြဲ အျဖစ္သတ္မွတ္ၿပီးေတာ့ ဒါကိုရပ္ဆိုင္းၿပီးေပးဖို႔ အန္ကယ္တို႔ပါတီက ေတာင္းဆိုတယ္။ ဒါကိုေၾကျငာခ်က္လဲ ထုတ္မွာပဲ” ဟု ဦးခင္ေမာင္ေဆြက ေျပာပါတယ္။

ယင္းကဲ့သို႔ မဲစာရင္းမွားယြင္းမႈ အေျမာက္အမ်ားရွိေနသည့္အတြက္ ႏိုင္ငံေရးပါတီတခ်ိဳ႕အေနျဖင့္ ေရြးေကာက္ပြဲ အႏိုင္/အရွံး ရလဒ္မဲစာရင္း ပုံစံ (၁၉) အား ကိုယ္စားလွယ္ေလာင္းမ်ားကို လက္မွတ္မထိုးရန္ ႏိုင္ငံေရး ပါတီအသီးသီးက ၫြန္ၾကားထားလွ်က္ရွိသည္။

“ပုံစံ ၁၉ ကို ကိုယ့္ရဲေဘာ္ေတြကိုေတာ့ လက္မွတ္မထိုးခိုင္းထားဘူး။ ဘာလို႔လည္းဆိုေတာ့ ပုံစံ ၁၉ ဟာ မဲစာရင္းေတြကို အတည္ျပဳေၾကာင္း သတ္မွတ္ေၾကာင္း ဝန္ခံတဲ့ဟာႀကီးျဖစ္ေနတယ္။ အန္ကယ္တို႔ကေတာ့ မထိုးဖို႔ေတာ့ ၫြန္ၾကားထားတယ္”ဟု ဦးခင္ေမာင္ေဆြက ေျပာပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ေရြးေကာက္ပြဲအႏိုင္အရႈံးရလဒ္မ်ားကို ေရြးေကာက္ပြဲက်င္းပၿပီး ေနာက္ ျမန္ဆန္စြာ ထုတ္ျပန္ႏိုင္ခဲ့ေသာ္လည္း လက္ရွိ ေရြးေကာက္ပြဲရလဒ္မ်ားကို တစ္ႏိုင္ငံလုံးအတိုင္း အတာျဖင့္ UEC က ထုတ္ျပန္ႏိုင္ျခင္းမရွိေသးပါ။

#PeopleMedia #UEC #2020election

(unicode)
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲအဖြစ် NDF ပါတီ သတ်မှတ်
………………………………………………………

ရန်ကုန် ၊ နိုဝင်ဘာ ၁၀

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲသည် မဲစာရင်းမှားယွင်းမှု အများအပြားရှိနေသည့်အတွက် လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲအဖြစ်သတ်မှတ်ကာ ကြေငြာချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ မဲပေးခွင့်ရှိဦးရေထက် မဲစာရင်း ပိုနေမှု အများအပြားရှိခဲ့ပြီး ယင်းကဲ့သို့ မဲစာရင်းအရေအတွက် ပိုနေမှုစာရင်းများသည် လူမှုကွန်ယက်များပေါ် တွင်လဲ ပြန့်နှံလျက်ရှိသည်။

“ရွေးကောက်ပွဲကို တရားမဝင်တဲ့ရွေးကောက်ပွဲရလဒ်တွေက မသမာမှုဖြစ်တဲ့အတွက် တရားမဝင်ရွေးကောက်ပွဲ အဖြစ်သတ်မှတ်ပြီးတော့ ဒါကိုရပ်ဆိုင်းပြီးပေးဖို့ အန်ကယ်တို့ပါတီက တောင်းဆိုတယ်။ ဒါကိုကြေငြာချက်လဲ ထုတ်မှာပဲ” ဟု ဦးခင်မောင်ဆွေက ပြောပါတယ်။

ယင်းကဲ့သို့ မဲစာရင်းမှားယွင်းမှု အမြောက်အများရှိနေသည့်အတွက် နိုင်ငံရေးပါတီတချို့အနေဖြင့် ရွေးကောက်ပွဲ အနိုင်/အရှံး ရလဒ်မဲစာရင်း ပုံစံ (၁၉) အား ကိုယ်စားလှယ်လောင်းများကို လက်မှတ်မထိုးရန် နိုင်ငံရေး ပါတီအသီးသီးက ညွန်ကြားထားလျှက်ရှိသည်။

“ပုံစံ ၁၉ ကို ကိုယ့်ရဲဘော်တွေကိုတော့ လက်မှတ်မထိုးခိုင်းထားဘူး။ ဘာလို့လည်းဆိုတော့ ပုံစံ ၁၉ ဟာ မဲစာရင်းတွေကို အတည်ပြုကြောင်း သတ်မှတ်ကြောင်း ဝန်ခံတဲ့ဟာကြီးဖြစ်နေတယ်။ အန်ကယ်တို့ကတော့ မထိုးဖို့တော့ ညွန်ကြားထားတယ်”ဟု ဦးခင်မောင်ဆွေက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအနိုင်အရှုံးရလဒ်များကို ရွေးကောက်ပွဲကျင်းပပြီး နောက် မြန်ဆန်စွာ ထုတ်ပြန်နိုင်ခဲ့သော်လည်း လက်ရှိ ရွေးကောက်ပွဲရလဒ်များကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် UEC က ထုတ်ပြန်နိုင်ခြင်းမရှိသေးပါ။

#PeopleMedia #UEC #2020election


Share this post