• Follow Us on

Home ၂၀၂၀ ဒီဇင္ဘာအမွီ YMBA မွ ဗုဒၶတကၠသိုလ္ ဖြင့္ရန္စီစဥ္၊ ဗုဒၶတကၠ သိုလ္မွ မဟာဘြဲ႕အထိ ခ်ီးျမင့္မည္

၂၀၂၀ ဒီဇင္ဘာအမွီ YMBA မွ ဗုဒၶတကၠသိုလ္ ဖြင့္ရန္စီစဥ္၊ ဗုဒၶတကၠ သိုလ္မွ မဟာဘြဲ႕အထိ ခ်ီးျမင့္မည္

Share this post

ရန္ကုန္၊ ဇူလိုင္ – ၁၅

၂၀၂၀ ဒီဇင္ဘာအမွီ YMBA မွ ဗုဒၶတကၠသိုလ္ ဖြင့္ရန္စီစဥ္ထားၿပီး အဆုိပါ ဗုဒၶတကၠသိုလ္မွ မဟာဘြဲ႕အထိ ခ်ီးျမင့္သြားမည္ျဖစ္ေၾကာင္း YMBA အတြင္းေရးမွဴး ဦးေသာင္း၀င္းကေျပာပါတယ္။

ဇူလိုင္ ၁၅ ရက္ တြင္ people media က ဗုဒၶတကၠသုိလ္ ဖြင့္လွစ္ရန္ စီစဥ္မႈႏွင့္ပတ္သက္ၿပီး People Media က YMBA အတြင္းေရးမွဴး ဦးေသာင္း၀င္းထံ ဆက္သြယ္ေမးျမန္းရာ၌ ဦးေသာင္းဝင္းက အထက္ပါအတုိင္း ေျပာဆုိ လုိက္တာလည္း ျဖစ္ပါတယ္။

“လာမဲ့ ဒီဇင္ဘာ ၉ ရက္က အမ်ိဳးသားေန႔ေလ။ အဲဒီမွာဖြင့္ဖို႔ ရည္မွန္းခ်က္ရွိတယ္။ အခုကတည္းကႀကိဳလုပ္ေန တာေပါ့။ အေခၚအေဝၚက အျပည္ျပည္ဆိုင္ရာ YMBA ေထရဝါဒ ဗုဒၶတကၠသိုလ္။ ဖြင့္တာက ရန္ကုန္မွာပဲ ဖြင့္ မွာေပါ့။ စီစဥ္တာက တို႔ဘာသာစီစဥ္တာပါ။ ယေန႔ျမန္မာျပည္မွာ ဗုဒၶတကၠသိုလ္အမ်ားႀကီးပဲေလ။ အဲဒီေတာ့ ဗုဒၶတကၠသိုလ္တက္တဲ့ ရဟန္းသံဃာ လူပုဂၢိဳလ္ေတြကဗုဒၶဘာသာကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔အတြက္ ရည္ ႐ြယ္တာေပါ့ေလ။ ဘြဲ႕ေတြဘာေတြေပးဖို႔က ယေန႕ျမန္မာနိုင္ငံမွာဖြင့္ထားတဲ့တကၠသိုလ္ေတြရွိတယ္။ သူတို႔နဲ႔ တိုင္ပင္ညွိႏိႈင္းေပးမွာေပါ့။ အငယ္တန္းအဆင့္၊ အထက္တန္းအဆင့္၊ အႀကီးတန္းအဆင့္ေနာက္ ဒီပလိုမာ အဆင့္၊ MA ဗုဒၶဇင္တို႔ အဂၤလိပ္တို႔ ျမန္မာတို႔ အဲဒီလိုမ်ိဳး။ ေနာက္ပိုင္းတိုးခ်ဲ႕ၿပီးမဟာဘြဲ႕ပါေပးဖို႔ရွိတာေပါ့’’ ဟု ၎ကေျပာသည္။

ဗုဒၶဘာသာကလ်ာဏယု၀အသင္း ဝိုင္အမ္ဘီေအကို ၁၉၀၆ ခုႏွစ္ ေမလ ၁၀ ရက္ေန႔တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး အမ်ိဳး၊ ဘာသာ၊ သာသနာႏွင့္ ပညာေရးစသည့္ အမ်ိဳးသားေရးလႈပ္ရွားမႈမ်ားကို ဦးေဆာင္ခဲ့သည္။

#PeopleMedia #YMBA

(unicode)
၂၀၂၀ ဒီဇင်ဘာအမှီ YMBA မှ ဗုဒ္ဓတက္ကသိုလ် ဖွင့်ရန်စီစဉ်၊ ဗုဒ္ဓတက္က သိုလ်မှ မဟာဘွဲ့အထိ ချီးမြင့်မည်
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၅

၂၀၂၀ ဒီဇင်ဘာအမှီ YMBA မှ ဗုဒ္ဓတက္ကသိုလ် ဖွင့်ရန်စီစဉ်ထားပြီး အဆိုပါ ဗုဒ္ဓတက္ကသိုလ်မှ မဟာဘွဲ့အထိ ချီးမြင့်သွားမည်ဖြစ်ကြောင်း YMBA အတွင်းရေးမှူး ဦးသောင်းဝင်းကပြောပါတယ်။

ဇူလိုင် ၁၅ ရက် တွင် people media က ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ရန် စီစဉ်မှုနှင့်ပတ်သက်ပြီး People Media က YMBA အတွင်းရေးမှူး ဦးသောင်းဝင်းထံ ဆက်သွယ်မေးမြန်းရာ၌ ဦးသောင်းဝင်းက အထက်ပါအတိုင်း ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

“လာမဲ့ ဒီဇင်ဘာ ၉ ရက်က အမျိုးသားနေ့လေ။ အဲဒီမှာဖွင့်ဖို့ ရည်မှန်းချက်ရှိတယ်။ အခုကတည်းကကြိုလုပ်နေ တာပေါ့။ အခေါ်အဝေါ်က အပြည်ပြည်ဆိုင်ရာ YMBA ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်။ ဖွင့်တာက ရန်ကုန်မှာပဲ ဖွင့် မှာပေါ့။ စီစဉ်တာက တို့ဘာသာစီစဉ်တာပါ။ ယနေ့မြန်မာပြည်မှာ ဗုဒ္ဓတက္ကသိုလ်အများကြီးပဲလေ။ အဲဒီတော့ ဗုဒ္ဓတက္ကသိုလ်တက်တဲ့ ရဟန်းသံဃာ လူပုဂ္ဂိုလ်တွေကဗုဒ္ဓဘာသာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ရည် ရွယ်တာပေါ့လေ။ ဘွဲ့တွေဘာတွေပေးဖို့က ယနေ့မြန်မာနိုင်ငံမှာဖွင့်ထားတဲ့တက္ကသိုလ်တွေရှိတယ်။ သူတို့နဲ့ တိုင်ပင်ညှိနှိုင်းပေးမှာပေါ့။ အငယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ အကြီးတန်းအဆင့်နောက် ဒီပလိုမာ အဆင့်၊ MA ဗုဒ္ဓဇင်တို့ အင်္ဂလိပ်တို့ မြန်မာတို့ အဲဒီလိုမျိုး။ နောက်ပိုင်းတိုးချဲ့ပြီးမဟာဘွဲ့ပါပေးဖို့ရှိတာပေါ့’’ ဟု ၎င်းကပြောသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဝိုင်အမ်ဘီအေကို ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေးစသည့် အမျိုးသားရေးလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည်။

#PeopleMedia #YMBA


Share this post