• Follow Us on

Home ၂၀၂၀ ပြည့်နှစ်အတွင်း ကချင်၌ KIA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သူ သုံးဆယ်ကျော်ရှိ၊ အသတ်ခံရသူ သုံးဦးပါဝင်

၂၀၂၀ ပြည့်နှစ်အတွင်း ကချင်၌ KIA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သူ သုံးဆယ်ကျော်ရှိ၊ အသတ်ခံရသူ သုံးဦးပါဝင်

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၂၀၂၀ ပြည့်နှစ်အတွင်း ကချင်ပြည်နယ်၌ KIA လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူပေါင်း (၃၀) ကျော်အထိရှိပြီး အသတ်ခံရသူသုံးဦး ပါဝင်ကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြုစု ထားသည့် စာရင်းများအရ သိရသည်။
မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A)က ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြုစုထားသော စာရင်းများအရ တစ်နှစ်အတွင်းတွင် ကချင်ပြည်နယ် အတွင်းမှ KIA ဖမ်းဆီးခေါ်ဆောင်သွား သူပေါင်း (၃၄)ဦး၊ စစ်ကိုင်းတိုင်းအတွင်းမှ (၄) ဦး စုစုပေါင်း (၃၈) ဦး ထိရှိပြီး ယင်းတွင် ရှမ်းနီလူမျိုး(၂၉)၊ လီဆူ လူမျိုး (၉)ဦး ပါဝင်ကာ အသတ်ခံရသူ ရှမ်းနီလူမျိုး(၃)ဦးအထိ ပါဝင်သည်။
KIA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရှမ်းတိုင်းရင်းသားများနှင့် လီဆူတိုင်းရင်းသားလူမျိုးသားများအား ဖမ်းဆီး ခေါ်ဆောင်ရခြင်းမှာ အဓိကအကြောင်းရင်း သုံးချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရကြောင်း S.E.A အတွင်း ရေးမှူး ဦးခင်မောင်အေးက ဆိုသည်။
“ပထမကတော့ ဆက်ကြေးမပေးလို့ဖမ်းတာရှိတယ်။ နောက်ပြီးအကြောင်း အမျိုးမျိုးပြပြီးတော့ ပြန်ပေး သဘောမျိုးပေါ့ သွားရွေးရမယ်။ ဘယ်လောက်နဲ့ လာရွေးရမယ် အဲဒါမျိုးရှိတယ်။ နောက်လူငယ်တွေ ဆိုရင်သူတို့က တပ်သားစုဆောင်းတာပေါ့ ဒီအချက်သုံးချက်နဲ့ သူတို့က ဖမ်းတာ” ဟု S.E.A မှ အတွင်းရေးမှူး ဦးခင်မောင်အေးက ပြောသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည့် (၃၈) ဦးအနက် ပြန်လည်လွတ်မြောက်လာသူ (၁၄) ဦးရှိပြီး လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားခံရဆဲ (၁၈)ဦး ကျန်ရှိနေသေးသောကြောင်း ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ် မြောက်လာရေးအတွက် S.E.Aက ညှိနှိုင်းဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ အတွင်းရေးမှူး ဦးခင်မောင်အေးက ယခုကဲ့သို့ထည့်သွင်းပြောဆိုခဲ့သည်။
“ကျွန်တော်တို့ PCG နဲ့ တွေ့ဆုံပြီးဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးတဲ့အထဲမှာ ကျွန်တော်တို့ဒီ ဆက် ကြေးမကောက်ဖို့၊ ကလေးတွေကို မဖမ်းဖို့၊ တပ်သားသစ် မစုဆောင်းဖို့၊ နောက်ပြီးတော့ သတ်ဖြတ်ခြင်းမလုပ်ဖို့ ဆိုပြီးအရေးဆိုခဲ့တာတွေ ရှိပါတယ်။ တချို့ကတော့ ကျွန်တော်တို့ PCG နဲ့ ညှိနှိုင်းပြီးတော့ လွတ်ပေးပါလို့ပြော ရင်လွတ်ပေးတာတွေရှိတယ်” ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါ ဖမ်းဆီးခဲ့သည့် သုံးဆယ်ကျော်တွင် (၁၈)ဦးအထိ ဖမ်းဆီးခဲ့သည့် မြစ်ကြီးနားမြို့နယ်က အများဆုံးဖြစ် ပြီး တနိုင်းမြို့နယ်၊ ရွှေကူမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဟုမ္မလင်းမြို့ နယ်တို့ ပါဝင်သည်။
KIA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ယခုကဲ့ သို့တိုင်းရင်းသားလူမျိုးများအပေါ် အတင်းအဓမ္မဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း လုပ်ဆောင်သည့်အပေါ် အမည်မဖော်လိုသူ ရှမ်နီးအမျိုးသားတစ်ဦးက ယခုကဲ့သို့ဆိုသည်။
“ဒီလိုလုပ်ဆောင်တာက မကောင်းဘူးပေါ့။ ကျွန်တော်တို့ကတော့ မဖြစ်စေချင်ဘူး။ လူမျိုးရေးမဋိပက္ခ ဖြစ်သွား နိုင်တာပေါ့”ဟု ရှမ်းနီအမျိုးသားတစ်ဦးက ပြောသည်။
အသတ်ခံရသည့် သုံးဦးမှာ ရှမ်းနီလူမျိုးများဖြစ်ကြပြီး ဇူလိုင်လအတွင်းက အသတ်ခံခဲ့ရသည့် ဆယ်ဇင်းကျေးရွာ က ကျောင်းသားနှစ်ဦးဖြစ်သည့် မောင်သန့်ဇင်အောင်၊ မောင်ဇော်မျိုးဦး (ခ)သားငယ်နှင့် ဒီဇင်ဘာ (၂၇) ရက်နေ့ က အသတ်ခံရသည့် ဆယ်ဇင်းကျေးရွာက ကိုဆံရှည်တို့ ဖြစ်သည်။
S.E.A က ပြုစုထားသည့် စာရင်းများအရ ဖမ်းဆီးခံထားရသူများမှာ အသက် (၂၀)မှ (၃၀)ကြား အများဆုံး ဖြစ်ပြီး အသက်(၅၀) ကျော်နှင့် အသက် (၂၀)အောက် လူငယ်များလည်း ပါဝင်သည်။
အောင်ပိုင်
#PeopleMedia #KIA #SEA
(unicode)
၂၀၂၀ ပြည့်နှစ်အတွင်း ကချင်၌ KIA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူ သုံးဆယ်ကျော်ရှိ၊ အသတ်ခံရသူ သုံးဦးပါဝင်
……………………………………………………