• Follow Us on

Home ၂၀၂၀ အေထြေထြေရြးေကာက္ပြဲ စံခ်ိန္စံညႊန္းကိုက္ညီမႈ႐ွိမည္မဟုတ္ဟု ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလကိုယ္စားလွယ္ေျပာ

၂၀၂၀ အေထြေထြေရြးေကာက္ပြဲ စံခ်ိန္စံညႊန္းကိုက္ညီမႈ႐ွိမည္မဟုတ္ဟု ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလကိုယ္စားလွယ္ေျပာ

Share this post

ဂ်ီနီဗာ၊ စက္တင္ဘာ ၂၃

ႏို၀င္ဘာတြင္က်င္းပရန္စီစဥ္ထားသည့္ေ႐ြးေကာက္ပြဲသည္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ) မြတ္ဆလင္သိန္းခ်ီကို မဲေပးခြင့္မျပဳထားသျဖင့္ ႏိုင္ငံတကာစံခ်ိန္စံညႊန္းမ်ားႏွင့္ကိုက္ညီမည္မဟုတ္ဟု ကုလသမဂၢ၏ျမန္မာႏိုင္ငံလူ႔အခြင့္အေရးအေျခအေနစံုစမ္းစစ္ေဆးေရးမွဴးက အဂၤါေန႔တြင္ေျပာသည္။

ရခိုင္္ျပည္နယ္အေနာက္ပိုင္းႏွင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွဒုကၡသည္စခန္းမ်ားတြင္ေနထိုင္ၾကသည့္ မဲေပးႏုိင္ သည့္အသက္အ႐ြယ္႐ွိေသာဘဂၤါလီမ်ားကို ပယ္ထားသျဖင့္ မဲေပးမႈသည္ လြတ္လပ္မွ်တမည္မဟုတ္ဟု ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီတြင္ ေသာမတ္ အန္ဒ႐ူးကေျပာသည္။

၂၀၁၇ ခုႏွစ္တြင္ အၾကမ္းဖက္မ်ားက နယ္ျခားေစာင့္စခန္းမ်ားကို တိုက္ခိုက္ခဲ့ၿပီးေနာက္ တပ္မေတာ္က နယ္ေျမ႐ွင္းလင္းေရးစစ္ဆင္ေရးမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ ဘဂၤါလီ ၇၄၀၀၀၀ ေက်ာ္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသုိ႔ ထြက္ေျပးခဲ့ၿပီး ျမန္မာႏုိင္ငံဘက္က လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားျပဳလုပ္ခဲ့ျခင္းမ႐ွိဟု ျငင္းဆိုထားသည္။

ေ႐ြးေကာက္ပြဲေကာ္မ႐ွင္က လြတ္လပ္မွ်တပြင့္လင္းယံုၾကည္ရၿပီး မဲဆႏၵရွင္မ်ား၏ဆႏၵကိုေရာင္ျပန္ဟပ္ေစမည့္ စံမ်ားသတ္မွတ္ထားေၾကာင္း ဂ်ီနီဗာ႐ွိကုလသမဂၢဆိုင္ရာျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကိုေျပာသည္။

အားလံုးမွ်တစြာပါ၀င္ႏုိင္ရန္ ကိုယ္စားလွယ္ေလာင္းေလွ်ာက္ထားလႊာမ်ားကို ေစ့ေစ့စပ္စပ္စစ္ေဆးခဲ့ေၾကာင္း လည္းေျပာသည္။

Ref : U.N. rights envoy to Myanmar says election will fail to meet standards

#PeopleMedia

(Unicode)
၂၀၂၀ အထွေထွေရွေးကောက်ပွဲ စံချိန်စံညွှန်းကိုက်ညီမှုရှိမည်မဟုတ်ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလကိုယ်စားလှယ်ပြော
………………………………………………

ဂျီနီဗာ၊ စက်တင်ဘာ ၂၃

နိုဝင်ဘာတွင်ကျင်းပရန်စီစဉ်ထားသည့်ရွေးကောက်ပွဲသည် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) မွတ်ဆလင်သိန်းချီကို မဲပေးခွင့်မပြုထားသဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီမည်မဟုတ်ဟု ကုလသမဂ္ဂ၏မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေစုံစမ်းစစ်ဆေးရေးမှူးက အင်္ဂါနေ့တွင်ပြောသည်။

ရခိုင််ပြည်နယ်အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဒုက္ခသည်စခန်းများတွင်နေထိုင်ကြသည့် မဲပေးနိုင် သည့်အသက်အရွယ်ရှိသောဘင်္ဂါလီများကို ပယ်ထားသဖြင့် မဲပေးမှုသည် လွတ်လပ်မျှတမည်မဟုတ်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် သောမတ် အန်ဒရူးကပြောသည်။

၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်များက နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂါလီ ၇၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး မြန်မာနိုင်ငံဘက်က လူမျိုးတုန်းသတ်ဖြတ်မှုများပြုလုပ်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားသည်။

ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်မျှတပွင့်လင်းယုံကြည်ရပြီး မဲဆန္ဒရှင်များ၏ဆန္ဒကိုရောင်ပြန်ဟပ်စေမည့် စံများသတ်မှတ်ထားကြောင်း ဂျီနီဗာရှိကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကိုပြောသည်။

အားလုံးမျှတစွာပါဝင်နိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်ထားလွှာများကို စေ့စေ့စပ်စပ်စစ်ဆေးခဲ့ကြောင်း လည်းပြောသည်။

Ref : U.N. rights envoy to Myanmar says election will fail to meet standards

#PeopleMedia


Share this post