• Follow Us on

Home ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လူမျိုးရေးခွဲခြားသည့်ေ ရွးကောက်ပွဲဟု ဘင်္ဂါလီအခွင့်အရေးအဖွဲ့ BROUK ပြော


Share this post

ဒါကာ၊ သြဂုတ် ၂၀










#PeopleMedia

(unicode)
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လူမျိုးရေးခွဲခြားသည့် ေရွးကောက်ပွဲဟု ဘင်္ဂါလီအခွင့်အရေးအဖွဲ့ BROUK ပြော
………………………………………………

ဒါကာ၊ ဩဂုတ် ၂၀

လာမည့်အထွေထွေရွေးကောက်ပွဲတွင် လူမျိုးရေးခွဲခြားဆက်ဆံသည့်အခန်းကဏ္ဍကြောင့် မြန်မာရွေးကောက်ပွဲ အာဏာပိုင်များကို ထောက်ပံ့မှုရပ်ဆိုင်းရန် ဗြိတိန်အခြေစိုက်ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)က ဗုဒ္ဓဟူးနေ့တွင် နိုင်ငံတကာအသိုက်အဝန်းကိုတိုက်တွန်းခဲ့သည်။

“မြန်မာနိုင်ငံရဲ့လူမျိုးရေးခွဲခြားတဲ့ရွေးကောက်ပွဲကော်မရှင်ကို အလှူရှင်တွေက အထောက်အပံ့ရပ်ကိုရပ်ရမှာ ဖြစ်ပါတယ်” ဟု ဗမာရိုဟင်ဂျာအဖွဲ့ ဗြိတိန်(BROUK)၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် မြန်မာအာဏာပိုင်များက ဘင်္ဂါလီများဦးဆောင်သည့်နိုင်ငံရေးပါတီများမှကိုယ်စား လှယ်လောင်းအနည်းဆုံး ၆ ယောက်ကို အရည်အချင်းမမှီဟုဆိုကာပယ်ချခဲ့ပြီး သူတို့၏မဲပေးခွင့်ကိုလည်း ငြင်းဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဖိနှိပ်ခံဘင်္ဂါလီအသိုက်အဝန်းမှကိုယ်စားလှယ်လောင်းများက ၂၀၁၀ ပြည့်နှစ်မတိုင်မီအထိ ရွေးကောက်ပွဲ များတွင် ကန့်သတ်ပမာဏဖြင့် ဝင်ရောက်ရွေးကောက်ခံခဲ့ပြီး ၂၀၁၅ ခုနှစ်အထိ အမတ် ၃ ယောက် ရွေးကောက်ခံခဲ့ရသည်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဘင်္ဂါလီအသိုက်အဝန်းကို အစိုးရက ဝင်ရောက်ယှဉ်ပြိုင်ရန် နှင့်မဲပေးရန် အရည်အချင်းမပြည့်မီကြောင်းကြေညာခဲ့သည်။

“ရိုဟင်ဂျာတွေကို မဲပေးခွင့်မပေးဖို့ကြိုးစားတာတွေဟာ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ကို လူမျိုးတုန်းသတ်ဖြ တ်မှုကျူးလွန်နေတဲ့နောက်တစ်ပိုင်းဖြစ်တယ်”ဟု BROUK ခေါင်းဆောင် ထွန်းခင်ကပြောသည်။

“မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့အသွင်လက္ခဏာကိုဖျောက်ပစ်ဖို့ စွာကျယ်စွာကျယ်နဲ့နောက်တစ်ခေါက်ကြိုး စားနေတာပါ။ မြန်မာမှာ ဘာတွေဖြစ်နေသလဲဆိုတာအတွက် ကမ္ဘာကြီးနိုးထသင့်ပါပြီ” ဟုလည်းပြောသည်။

လူမျိုးရေးခွဲခြားသည့်မူဝါဒများရှိနေသော်လည်း မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်သည် ဥရောပသမဂ္ဂ၊ နော်ဝေနှင့် ဗြိတိန်တို့အပါအဝင် နိုင်ငံတကာအလှူရှင်များထံမှ သိသာထင်ရှားသည့်အထောက်အပံ့များရနေ ေသးသည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

Ref : Rohingya rights body slams Myanmar’s ‘racist’ election

#PeopleMedia


Share this post