• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကရင္တိုင္းရင္းသားေရးရာ၀န္ႀကီးအျဖစ္ ေဒၚေနာ္အုန္းလွ ၀င္ေရာက္ယွဥ္ၿပိဳင္မည္

၂၀၂၀ ေရြးေကာက္ပြဲတြင္ ကရင္တိုင္းရင္းသားေရးရာ၀န္ႀကီးအျဖစ္ ေဒၚေနာ္အုန္းလွ ၀င္ေရာက္ယွဥ္ၿပိဳင္မည္

Share this post

ရန္ကုန္၊ ဇြန္ – ၁၇

လာမည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ကရင္တိုင္းရင္းသားေရးရာ၀န္ႀကီးအျဖစ္ ေဒၚေနာ္အုန္းလွ ၀င္ ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (UNDP) မွ ယေန႔သတင္းထုတ္ျပန္လိုက္သည္။

UNDP ပါတီအေနျဖင့္ ကရင္တိုင္းရင္းသားေရးရာမ်ားလုပ္ေဆာင္ခဲ့ၿပီး တိုင္းရင္းသားအခြင့္အေရးကို ေျပာႏိုင္ဆို ႏိုင္ရန္အတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ တာ၀န္ေပးခဲ့ျခင္းျဖစ္ေၾကာင္းလည္း ေဒၚေနာ္အုန္းလွက ေျပာသည္။

“ကရင္တစ္ေယာက္လည္းျဖစ္တယ္ ေနာက္ၿပီးအန္တိီတို႔ ပါတီအလုပ္အမႈေဆာင္အဖြဲ႕ကလည္း ၀င္ေရြးဖို႔ဆံုး ျဖတ္ခ်က္ခ်ခဲ့တယ္။ ကရင္တိုင္းရင္းေသားေရးရာေတြလည္းလုပ္ခဲ့တယ္။ ကၽြန္မတို႔တန္းတူအခြင့္အေရး ဖက္ဒ ရယ္သြားမယ္ဆိုရင္ အမ်ားႀကီးလုပ္ရဦးမွာေပါ့။ ဒီဥပေဒနဲ႔ရွိတဲ့အခြင့္အေရးေတာင္မေပးတဲ့ဟာကို ထပ္ၿပီးေတာ့ ရမယ့္ဟာေတြ အခြင့္အေရးေတြ ရွိၿပီးသားေတြကို ေျပာႏိုင္ဆိုႏိုင္ဖို႔ရည္ရြယ္ၿပီးေတာ့ ပါတီကခ်ေပးတာေပါ့” ဟု ေဒၚေနာ္အုန္းလွကေျပာသည္။

ထို႔အျပင္ လက္ရွိေဆာင္ရြက္ေနသူမ်ားအေနျဖင့္ ဥပေဒရွိသည့္အတိုင္း ေဆာင္ရြက္ျခင္းထက္ ပါတီ၏ မူဝါဒ လႊမ္းမုိးမႈမ်ားျဖင့္ လုပ္ကိုင္ေဆာင္ရြက္ေၾကာင္းလည္း ေဒၚေနာ္အုန္းလွက ေျပာသည္။

ကရင္အမ်ိဳးသမီးအစည္းအ႐ုံးဥကၠ႒တစ္ဦးလည္းျဖစ္သည့္ ေဒၚေနာ္အုန္းလွသည္ ကရင္တိုင္းရင္းသားအေရး လႈပ္ရွားမႈအျဖစ္္ ၿပီးခဲ့သည့္ ၂၀၁၉ ၾသဂုတ္လ ၁၂ ရက္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းေရွ႕တြင္ ၆၉ ႏွစ္ေျမာက္ ကရင္ အာဇာနည္ေန႔အခမ္းအနားကို ဦးေဆာင္ျပဳလုပ္ခဲ့ျခင္းေၾကာင့္ အေရးယူျခင္းခံခဲ့ရသည္။

#PeopleMedia

(unicode)
၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဒေါ်နော်အုန်းလှ ဝင်ရောက်ယှဉ်ပြိုင်မည်
…………………………………………………………

ရန်ကုန်၊ ဇွန် – ၁၇

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဒေါ်နော်အုန်းလှ ဝင် ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) မှ ယနေ့သတင်းထုတ်ပြန်လိုက်သည်။

UNDP ပါတီအနေဖြင့် ကရင်တိုင်းရင်းသားရေးရာများလုပ်ဆောင်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးကို ပြောနိုင်ဆို နိုင်ရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေါ်နော်အုန်းလှက ပြောသည်။

“ကရင်တစ်ယောက်လည်းဖြစ်တယ် နောက်ပြီးအန်တိီတို့ ပါတီအလုပ်အမှုဆောင်အဖွဲ့ကလည်း ဝင်ရွေးဖို့ဆုံး ဖြတ်ချက်ချခဲ့တယ်။ ကရင်တိုင်းရင်းသေားရေးရာတွေလည်းလုပ်ခဲ့တယ်။ ကျွန်မတို့တန်းတူအခွင့်အရေး ဖက်ဒ ရယ်သွားမယ်ဆိုရင် အများကြီးလုပ်ရဦးမှာပေါ့။ ဒီဥပဒေနဲ့ရှိတဲ့အခွင့်အရေးတောင်မပေးတဲ့ဟာကို ထပ်ပြီးတော့ ရမယ့်ဟာတွေ အခွင့်အရေးတွေ ရှိပြီးသားတွေကို ပြောနိုင်ဆိုနိုင်ဖို့ရည်ရွယ်ပြီးတော့ ပါတီကချပေးတာပေါ့” ဟု ဒေါ်နော်အုန်းလှကပြောသည်။

ထို့အပြင် လက်ရှိဆောင်ရွက်နေသူများအနေဖြင့် ဥပဒေရှိသည့်အတိုင်း ဆောင်ရွက်ခြင်းထက် ပါတီ၏ မူဝါဒ လွှမ်းမိုးမှုများဖြင့် လုပ်ကိုင်ဆောင်ရွက်ကြောင်းလည်း ဒေါ်နော်အုန်းလှက ပြောသည်။

ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သည့် ဒေါ်နော်အုန်းလှသည် ကရင်တိုင်းရင်းသားအရေး လှုပ်ရှားမှုအဖြစ် ပြီးခဲ့သည့် ၂၀၁၉ ဩဂုတ်လ ၁၂ ရက် ရန်ကုန်မြို့တော်ခန်းရှေ့တွင် ၆၉ နှစ်မြောက် ကရင် အာဇာနည်နေ့အခမ်းအနားကို ဦးဆောင်ပြုလုပ်ခဲ့ခြင်းကြောင့် အရေးယူခြင်းခံခဲ့ရသည်။

#PeopleMedia


Share this post