• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကရင္အမ်ိဳးသားမ်ားႏွင့္ ကရင္ပါတီမ်ားအား မဲေပးရန္ KNU ထုတ္ျပန္ေၾကညာ

၂၀၂၀ ေရြးေကာက္ပြဲတြင္ ကရင္အမ်ိဳးသားမ်ားႏွင့္ ကရင္ပါတီမ်ားအား မဲေပးရန္ KNU ထုတ္ျပန္ေၾကညာ

Share this post

ရန္ကုန္၊ေအာက္တိုဘာ ၁၅
ကရင္အမ်ိဳးသားျပည္သူလူထုအေနျဖင့္ လာမည့္ေရြးေကာက္ပြဲ၀င္ ကရင္အမ်ိဳးသားမ်ားႏွင့္ ကရင္ပါတီမ်ားအား မဲေပးရန္ ေအာက္တိုဘာ ၁၅ ရက္တြင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU မွထုတ္ျပန္ေၾကညာလိုက္ ေၾကာင္းသိရပါတယ္။
ယခုလိုထုတ္ျပန္ရျခင္းမွာကရင္အမ်ိဳးသားျပည္သူလူထု၏ မဲေပးျခင္းျဖင့္ နိုင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲေရးကိုပါ ၀င္ဖို႔ထုတ္ျပန္ေၾကညာရျခင္းျဖစ္ေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး ဗဟိုအလုပ္မႈေဆာင္ေကာ္မတီ ပဒိုေစာတာဒိုမွဴးကေျပာပါတယ္။
“လႊတ္ေတာ္ျပင္ပလုပ္ငန္းစဥ္နဲ႔လႊတ္ေတာ္ထဲလုပ္ငန္းစဥ္သြားေနတဲ့ေနရာမွာဘယ္လိုဟန္ခ်က္ညီညီသြားသင့္လဲ သြားတဲ့ေနရာမွာ ကၽြန္ေတာ္တို႔ ကရင္ျပည္သူလူထုအေနနဲ႔လည္း ဒီနိုင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲေရးမွာ ဘယ္လိုပါ၀င္သင့္သလဲဆိုတာ မီးေမွာင္းထိုးျပခ်င္လို႔ပဲျဖစ္ပါတယ္” ဟု ပဒိုေစာတာဒိုမွဴးကေျပာပါတယ္။
ျမန္မာနိုင္ငံသည္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္အား တည္ေထာင္သြားရန္ လက္ခံထားသည့္ အတြပ္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေရြးေကာက္ပြဲမ်ားႏွင့္ နိုင္ငံေရးေဆြးေႏြးပြဲမ်ားသည္ မရွိမျဖစ္လိုအပ္ေၾကာင္း ဖဒိုေစာတာဒိုမွဴးက ဆိုပါတယ္။
“ဒီနိုင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲမႈကိုသြားတဲ့ေနရာမွာ လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒေအာက္မွာရွိေနတဲ့ ေရြးေကာက္ပြဲေတြနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ပမွာရွိတဲ့ နိုင္ငံေရးေဆြးေႏြးပြဲေတြရဲ႕ၾကားထဲမွာ ကၽြန္ေတာ္တို႔ဆုံခ် က္တစ္ခုလိုအပ္တယ္။ ဘာေၾကာင့္လဲဆိုရင္ ဒီဆုံခ်က္က ဒီမိုကေရစီနဲ႔ဖယ္ဒရယ္ပဲဆိုတာကိုအားလုံး လက္ခံထားၿပီသား။ ဘာေၾကာင့္လဲဆိုရင္ အဆိုပါတပ္မေတာ္နဲ႔လႊတ္ေတာ္ထဲကိုယ္စားလွယ္ေတြအကုန္လုံးက NCA လက္မွတ္ေရးထိုးခဲ့တယ္။ ၅ ႏွစ္လည္းျပည့္ေနၿပီ။ လက္မွတ္ေရးထိုးခဲ့တာေတြကလည္း ဖယ္ဒရယ္နိုင္ငံ ကိုထူေထာင္ဖို႔ပဲ” ဖဒိုေစာတာဒိုမွဴးက ေျပာပါတယ္။
လာမည့္ေရြးေကာက္ပြဲမွာ ကရင္ျပည္သူလူထု အေနျဖင့္စစ္မွန္တဲ့ ဒီမိုကေရစီဖယ္ဒရယ္ရရွိေရးႏွင့္ ျပည္သူလူထု ၏ မဲတစ္ျပားနဲ႔ ကရင္အမ်ိဳးသားေတြပါ၀င္လာေစေၾကာင္း၎ကေျပာဆိုခဲ့ပါတယ္
#PeopleMedia
(unicode)
၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်အမျိုးသားများနှင့် ကရင်ပါတီများအား မဲပေးရန် KNU ထုတ်ပြန်ကြေညာ
…………………………………………………………
ရန်ကုန်၊အောက်တိုဘာ ၁၅
ကရင်အမျိုးသားပြည်သူလူထုအနေဖြင့် လာမည့်ရွေးကောက်ပွဲဝင် ကရင်အမျိုးသားများနှင့် ကရင်ပါတီများအား မဲပေးရန် အောက်တိုဘာ ၁၅ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU မှထုတ်ပြန်ကြေညာလိုက် ကြောင်းသိရပါတယ်။
ယခုလိုထုတ်ပြန်ရခြင်းမှာကရင်အမျိုးသားပြည်သူလူထု၏ မဲပေးခြင်းဖြင့် နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကိုပါ ဝင်ဖို့ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်မှုဆောင်ကော်မတီ ပဒိုစောတာဒိုမှူးကပြောပါတယ်။
“လွှတ်တော်ပြင်ပလုပ်ငန်းစဉ်နဲ့လွှတ်တော်ထဲလုပ်ငန်းစဉ်သွားနေတဲ့နေရာမှာဘယ်လိုဟန်ချက်ညီညီသွားသင့်လဲ သွားတဲ့နေရာမှာ ကျွန်တော်တို့ ကရင်ပြည်သူလူထုအနေနဲ့လည်း ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လိုပါဝင်သင့်သလဲဆိုတာ မီးမှောင်းထိုးပြချင်လို့ပဲဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမှူးကပြောပါတယ်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်အား တည်ထောင်သွားရန် လက်ခံထားသည့် အတွပ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် မရှိမဖြစ်လိုအပ်ကြောင်း ဖဒိုစောတာဒိုမှူးက ဆိုပါတယ်။
“ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကိုသွားတဲ့နေရာမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာရှိနေတဲ့ ရွေးကောက်ပွဲတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ပမှာရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ကြားထဲမှာ ကျွန်တော်တို့ဆုံချ က်တစ်ခုလိုအပ်တယ်။ ဘာကြောင့်လဲဆိုရင် ဒီဆုံချက်က ဒီမိုကရေစီနဲ့ဖယ်ဒရယ်ပဲဆိုတာကိုအားလုံး လက်ခံထားပြီသား။ ဘာကြောင့်လဲဆိုရင် အဆိုပါတပ်မတော်နဲ့လွှတ်တော်ထဲကိုယ်စားလှယ်တွေအကုန်လုံးက NCA လက်မှတ်ရေးထိုးခဲ့တယ်။ ၅ နှစ်လည်းပြည့်နေပြီ။ လက်မှတ်ရေးထိုးခဲ့တာတွေကလည်း ဖယ်ဒရယ်နိုင်ငံ ကိုထူထောင်ဖို့ပဲ” ဖဒိုစောတာဒိုမှူးက ပြောပါတယ်။
လာမည့်ရွေးကောက်ပွဲမှာ ကရင်ပြည်သူလူထု အနေဖြင့်စစ်မှန်တဲ့ ဒီမိုကရေစီဖယ်ဒရယ်ရရှိရေးနှင့် ပြည်သူလူထု ၏ မဲတစ်ပြားနဲ့ ကရင်အမျိုးသားတွေပါဝင်လာစေကြောင်း၎င်းကပြောဆိုခဲ့ပါတယ်
#PeopleMedia


Share this post