• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲတြင္ တႏိုင္းၿမိဳ႕နယ္အတြင္း မဲေပးႏိုင္သူ သုံးေသာင္းေက်ာ္ရွိ

၂၀၂၀ ေရြးေကာက္ပြဲတြင္ တႏိုင္းၿမိဳ႕နယ္အတြင္း မဲေပးႏိုင္သူ သုံးေသာင္းေက်ာ္ရွိ

Share this post

တႏိုင္း၊ ၾသဂုတ္ ၂၇

၂၀၂၀ ေရြးေကာက္ပြဲတြင္ တႏိုင္းၿမိဳ႕နယ္ အတြင္း မဲေပးႏိုင္သူ ဦးေရ ၃ေသာင္းေက်ာ္ရွိသည္ဟု တႏိုင္းၿမိဳ႕နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲမွ သိရသည္။

တႏိုင္းၿမိဳ႕နယ္အတြင္း မဲ႐ုံ ၂၀ ရွိၿပီး COVID – 19 ကန္႔သတ္ခ်က္မ်ားေၾကာင့္ လိုအပ္ပါက မဲ႐ုံမ်ား တိုးခ်ဲ႕ႏို င္ရန္အတြက္ ႀကိဳတင္စီစဥ္ထားရွိေၾကာင္း တႏိုင္းၿမိဳ႕နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲမွ ေရြးေကာက္ပြဲ ေကာ္မရွင္ အရာရွိ ဦးေက်ာ္သက္ပိုင္က ယခုကဲ့သို႔ ေျပာျပသည္။

“မဲေပးတဲ့ေနရာမွာ COVID 19 ေရာဂါကာလအတြင္း က်န္းမာေရး ဝန္ႀကီးဌာန က ထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္နဲ႔အညီ စီစဥ္ထားပါတယ္၊ လိုအပ္ပါက မဲ႐ုံေတြ တိုးခ်ဲ႕ႏိုင္ေအာင္လဲ လ်ာထားပါတယ္” ဟု ဦးေက်ာ္သက္ပိုင္က ဆိုသည္။

တႏိုင္းၿမိဳ႕နယ္အတြင္း တိုင္းရင္သားလူမ်ိဳးေရးရာ မဲဆႏၵနယ္အလိုက္ မဲေပးႏိုင္သူဦးေရ အေနႏွင့္ ဗမာေရးရာတိုင္းရင္းသားေရးရာ မဲဆႏၵနယ္တြင္ မဲေပးႏိုင္သူ ဦးေရ ၈၂၅၀ ဦး၊ ရွမ္းတိုင္းရင္းသားေရးရာ မဲဆႏၵနယ္တြင္ မဲေပးႏိုင္သူ ဦးေရ ၁၅၀၇ ဦး၊ လီဆူတိုင္းရင္းသားေရးရာ မဲဆႏၵနယ္တြင္ မဲေပးႏိုင္သူ ၄၉၀၇ ဦး ႏွင့္ ရဝမ္တိုင္းရင္းသားေရးရာ မဲဆႏၵနယ္တြင္ မဲေပးႏိုင္သူ ၂၅၃ ဦး ရွိေၾကာင္း သိရသည္။

တႏိုင္းၿမိဳ႕နယ္တြင္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ မဲေပးႏိုင္သူ ဦးေရ ၂၇၃၇၄ ဦးသာ ရွိၿပီး ယခု ၂၀၂၀ ေရြးေကာက္ပြဲတြင္ ၁၈ႏွစ္ၿပီး မဲထည့္ႏိုင္သူ ဦးေရ ၃၂၁၉၈ ဦးအထိ ရွိေၾကာင္း သိရသည္။

ညီညီ

#PeopleMedia #တႏိုင္း

(unicode)
၂၀၂၀ ရွေးကောက်ပွဲတွင် တနိုင်းမြို့နယ်အတွင်း မဲပေးနိုင်သူ သုံးသောင်းကျော်ရှိ
…………………………………………………

တနိုင်း၊ ဩဂုတ် ၂၇

၂၀၂၀ ရွေးကောက်ပွဲတွင် တနိုင်းမြို့နယ် အတွင်း မဲပေးနိုင်သူ ဦးရေ ၃သောင်းကျော်ရှိသည်ဟု တနိုင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

တနိုင်းမြို့နယ်အတွင်း မဲရုံ ၂၀ ရှိပြီး COVID – 19 ကန့်သတ်ချက်များကြောင့် လိုအပ်ပါက မဲရုံများ တိုးချဲ့နို င်ရန်အတွက် ကြိုတင်စီစဉ်ထားရှိကြောင်း တနိုင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးကျော်သက်ပိုင်က ယခုကဲ့သို့ ပြောပြသည်။

“မဲပေးတဲ့နေရာမှာ COVID 19 ရောဂါကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်နဲ့အညီ စီစဉ်ထားပါတယ်၊ လိုအပ်ပါက မဲရုံတွေ တိုးချဲ့နိုင်အောင်လဲ လျာထားပါတယ်” ဟု ဦးကျော်သက်ပိုင်က ဆိုသည်။

တနိုင်းမြို့နယ်အတွင်း တိုင်းရင်သားလူမျိုးရေးရာ မဲဆန္ဒနယ်အလိုက် မဲပေးနိုင်သူဦးရေ အနေနှင့် ဗမာရေးရာတိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ဦးရေ ၈၂၅၀ ဦး၊ ရှမ်းတိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ဦးရေ ၁၅၀၇ ဦး၊ လီဆူတိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ၄၉၀၇ ဦး နှင့် ရဝမ်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ၂၅၃ ဦး ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ဦးရေ ၂၇၃၇၄ ဦးသာ ရှိပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၈နှစ်ပြီး မဲထည့်နိုင်သူ ဦးရေ ၃၂၁၉၈ ဦးအထိ ရှိကြောင်း သိရသည်။

ညီညီ

#PeopleMedia #တနိုင်း


Share this post