• Follow Us on

Home ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီမှ ၁၂ နေရာအနိုင်ရ


Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၃
(Unicode)
၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီမှ ၁၂ နေရာအနိုင်ရ
………………………………
ရန်ကုန်၊ နိုဝင်ဘာ ၁၃
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မွန် ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၂ ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ခဲ့သည့်စာရင်းအရ မွန်ပြည်နယ်အတွင်းတွင် ရေးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ၌ လွှတ် တော်နေရာ အကုန်လုံးတွင် အနိုင်ရရှိခဲ့ပြီး သံဖြူဇရပ်မြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ တွင် တစ်ဦး၊ မုဒုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အမှတ် ၂ အပါအ ဝငျ ၃ ဦး၊ ကျိုက်မရောမြို့နယ်တွင် ပြည်နယ်လွှတ်တော် အမှတ် ၂ တွင် တစ်ဦး၊ ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော်အမှတ် ၂ တွင် တစ်ဦးနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်လောင်း စုစုပေါင်း ၁၂ ဦးအဖြစ် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂ ဦးရွေးချယ်ခံခဲ့ရသည်။
မွန်ညီညွတ်ရေးပါတီမှ ၆၅ နေရာဝင်ပြိုင်ယှဉ်ပြိုင်ခဲ့ရာ ၁၂ နေရာအနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မျှော်မှန်းခဲ့သည်မှာ ၇၅ ရာခိုင်နှုန်း အနိုင်ရရှိမည်ဟု မျှော်မှန်းခဲ့သော်လည်း ၂၀ ရာခိုင်နှုန်းမျှသာ အနိုင်ရရှိခဲ့သည်။
#PeopleMedia #Political


Share this post