• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲတြင္ ေခါင္းေဆာင္အေဟာင္းမ်ားကို ေရြးခ် ယ္ပါက ပုံစံေဟာင္းျဖင့္သာ အုပ္ခ်ဳပ္မည္ျဖစ္၍ ေခါင္းေ ဆာင္မႈအသ စ္ကုိ ေရြးခ်ယ္ရန္ တသီးကိုယ္စားလွယ္ေလာင္းေဒါ က္တာညဳိညဳိသင္း တိုက္တြန္း

၂၀၂၀ ေရြးေကာက္ပြဲတြင္ ေခါင္းေဆာင္အေဟာင္းမ်ားကို ေရြးခ် ယ္ပါက ပုံစံေဟာင္းျဖင့္သာ အုပ္ခ်ဳပ္မည္ျဖစ္၍ ေခါင္းေ ဆာင္မႈအသ စ္ကုိ ေရြးခ်ယ္ရန္ တသီးကိုယ္စားလွယ္ေလာင္းေဒါ က္တာညဳိညဳိသင္း တိုက္တြန္း

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၀

၂၀၂၀ ေရြးေကာက္ပြဲတြင္ ေခါင္းေဆာင္အေဟာင္းမ်ားကို ေရြးခ်ယ္ပါက ပုံစံေဟာင္းျဖ င့္သာအုပ္ခ်ဳပ္မည္ျဖစ္၍ ေခါင္းေဆာင္မႈအသစ္ကိုလူထုကေရြးခ်ယ္ရန္ တနသၤာရီတိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွ ယ္ေလာင္း အျဖစ္၀င္ေရာက္ယွဥ္ၿပိဳင္မည့္ေဒါက္တာညဳိညဳိသင္းကတိုက္တြန္းေျပာၾကားလိုက္သည္။

“အစိုးရလူႀကီးေတြအေနနဲ႔ တာ၀န္ရွိလူႀကီးေတြကိုေရြးခ်ယ္တဲ့အခါမွာ ဗ်ဴ႐ိုကေရစီ ယႏၲရားအေဟာင္းထဲက လူေတြကိုပဲေရြးခ်ယ္တာမို႔လို႔ အဲဒီလူေတြကမိမိကိုယ္ကိုယ္တာ၀န္ယူစိတ္တာ၀န္ခံစိတ္ကေလ်ာ့ရဲေနတာ ေပါ့။ ဒါေၾကာင့္မို႔ အန္တီထပ္ခါထပ္ခါေျပာခ်င္တာက new leader ship ကိုေရြးခ်ယ္ဖို႔လိုတယ္။ ေခါင္း ေဆာင္အေဟာင္းေတြပဲ ျပန္ေရြးလို႔ရွိရင္ လူႀကီးအေဟာင္းေတြပဲျပန္ေရြးလို႔ရွိရင္ သူတို႔က်င္လည္က်က္စား ခဲ့တဲ့ပုံစံအေဟာင္းနဲ႔ပဲဒီလူထုကိုအုပ္ခ်ဳပ္ေနလိမ့္မယ္။ ဒါေၾကာင့္အခုခ်ိန္မွာ အန္တီတို႔ႏိုင္ငံမွာေခါင္းမႈအ သစ္တစ္ရပ္္လိုအပ္ေနၿပီ။ ဒီမိုကေရစီေခါင္းေဆာင္ျဖစ္ျဖစ္၊ တပ္မေတာ္ေခါင္းေဆာင္ျဖစ္ျဖစ္ လူေပၚမွာ အေျခခံမခံဘဲ စနစ္ေပၚမွာအေျခခံၿပီးသြားရမယ္” ဟု ၎ကေျပာသည္။

၂၀၁၅ ေရြးေကာက္ပြဲ၌ NLD ပါတီသည္ ေသာင္ၿပိဳကမ္းၿပိဳျဖင့္ အစုိးရတစ္ရပ္ဖြဲ႔စည္းႏုိင္ခဲ့သည္။

အလားတူ ၂၀၂၀ ေရြးေကာက္ပြဲကုိ လာမည့္ ႏုိဝင္ဘာလ၌ က်င္းပရန္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွုင္က စီစဥ္ထားသည္။

#PeopleMedia

(unicode)
၂၀၂၀ ရွေးကောက်ပွဲတွင် ခေါင်းဆောင်အဟောင်းများကို ရွေးချ ယ်ပါက ပုံစံဟောင်းဖြင့်သာ အုပ်ချုပ်မည်ဖြစ်၍ ခေါင်း ေဆာင်မှုအသ စ်ကို ရွေးချယ်ရန် တသီးကိုယ်စားလှယ်လောင်းဒေါ က်တာညိုညိုသင်း တိုက်တွန်း
……………………………………………

ရန်ကုန်၊ ဩဂုတ် ၁၀

၂၀၂၀ ရွေးကောက်ပွဲတွင် ခေါင်းဆောင်အဟောင်းများကို ရွေးချယ်ပါက ပုံစံဟောင်းဖြ င့်သာအုပ်ချုပ်မည်ဖြစ်၍ ခေါင်းဆောင်မှုအသစ်ကိုလူထုကရွေးချယ်ရန် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှ ယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်ဒေါက်တာညိုညိုသင်းကတိုက်တွန်းပြောကြားလိုက်သည်။

“အစိုးရလူကြီးတွေအနေနဲ့ တာဝန်ရှိလူကြီးတွေကိုရွေးချယ်တဲ့အခါမှာ ဗျူရိုကရေစီ ယန္တရားအဟောင်းထဲက လူတွေကိုပဲရွေးချယ်တာမို့လို့ အဲဒီလူတွေကမိမိကိုယ်ကိုယ်တာဝန်ယူစိတ်တာဝန်ခံစိတ်ကလျော့ရဲနေတာ ပေါ့။ ဒါကြောင့်မို့ အန်တီထပ်ခါထပ်ခါပြောချင်တာက new leader ship ကိုရွေးချယ်ဖို့လိုတယ်။ ခေါင်း ဆောင်အဟောင်းတွေပဲ ပြန်ရွေးလို့ရှိရင် လူကြီးအဟောင်းတွေပဲပြန်ရွေးလို့ရှိရင် သူတို့ကျင်လည်ကျက်စား ခဲ့တဲ့ပုံစံအဟောင်းနဲ့ပဲဒီလူထုကိုအုပ်ချုပ်နေလိမ့်မယ်။ ဒါကြောင့်အခုချိန်မှာ အန်တီတို့နိုင်ငံမှာခေါင်းမှုအ သစ်တစ်ရပ်လိုအပ်နေပြီ။ ဒီမိုကရေစီခေါင်းဆောင်ဖြစ်ဖြစ်၊ တပ်မတော်ခေါင်းဆောင်ဖြစ်ဖြစ် လူပေါ်မှာ အခြေခံမခံဘဲ စနစ်ပေါ်မှာအခြေခံပြီးသွားရမယ်” ဟု ၎င်းကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီသည် သောင်ပြိုကမ်းပြိုဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။

အလားတူ ၂၀၂၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ၌ ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှုင်က စီစဉ်ထားသည်။

#PeopleMedia


Share this post