• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲတြင္ SNLD အေနျဖင့္ လူငယ္မ်ားကိုပါ တာဝန္ေပးအပ္ထားဟု ထုတ္ျပန္

၂၀၂၀ ေရြးေကာက္ပြဲတြင္ SNLD အေနျဖင့္ လူငယ္မ်ားကိုပါ တာဝန္ေပးအပ္ထားဟု ထုတ္ျပန္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၆
 
လာမည့္ ၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပဲြတြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ပါတီ(SNLD) အေနျဖင့္ လူငယ္မ်ားကိုပါ ကိုယ္စားလွယ္ေလာင္းမ်ားအျဖစ္ တာ၀န္ေပးအပ္ထားေၾကာင္း ပါတီ၏ ၃၂ ႏွစ္ ေျမာက္ ႏွစ္ပတ္လည္အခမ္းအနားထုတ္ျပန္ေၾကညာလိုက္ပါတယ္။
 
SNLD အေနျဖင့္ မိ်ဳးဆက္သစ္လူငယ္လူရြယ္မ်ားကို ပိုမိုတာ၀န္ေပးအပ္လ်က္ရွိၿပီး ျမန္မာ့ႏိုင္ငံေရးအခင္း အက်င္းတြင္ အနာဂတ္ေခါင္းေဆာင္မ်ားအျဖစ္ျပဳစုပ်ိဳးေထာင္ေပးျခင္းအပါအဝင္ ေရြးေကာက္ပဲြ ၀င္ ေရာက္ယွဥ္ၿပိဳင္ၾကေသာ ကိုယ္စားလွယ္ေလာင္းမ်ားကိုလည္း လူငယ္မ်ားကိုသာ တာ၀န္ေပးအပ္ေၾကာင္း SNLD ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီမွထုတ္ျပန္ထားသည္။
 
က်င္းပလ်က္ရွိေသာ ေရြးေကာက္ပြဲမ်ားႏွင့္ ေနာင္လာမည့္ ေရြးေကာက္ပြဲမ်ားကို သင္ခန္းစာယူၿပီး ေရြး ေကာက္ပဲြတြင္ အဓိကတာ၀န္ရွိေသာေရြးေကာက္ပဲြေကာ္မရွင္ခန္႔အပ္ျခင္း၊ဖဲြ႕စည္းျခင္း၊ တာ၀န္ႏွင့္လုပ္ပိုင္ခြင့္ စသည့္အားနည္းခ်က္မ်ားကို အျပဳသေဘာေ၀ဖန္ၿပီး ေရြးေကာက္ပဲြမ်ား၏ တရား၀င္မႈ လႊတ္လပ္မွ်တမႈတို႔ကို အာမခံႏိုင္ၿပီး ေရြးေကာက္ပြဲေကာ္မရွင္သည္ ဘက္မလိုက္သည့္အဖြဲ႕အျဖစ္ ေပၚေပါက္လာရန္ ႀကိဳးပမ္းသြား မည္ျဖစ္ေၾကာင္း အထက္ပါထုတ္ျပန္ခ်က္မွာ ပါ၀င္ပါတယ္။
 
၁၉၄၇ ခုႏွစ္တြင္ခ်ဳပ္ဆို ခဲ့သည့္ ပင္လံုစာခ်ဳပ္ ပင္လံုကတိက၀တ္ႏွင့္ ပင္လံုမႈ ၁၉၆၁ ခုႏွစ္ျပည္နယ္ေပါင္းစံု ညီလာခံကခ်မွတ္ခဲ့သည့္ ျပည္ေထာင္စုစစ္စစ္မႈတို႔အေပၚတြင္ အေျခခံၿပီး လႊတ္လပ္ၿငိမ္းခ်မ္းတိုးတက္ေသာ ျပည္ေထာင္စုကိုဦးတည္သည့္ မူဝါဒမ်ားျဖင့္ စုေပါင္းေခါင္းေဆာင္မႈကို ပံုေဖာ္ကာ မယိုင္မလဲ ေလွ်ာက္လွမ္း မည္ဟုလည္း SNLD ပါတီ၏သေဘာထားထုတ္ျပန္ေၾကညာထားသည္။
 
SNLD ပါတီအေနျဖင့္ ၃၂ ႏွစ္တိုင္ ခက္ခဲၾကမ္းတမ္းသည့္ လမ္းခရီးမ်ားကို ျဖတ္ေက်ာ္ခဲ့ၿပီး ေခတ္မီေသာ ပါတီတစ္ရပ္အျဖစ္ ဆက္လက္ရွင္သန္ႏိုင္ရန္ ပါတီတြင္း စည္းလံုးညီၫႊတ္မႈ၊ပါတီတြင္းအျပန္အလွန္နားလည္ သေဘာထားႀကီးမႈမ်ားအျပင္ သေဘာတရားေရးအျမင္၊စည္းရံုးေရးအျမင္မ်ားျဖင့္ ျပည္သူမ်ား၏ အက်ိဳးစီးပြား ေရးကို ယခုထက္ပိုမို ေဆာင္ၾကဥ္ေပးႏိုင္ေရး ဆက္လက္ႀကိဳးပမ္းသြားမည္ေၾကာင္း ထုတ္ျပန္ေၾကညာ ထားသည္။
 
#PeopleMedia
 
(unicode)
၂၀၂၀ ရွေးကောက်ပွဲတွင် SNLD အနေဖြင့် လူငယ်များကိုပါ တာဝန်ပေးအပ်ထားဟု ထုတ်ပြန်
………………………………………….
 
ရန်ကုန်၊ အောက်တိုဘာ ၂၆
 
လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) အနေဖြင့် လူငယ်များကိုပါ ကိုယ်စားလှယ်လောင်းများအဖြစ် တာဝန်ပေးအပ်ထားကြောင်း ပါတီ၏ ၃၂ နှစ် မြောက် နှစ်ပတ်လည်အခမ်းအနားထုတ်ပြန်ကြေညာလိုက်ပါတယ်။
 
SNLD အနေဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များကို ပိုမိုတာဝန်ပေးအပ်လျက်ရှိပြီး မြန်မာ့နိုင်ငံရေးအခင်း အကျင်းတွင် အနာဂတ်ခေါင်းဆောင်များအဖြစ်ပြုစုပျိုးထောင်ပေးခြင်းအပါအဝင် ရွေးကောက်ပွဲ ဝင် ရောက်ယှဉ်ပြိုင်ကြသော ကိုယ်စားလှယ်လောင်းများကိုလည်း လူငယ်များကိုသာ တာဝန်ပေးအပ်ကြောင်း SNLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီမှထုတ်ပြန်ထားသည်။
 
ကျင်းပလျက်ရှိသော ရွေးကောက်ပွဲများနှင့် နောင်လာမည့် ရွေးကောက်ပွဲများကို သင်ခန်းစာယူပြီး ရွေး ကောက်ပွဲတွင် အဓိကတာဝန်ရှိသောရွေးကောက်ပွဲကော်မရှင်ခန့်အပ်ခြင်း၊ဖွဲ့စည်းခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့် စသည့်အားနည်းချက်များကို အပြုသဘောဝေဖန်ပြီး ရွေးကောက်ပွဲများ၏ တရားဝင်မှု လွှတ်လပ်မျှတမှုတို့ကို အာမခံနိုင်ပြီး ရွေးကောက်ပွဲကော်မရှင်သည် ဘက်မလိုက်သည့်အဖွဲ့အဖြစ် ပေါ်ပေါက်လာရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း အထက်ပါထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
 
၁၉၄၇ ခုနှစ်တွင်ချုပ်ဆို ခဲ့သည့် ပင်လုံစာချုပ် ပင်လုံကတိကဝတ်နှင့် ပင်လုံမှု ၁၉၆၁ ခုနှစ်ပြည်နယ်ပေါင်းစုံ ညီလာခံကချမှတ်ခဲ့သည့် ပြည်ထောင်စုစစ်စစ်မှုတို့အပေါ်တွင် အခြေခံပြီး လွှတ်လပ်ငြိမ်းချမ်းတိုးတက်သော ပြည်ထောင်စုကိုဦးတည်သည့် မူဝါဒများဖြင့် စုပေါင်းခေါင်းဆောင်မှုကို ပုံဖော်ကာ မယိုင်မလဲ လျှောက်လှမ်း မည်ဟုလည်း SNLD ပါတီ၏သဘောထားထုတ်ပြန်ကြေညာထားသည်။
 
SNLD ပါတီအနေဖြင့် ၃၂ နှစ်တိုင် ခက်ခဲကြမ်းတမ်းသည့် လမ်းခရီးများကို ဖြတ်ကျော်ခဲ့ပြီး ခေတ်မီသော ပါတီတစ်ရပ်အဖြစ် ဆက်လက်ရှင်သန်နိုင်ရန် ပါတီတွင်း စည်းလုံးညီညွှတ်မှု၊ပါတီတွင်းအပြန်အလှန်နားလည် သဘောထားကြီးမှုများအပြင် သဘောတရားရေးအမြင်၊စည်းရုံးရေးအမြင်များဖြင့် ပြည်သူများ၏ အကျိုးစီးပွား ရေးကို ယခုထက်ပိုမို ဆောင်ကြဉ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။
 
#PeopleMedia

Share this post