• Follow Us on

Home ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီရယူထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့်အစိုးရ အဖွဲ့ကို ဖွဲ့စည်းထားသော်လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုသာ ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင် ရာ ပြင်သစ်သံရုံးမှ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၌ ထုတ်ပြန်ကြေငြာသည်။

 

အထက်ပါထုတ်ပြန်ကြေငြာချက်တွင် စက်တင်ဘာ ၁၅ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ် ကြောင်း၊ ယနေ့သည် လူထု၏ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို အာမခံသော ဒီမိုကရေစီ၏တန်ဖိုးများကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ထပ်မံအတည်ပြုရန် အခွင့်အလမ်းပင်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီလုပ်ငန်းစဉ်များပြန်လည်ထူထောင်ရေးကို ပြင်သစ်နိုင်ငံသည်တောင်းဆိုပြီး၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈)ရက် အထွေထွေရွေးကောက်ပွဲ၌ ထုတ်ဖေါ်ပြသခဲ့သော မြန်မာနိုင်ငံသားများ၏ ဆန္ဒမဲ များနှင့် ပြတ်ပြတ်သားသားရပ်တည်ပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

#PeopleMedia #ပြင်သစ်သံရုံး #2020election

 

(unicode)


……………………………………………………………………………

 


 


 


 


 



Share this post