• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမၽွတသည့္ ေရြးေကာက္ပြဲဟု ေျပာရန္ခက္ခဲေၾကာင္း တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းဦးေဌးေျပာ

၂၀၂၀ ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမၽွတသည့္ ေရြးေကာက္ပြဲဟု ေျပာရန္ခက္ခဲေၾကာင္း တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္းဦးေဌးေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၀
လာမည့္ ၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ မဲဆြယ္စည္း႐ုံးခြင့္မရဘဲ ဝင္ေရာက္ယွဥ္ၿပိဳင္ရမည့္အတြက္ လြတ္လပ္ၿပီးတရားမၽွတသည့္ေရြးေကာက္ပြဲဟု ေျပာဆိုရန္ခက္ခဲေၾကာင္း အလုပ္သမားကိုယ္စားျပဳ၍ လိူင္သာ ယာအေရွ႕ပိုင္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားေနရာအတြက္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္း ဦးေဌးက ေျပာဆိုလိုက္ပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးရွိၿမိဳ႕နယ္မ်ားတြင္ မဲဆြယ္စည္း႐ုံးခြင့္ကာလအတြင္း COVID-19 ေရာဂါေၾကာင့္ Lockdown ခ်ထားသည့္အတြက္ အလုပ္သမားမ်ားအား ကြင္းဆင္းမဲဆြယ္စည္း႐ုံးရန္အခက္ခဲမ်ားရွိခဲ့ၿပီး မဲထည့္ မည့္သူမ်ားကလည္း ကိုယ္စားလွယ္ေလာင္းမ်ားအား ေလ့လာစိစစ္နိုင္မည့္အခြင့္အလမ္းမရရွိခဲ့ၾကေၾကာင္း ၎ကဆိုပါတယ္။
“မဲဆြယ္စည္း႐ုံးဖို႔ အခြင့္အလမ္းမရွိသလို ကၽြန္ေတာ္တို႔မဲဆႏၵရွင္ေတြကေလ့လာခြင့္မရွိဘူးျဖစ္ေနတယ္။ လြတ္လပ္ၿပီးတရားမၽွတတဲ့ေရြးေကာက္ပြဲဆိုတာေျပာဖို႔ခက္တာေပါ့” ဟု ဦးေဌးကေျပာပါတယ္။
နိုင္ငံပါတီမ်ားႏွင့္ တစ္သီးပုဂၢလကိုယ္စားလွယ္မ်ားမဲဆြယ္စည္း႐ုံးခြင့္မရနိုင္သည့္အေျခအေနမ်ိဳးႏွင့္ ရင္ ဆိုင္ေနရေသာ္လည္း အာဏာရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအေနျဖင့္ မဲဆြယ္မႈအခြင့္အေရးအျပည့္အဝ ရရွိေနေၾကာင္း ၎က ဆိုပါတယ္။
“NLD မွတပါး က်န္တဲ့နိုင္ငံေရးပါတီေတြေရြးေကာက္ပြဲကိုယ္စားလွယ္ေတြမဲဆႏၵရွင္ေတြနဲ႔ထိေတြ႕ခြင့္မရဘူး။ NLD ကေတာ့ပါတီရဲ႕ ေခါင္းေဆာင္နဲ႔မဲဆြယ္တာ၊ ပါတီေခါင္းေဆာင္ဆိုတာကလည္း နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ဆိုေတာ့ လက္ရွိ သူကျပည္သူလူထုနဲ႔ထိေတြ႕လို႔ရေနေတာ့ အထူးအခြင့္အေရးျဖစ္ေနတာေပါ့”ဟု ဦးေဌးကေျပာပါတယ္။
လက္ရွိ ရန္ကုန္တိုင္းေဒသႀကီးတြင္ ကိုဗစ္နိုင္တီးေရာရာ ကူးစက္မႈေၾကာင့္ Stay at Home အျဖစ္ သတ္မွတ္ ေၾကညာထားၿပီး အဆိုပါသတ္မွတ္ေၾကညာထားသည့္ ၿမိဳ႕နယ္မ်ားတြင္ မဲဆြယ္စည္း႐ုံးျခင္းမျပဳရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ထုတ္ျပန္ထားေသာ္လည္း NLD ပါတီေထာက္ခံသူမ်ားက မဲဆြယ္စည္း႐ုံးမႈမ်ားျပဳ လုပ္လ်က္ရွိသည္။
#PeopleMedia #အလုပ္သမား
(unicode)
၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု ပြောရန်ခက်ခဲကြောင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းဦးဌေးပြော
……………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၀
လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့်မရဘဲ ဝင်ရောက်ယှဉ်ပြိုင်ရမည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဟု ပြောဆိုရန်ခက်ခဲကြောင်း အလုပ်သမားကိုယ်စားပြု၍ လိူင်သာ ယာအရှေ့ပိုင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားနေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဌေးက ပြောဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ်များတွင် မဲဆွယ်စည်းရုံးခွင့်ကာလအတွင်း COVID-19 ရောဂါကြောင့် Lockdown ချထားသည့်အတွက် အလုပ်သမားများအား ကွင်းဆင်းမဲဆွယ်စည်းရုံးရန်အခက်ခဲများရှိခဲ့ပြီး မဲထည့် မည့်သူများကလည်း ကိုယ်စားလှယ်လောင်းများအား လေ့လာစိစစ်နိုင်မည့်အခွင့်အလမ်းမရရှိခဲ့ကြကြောင်း ၎င်းကဆိုပါတယ်။
“မဲဆွယ်စည်းရုံးဖို့ အခွင့်အလမ်းမရှိသလို ကျွန်တော်တို့မဲဆန္ဒရှင်တွေကလေ့လာခွင့်မရှိဘူးဖြစ်နေတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာပြောဖို့ခက်တာပေါ့” ဟု ဦးဌေးကပြောပါတယ်။
နိုင်ငံပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များမဲဆွယ်စည်းရုံးခွင့်မရနိုင်သည့်အခြေအနေမျိုးနှင့် ရင် ဆိုင်နေရသော်လည်း အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် မဲဆွယ်မှုအခွင့်အရေးအပြည့်အဝ ရရှိနေကြောင်း ၎င်းက ဆိုပါတယ်။
“NLD မှတပါး ကျန်တဲ့နိုင်ငံရေးပါတီတွေရွေးကောက်ပွဲကိုယ်စားလှယ်တွေမဲဆန္ဒရှင်တွေနဲ့ထိတွေ့ခွင့်မရဘူး။ NLD ကတော့ပါတီရဲ့ ခေါင်းဆောင်နဲ့မဲဆွယ်တာ၊ ပါတီခေါင်းဆောင်ဆိုတာကလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတော့ လက်ရှိ သူကပြည်သူလူထုနဲ့ထိတွေ့လို့ရနေတော့ အထူးအခွင့်အရေးဖြစ်နေတာပေါ့”ဟု ဦးဌေးကပြောပါတယ်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်နိုင်တီးရောရာ ကူးစက်မှုကြောင့် Stay at Home အဖြစ် သတ်မှတ် ကြေညာထားပြီး အဆိုပါသတ်မှတ်ကြေညာထားသည့် မြို့နယ်များတွင် မဲဆွယ်စည်းရုံးခြင်းမပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော်လည်း NLD ပါတီထောက်ခံသူများက မဲဆွယ်စည်းရုံးမှုများပြု လုပ်လျက်ရှိသည်။
#PeopleMedia #အလုပ်သမား


Share this post