• Follow Us on
Latest News

Home ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ၫွိနိႈ္င္းေဆြးေႏြးရန္ UEC ႏွင့္ ေတြ႕ခြင့္ရေရး ႏိုင္ငံေရးပါတီမ်ားေတာင္းဆိုမည္

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ၫွိနိႈ္င္းေဆြးေႏြးရန္ UEC ႏွင့္ ေတြ႕ခြင့္ရေရး ႏိုင္ငံေရးပါတီမ်ားေတာင္းဆိုမည္

Share this post

ရန္ကုန္၊ ဇြန္ ၂၀၂၀

အေထြေထြေရြးေကာက္ပြဲအတြက္ ၫွိနိႈင္းေဆြးေႏြးရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ UEC ႏွင့္ ေတြ႕ခြင့္ရေရးေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း ေတြ႕ဆံုႏိုင္ေရးအတြက္လုပ္ေဆာင္ေနသည့္ ႏိုင္ငံေရးပါတီ တစ္ရပ္မွေခါင္းေဆာင္တစ္ဦးက PeopleMedia သို႔ေျပာသည္။

“အန္ကယ္တို႔က ဒီတစ္ရက္ႏွစ္ရက္အတြင္း UECကို စာပို႔သြားမယ္ ႏိုင္ငံေရးပါတီသံုးဆယ္ေလာက္လက္မွတ္ ရဖို႔ ေကာက္ခံေနတာ အခုပါတီႏွစ္ဆယ္ေက်ာ္ရေနၿပီ။ တိုင္းရင္းသားပါတီေတြကလည္း သေဘာတူၾကတယ္” ဟု အထက္ပါပုဂၢိဳလ္ကေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံသို႔ ေရြးေကာက္ပြဲကာလတြင္ ကိုဗစ္ေရာဂါရွိေနသျဖင့္ ေက်းရြာအုပ္စု တစ္ခုတြင္ မဲရံုတစ္ရံုအစား တစ္ရြာလွ်င္မဲရံုတစ္ရံုပံုစံမ်ားျဖင့္ မဲရံုမ်ားတိုးခ်ဲ႕ေပးေရးကိစၥ၊ ေရြ႕ေျပာင္းအလုပ္သ မားမ်ားကိစၥ၊ တစ္ႏိုင္ငံလံုး၏အမ်ိဳးသားေခါင္းေဆာင္႐ုပ္ပံုအား တစ္ပါတီတည္းက ေအာင္ႏိုင္ေရးအတြက္ အသံုးျပဳေနသည္ကိစၥမ်ားႏွင့္ အျခားကိစၥရပ္မ်ားကို တင္ျပေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းလည္း ၎ကဆက္ လက္ေျပာၾကားသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ၫွိနိႈင္းျခင္းမရွိပါက ၂၀၂၀ ေရြးေကာက္ပြဲ သည္ လြတ္လပ္ၿပီးတရားမွ်တမႈရွိလိမ့္မည္မဟုတ္ေၾကာင္း ႏိုင္ငံေရးပါတီအမ်ားစုက ေျပာဆိုသံုးသပ္လွ်က္ရွိ သည္။

#PeopleMedia

(unicode)
၂၀၂၀ ရွေးကောက်ပွဲအတွက် ညှိနှို်င်းဆွေးနွေးရန် UEC နှင့် တွေ့ခွင့်ရရေး နိုင်ငံရေးပါတီများတောင်းဆိုမည်
…………………………………………………

ရန်ကုန်၊ ဇွန် ၂၀၂၀

အထွေထွေရွေးကောက်ပွဲအတွက် ညှိနှိုင်းဆွေးနွေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နှင့် တွေ့ခွင့်ရရေးတောင်းဆိုသွားမည်ဖြစ်ကြောင်း တွေ့ဆုံနိုင်ရေးအတွက်လုပ်ဆောင်နေသည့် နိုင်ငံရေးပါတီ တစ်ရပ်မှခေါင်းဆောင်တစ်ဦးက PeopleMedia သို့ပြောသည်။

“အန်ကယ်တို့က ဒီတစ်ရက်နှစ်ရက်အတွင်း UECကို စာပို့သွားမယ် နိုင်ငံရေးပါတီသုံးဆယ်လောက်လက်မှတ် ရဖို့ ကောက်ခံနေတာ အခုပါတီနှစ်ဆယ်ကျော်ရနေပြီ။ တိုင်းရင်းသားပါတီတွေကလည်း သဘောတူကြတယ်” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ရွေးကောက်ပွဲကာလတွင် ကိုဗစ်ရောဂါရှိနေသဖြင့် ကျေးရွာအုပ်စု တစ်ခုတွင် မဲရုံတစ်ရုံအစား တစ်ရွာလျှင်မဲရုံတစ်ရုံပုံစံများဖြင့် မဲရုံများတိုးချဲ့ပေးရေးကိစ္စ၊ ရွေ့ပြောင်းအလုပ်သ မားများကိစ္စ၊ တစ်နိုင်ငံလုံး၏အမျိုးသားခေါင်းဆောင်ရုပ်ပုံအား တစ်ပါတီတည်းက အောင်နိုင်ရေးအတွက် အသုံးပြုနေသည်ကိစ္စများနှင့် အခြားကိစ္စရပ်များကို တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက် လက်ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့်ညှိနှိုင်းခြင်းမရှိပါက ၂၀၂၀ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီးတရားမျှတမှုရှိလိမ့်မည်မဟုတ်ကြောင်း နိုင်ငံရေးပါတီအများစုက ပြောဆိုသုံးသပ်လျှက်ရှိ သည်။

#PeopleMedia


Share this post