• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျပည္သူ႔ပါတီ၏ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္မႈကို ဇူလိုင္လအတြင္း အၿပီး ေဆာင္ရြက္မည္

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျပည္သူ႔ပါတီ၏ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္မႈကို ဇူလိုင္လအတြင္း အၿပီး ေဆာင္ရြက္မည္

Share this post

ရန္ကုန္၊ ဇြန္ ၂

၂၀၂၀ ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ေရးအတြက္ ျပည္သူ႔ပါတီ၏ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္မႈမ်ားကို လာမည့္ ဇူလိုင္လအတြင္း အၿပီးသတ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ပါတီဒုတိယဥကၠ႒ ဦးမင္းေဇယ်ာက PeopleMedia သို႔ေျပာသည္။

ျပည္သူ႔ပါတီအေနျဖင့္ Covid-19 ေရာဂါေၾကာင့္ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ေရးဆိုင္ရာကိစၥရပ္မ်ားကို ရပ္ ဆိုင္းလိုက္ရသည့္အတြက္ ယခုမွျပန္လည္စတင္လုပ္ေဆာင္ေနရၿပီး ျမန္ျမန္ဆန္ဆန္ေဆာင္ရြက္ေနရေၾကာင္း လည္း ၎ကဆိုသည္။

“Covid-19 ကိစၥေၾကာင့္ အေျခအေနကေတာ္ေတာ္ေလးကို ရပ္ဆိုင္းထားရတာ အခုမွျပန္စရမယ္ဆိုေတာ့ ကိ္ုယ္စားလွယ္ေလာင္းေရြးခ်ယ္မႈကို တက္သုတ္႐ိုက္လုပ္ရေတာ့မွာေပါ့ ဒီရက္ေပါင္း သံုးဆယ္ေလးဆယ္ အတြင္းမွာ ၿပီးျပတ္ေအာင္လုပ္ရေတာ့မွာပဲ အခ်ိန္နည္းသြားေတာ့ လုပ္ရကိုင္ရတာအခက္အခဲရွိတာေပါ့။ ပထမဆံုးကိုယ္စားလွယ္ေလာင္းေရြးမယ္ၿပီးေတာ့ ေအာင္ႏိုင္ေရးေကာ္မတီဖြဲ႕ၿပီးဆက္ၿပီးလုပ္ေဆာင္သြားရမွာ ေပါ့။ အခုအစည္းအေ၀းေတြဆက္တိုက္လုပ္ေနပါၿပီ။ မွန္းတာကေတာ့ေလာေလာဆယ္အရင္ time table နဲ႔ အရင္ေရြးေကာက္ပြဲျပင္ဆင္ေရးေကာ္မတီရဲ႕time table နဲ႔ျပန္ၫွိရတာေပါ့။ ျပန္ၫွိရတဲ့အခါက်ေတာ့ အခုက အစည္းအေ၀းလုပ္လို႔ရတာ တစ္ရက္ႏွစ္ရက္ပဲရွိေသးတာ။ ဇြန္လကုန္ ဇူလိုင္လအတြင္းမွာေတာ့ ေနာက္ဆံုး ထားၿပီးေတာ့ အၿပီးလုပ္ရမွာေပါ့” ဟု ဦးမင္းေဇယ်ာကေျပာသည္။

ျပည္သူ႔ပါတီအေနျဖင့္ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ေရးကိစၥတစ္ခုတည္းသာမက ကိုယ္စားလွယ္ေလာင္း စိစစ္ေရြးခ်ယ္အတည္ျပဳေရး၊ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ ပတ္သက္သည့္ အရည္အေသြးႁမွင့္တင္ေရး၊ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးစသည့္လုပ္ငန္းစဥ္ေတြမ်ားကိုတၿပိဳင္နက္အေကာင္ထည္ေဖၚသြားရမည္ျဖစ္ ေၾကာင္းႏွင့္ ေရြးေကာက္ပြဲျပင္ဆင္ေရးေကာ္မတီကို ဇန္နဝါရီလကတည္းကဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
“ေကာ္မရွင္ကလည္း တရား၀င္မေၾကညာထားေပမယ့္ ဇူလိုင္လမွာ ေၾကညာမယ္ထင္တယ္ ဇူလိုင္ျပတ္ေအာင္ လုပ္ဖိ္ု႔ေတာ့ ရည္ရြယ္ထားတယ္”ဟု ျပည္သူ႔ပါတီဒုဥကၠ႒ ဦးမင္းေဇယ်ာက ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္မႈႏွင့္ ပတ္သက္ၿပီး ထပ္ေလာင္းေျပာၾကားသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို ႏို၀င္ဘာလအတြင္းက်င္းပ ႏိုင္ရန္ ရည္မွန္းထားေၾကာင္းေျပာဆိုထားၿပီး က်င္းပမည့္ရက္ကိုမူ မေၾကညာေသးေပ။

#PeopleMedia

(unicode)
၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူ့ပါတီ၏ ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို ဇူလိုင်လအတွင်း အပြီး ဆောင်ရွက်မည်
………………………………………………

ရန်ကုန်၊ ဇွန် ၂

၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ပြည်သူ့ပါတီ၏ ကိုယ်စားလှယ်လောင်းရွေးချယ်မှုများကို လာမည့် ဇူလိုင်လအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာက PeopleMedia သို့ပြောသည်။

ပြည်သူ့ပါတီအနေဖြင့် Covid-19 ရောဂါကြောင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးဆိုင်ရာကိစ္စရပ်များကို ရပ် ဆိုင်းလိုက်ရသည့်အတွက် ယခုမှပြန်လည်စတင်လုပ်ဆောင်နေရပြီး မြန်မြန်ဆန်ဆန်ဆောင်ရွက်နေရကြောင်း လည်း ၎င်းကဆိုသည်။

“Covid-19 ကိစ္စကြောင့် အခြေအနေကတော်တော်လေးကို ရပ်ဆိုင်းထားရတာ အခုမှပြန်စရမယ်ဆိုတော့ ကိ်ုယ်စားလှယ်လောင်းရွေးချယ်မှုကို တက်သုတ်ရိုက်လုပ်ရတော့မှာပေါ့ ဒီရက်ပေါင်း သုံးဆယ်လေးဆယ် အတွင်းမှာ ပြီးပြတ်အောင်လုပ်ရတော့မှာပဲ အချိန်နည်းသွားတော့ လုပ်ရကိုင်ရတာအခက်အခဲရှိတာပေါ့။ ပထမဆုံးကိုယ်စားလှယ်လောင်းရွေးမယ်ပြီးတော့ အောင်နိုင်ရေးကော်မတီဖွဲ့ပြီးဆက်ပြီးလုပ်ဆောင်သွားရမှာ ပေါ့။ အခုအစည်းအဝေးတွေဆက်တိုက်လုပ်နေပါပြီ။ မှန်းတာကတော့လောလောဆယ်အရင် time table နဲ့ အရင်ရွေးကောက်ပွဲပြင်ဆင်ရေးကော်မတီရဲ့time table နဲ့ပြန်ညှိရတာပေါ့။ ပြန်ညှိရတဲ့အခါကျတော့ အခုက အစည်းအဝေးလုပ်လို့ရတာ တစ်ရက်နှစ်ရက်ပဲရှိသေးတာ။ ဇွန်လကုန် ဇူလိုင်လအတွင်းမှာတော့ နောက်ဆုံး ထားပြီးတော့ အပြီးလုပ်ရမှာပေါ့” ဟု ဦးမင်းဇေယျာကပြောသည်။

ပြည်သူ့ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးကိစ္စတစ်ခုတည်းသာမက ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်အတည်ပြုရေး၊ ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သည့် အရည်အသွေးမြှင့်တင်ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေးစသည့်လုပ်ငန်းစဉ်တွေများကိုတပြိုင်နက်အကောင်ထည်ဖေါ်သွားရမည်ဖြစ် ကြောင်းနှင့် ရွေးကောက်ပွဲပြင်ဆင်ရေးကော်မတီကို ဇန်နဝါရီလကတည်းကဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ကော်မရှင်ကလည်း တရားဝင်မကြေညာထားပေမယ့် ဇူလိုင်လမှာ ကြေညာမယ်ထင်တယ် ဇူလိုင်ပြတ်အောင် လုပ်ဖိ်ု့တော့ ရည်ရွယ်ထားတယ်”ဟု ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျာက ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့် ပတ်သက်ပြီး ထပ်လောင်းပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းကျင်းပ နိုင်ရန် ရည်မှန်းထားကြောင်းပြောဆိုထားပြီး ကျင်းပမည့်ရက်ကိုမူ မကြေညာသေးပေ။

#PeopleMedia


Share this post