• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲအတြက္ No Vote လႈပ္ရွားမႈ ဗကသအဖြဲ႕ဝင္မ်ား စတင္

၂၀၂၀ ေရြးေကာက္ပြဲအတြက္ No Vote လႈပ္ရွားမႈ ဗကသအဖြဲ႕ဝင္မ်ား စတင္

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၇

၂၀၀၈ ဖြဲ႔စည္းပုံေအာက္က ျဖစ္ေပၚလာသည့္ ေရြးေကာက္ပြဲသည္ စစ္အာဏာရွင္ စနစ္ကုိ သက္ဆုိးရွည္ ႏုိင္ေသာေၾကာင့္ No Vote လႈပ္ရွားမႈကုိ ဗကသ အဖြဲ႔ဝင္မ်ားက လူမႈကြန္ယက္၌ ေဆာင္ရြက္လာၾကပါတယ္။

လက္ရွိအခ်ိန္၌ No Vote လႈပ္ရွားမႈ အျဖစ္ ဗကသ အဖြဲ႔ဝင္မ်ားက ၎တုိ႔၏ F-B ၌ Profile Picture ခ်ိန္းမႈမ်ား ေဆာင္ရြက္လ်က္ရွိပါတယ္။

“ေျခဥေအာက္က ေ႐ြးေကာက္ပြဲဟာ ျပည္သူေတြကို အက်ိဳးျဖစ္ေစမယ့္ ဘယ္လိုအေျပာင္းအလဲကိုမွ ေဖာ္ ေဆာင္နိုင္မွာမဟုတ္ပါဘူး။ ဥပမာ-ေဒၚေအာင္ဆန္းစုၾကည္ အစိုးရ ရဲ႕(၅)ႏွစ္သက္တမ္းအတြင္းမွာ တိုင္းရင္း သားေတြ၊ျပည္သူေတြ အားရေလာက္တဲ့ ေျပာင္းလဲမႈမ်ိဳး မေျပာင္းလဲနိုင္ခဲ့ဘူး၊ ေနာက္တခုက ၂၀၀၈ ေျခဥေအာက္က ေ႐ြးေကာက္ပြဲဟာ စစ္အာဏာရွင္စနစ္ကို သက္ဆိုးရွည္ေစတဲ့ အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ သပိတ္ေမွာက္တာပါ”လုိ႔ မိတၱီလာတကၠသုိလ္ ေက်ာင္းသားမ်ားသမဂၢဥကၠ႒ ကုိသန္းတုိးေအာင္က ေျပာပါတယ္။

အလားတူ No Vote လႈပ္ရွားမႈကုိ ဗကသ ဗဟုိ၏ ညႊန္ၾကားခ်က္အတုိင္း ဆက္လက္လုပ္ေဆာင္သြားမယ္လုိ႔ ဗကသအဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

#PeopleMedia #ဗကသ #NoVote

(unicode)
၂၀၂၀ ရွေးကောက်ပွဲအတွက် No Vote လှုပ်ရှားမှု ဗကသအဖွဲ့ဝင်များ စတင်
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၇

၂၀၀၈ ဖွဲ့စည်းပုံအောက်က ဖြစ်ပေါ်လာသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည် နိုင်သောကြောင့် No Vote လှုပ်ရှားမှုကို ဗကသ အဖွဲ့ဝင်များက လူမှုကွန်ယက်၌ ဆောင်ရွက်လာကြပါတယ်။

လက်ရှိအချိန်၌ No Vote လှုပ်ရှားမှု အဖြစ် ဗကသ အဖွဲ့ဝင်များက ၎င်းတို့၏ F-B ၌ Profile Picture ချိန်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်။

“ခြေဥအောက်က ရွေးကောက်ပွဲဟာ ပြည်သူတွေကို အကျိုးဖြစ်စေမယ့် ဘယ်လိုအပြောင်းအလဲကိုမှ ဖော် ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဥပမာ-ဒေါ်အောင်ဆန်းစုကြည် အစိုးရ ရဲ့(၅)နှစ်သက်တမ်းအတွင်းမှာ တိုင်းရင်း သားတွေ၊ပြည်သူတွေ အားရလောက်တဲ့ ပြောင်းလဲမှုမျိုး မပြောင်းလဲနိုင်ခဲ့ဘူး၊ နောက်တခုက ၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ သပိတ်မှောက်တာပါ”လို့ မိတ္တီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုသန်းတိုးအောင်က ပြောပါတယ်။

အလားတူ No Vote လှုပ်ရှားမှုကို ဗကသ ဗဟို၏ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဗကသအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

#PeopleMedia #ဗကသ #NoVote


Share this post