• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ျပည္ခိုင္ၿဖိဳးပါတီ ဖြဲ႕စည္းပုံအား ျပဳျပင္ေျပာင္းလဲ

၂၀၂၀ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ျပည္ခိုင္ၿဖိဳးပါတီ ဖြဲ႕စည္းပုံအား ျပဳျပင္ေျပာင္းလဲ

Share this post

လာမည့္ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ရည္ရြယ္ကာ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေန ျဖင့္ ပါတီဖြဲ႕စည္းပုံအား ျပဳျပင္ေျပာင္းလဲလိုက္ေၾကာင္း ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔တြင္ ေနျပည္ေတာ္၌ က်င္းပျပဳ လုပ္သည့္ ျပည္ခိုင္ၿဖိဳးပါတီ ၏ သတင္းစာရွင္းလင္းပြဲမွ သိရသည္။

ယခင္က ျပည္ခိုင္ၿဖိဳးပါတီ၏ ဖြဲ႕စည္းပုံတြင္ ဥကၠ႒တစ္ဦး ဒုတိယဥကၠ႒တစ္ဦးသာရွိခဲ့ေသာ္လည္း လက္ရွိတြင္ ဒုတိယဥကၠ႒ႏွစ္ဦးႏွင့္ ပါတီ ဗဟိုအလုပ္မႈေဆာင္ ၃ ဦးအား ထပ္မံတိုးခ်ဲ႕ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္ကဆိုရင္ ပါတီဖြဲ႕စည္းပုံအရ CEC မွာဆိုရင္ ၄၀ ပဲရွိတယ္ အခုက ၃ ေယာက္ထပ္ထည့္လိုက္ေတာ့ ၄၃ ေယာက္ျဖစ္သြားတယ္။ ဖြဲ႕စည္းပုံအရေတာ့ ၆၀ အခု ၄၃ ရွိေနပါၿပီ” ဟု ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။

ယခင္က ျပည္ခိုင္ၿဖိဳးပါတီတြင္ ဦးေဆာင္ေကာ္မတီအဖြဲ႕ရွိေသာ္လည္း လက္ရွိတြင္ ယခင္ဦးေဆာင္ေကာ္မတီ ဝင္ အျဖစ္ေဆာင္ရြက္ခဲ့ေသာ ႏိုင္ငံေတာ္သမၼတသေဘာထားျဖင့္ ယင္းေနရာမ်ားကို ဖ်က္သိမ္းခဲ့ေၾကာင္း ၎ ကဆိုသည္။

“ဒုဥကၠ႒ႀကီးဦးလွထြန္းဆိုရင္လည္း တိုင္းရင္းသားအေရးကို ထဲထဲဝင္ဝင္လုပ္ခဲ့တဲ့သူေတြျဖစ္တယ္။ တိုင္းရင္း သားေခါင္းေဆာင္ေတြနဲ႔ ရင္းနီးၿပီးသားသူေတြျဖစ္တယ္။ ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ ဒုဥကၠ႒ႀကီးဦးလွထြန္းကို အဓိက တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ ဆက္ဆံရတဲ့ကိစၥမ်ိဳးေတြ တိုင္းရင္းသားေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္စည္းေဆာင္ရြက္ေပးရမယ့္ကိစၥေတြမွာ ေဆာင္ရြက္ႏိုင္ဖို႔ အားျဖည့္တာျဖစ္ပါတယ္” ဟု ေဒါက္တာနႏၵာ လွျမင့္က ေျပာသည္။

ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ ၂၀၁၀ မွ ၂၀၁၅ အထိ ပါတီဖြဲ႕စည္းပုံ မၾကာခဏေျပာင္းလဲျခင္းမ်ားရွိေသာ္လည္း ၂၀၁၆ မွ ၂၀၂၀ အထိ ယခုပါတီဖြဲ႕စည္းပုံေျပာင္းလဲမႈသည္ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္းသိရသည္။

ၿဖိဳးေအာင္

#PeopleMedia

(Unicode)
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံအား ပြုပြင်ပြောင်းလဲ
…………………………………………………………

လာမည့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရည်ရွယ်ကာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေ ဖြင့် ပါတီဖွဲ့စည်းပုံအား ပြုပြင်ပြောင်းလဲလိုက်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြု လုပ်သည့် ပြည်ခိုင်ဖြိုးပါတီ ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယခင်က ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံတွင် ဥက္ကဋ္ဌတစ်ဦး ဒုတိယဥက္ကဋ္ဌတစ်ဦးသာရှိခဲ့သော်လည်း လက်ရှိတွင် ဒုတိယဥက္ကဋ္ဌနှစ်ဦးနှင့် ပါတီ ဗဟိုအလုပ်မှုဆောင် ၃ ဦးအား ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကဆိုရင် ပါတီဖွဲ့စည်းပုံအရ CEC မှာဆိုရင် ၄၀ ပဲရှိတယ် အခုက ၃ ယောက်ထပ်ထည့်လိုက်တော့ ၄၃ ယောက်ဖြစ်သွားတယ်။ ဖွဲ့စည်းပုံအရတော့ ၆၀ အခု ၄၃ ရှိနေပါပြီ” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ယခင်က ပြည်ခိုင်ဖြိုးပါတီတွင် ဦးဆောင်ကော်မတီအဖွဲ့ရှိသော်လည်း လက်ရှိတွင် ယခင်ဦးဆောင်ကော်မတီ ဝင် အဖြစ်ဆောင်ရွက်ခဲ့သော နိုင်ငံတော်သမ္မတသဘောထားဖြင့် ယင်းနေရာများကို ဖျက်သိမ်းခဲ့ကြောင်း ၎င်း ကဆိုသည်။

“ဒုဥက္ကဋ္ဌကြီးဦးလှထွန်းဆိုရင်လည်း တိုင်းရင်းသားအရေးကို ထဲထဲဝင်ဝင်လုပ်ခဲ့တဲ့သူတွေဖြစ်တယ်။ တိုင်းရင်း သားခေါင်းဆောင်တွေနဲ့ ရင်းနီးပြီးသားသူတွေဖြစ်တယ်။ ကျွန်တော်တို့ပါတီအနေနဲ့ ဒုဥက္ကဋ္ဌကြီးဦးလှထွန်းကို အဓိက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆက်ဆံရတဲ့ကိစ္စမျိုးတွေ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းဆောင်ရွက်ပေးရမယ့်ကိစ္စတွေမှာ ဆောင်ရွက်နိုင်ဖို့ အားဖြည့်တာဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒာ လှမြင့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၀ မှ ၂၀၁၅ အထိ ပါတီဖွဲ့စည်းပုံ မကြာခဏပြောင်းလဲခြင်းများရှိသော်လည်း ၂၀၁၆ မှ ၂၀၂၀ အထိ ယခုပါတီဖွဲ့စည်းပုံပြောင်းလဲမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

ဖြိုးအောင်

#PeopleMedia


Share this post