• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲ၌ ကခ်င္ျပည္နယ္အတြင္း ၀င္ေရာက္ယွဉ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီ ၁၈ ပါတီရွိ

၂၀၂၀ ေရြးေကာက္ပြဲ၌ ကခ်င္ျပည္နယ္အတြင္း ၀င္ေရာက္ယွဉ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီ ၁၈ ပါတီရွိ

Share this post

ျမစ္ႀကီးနား၊ ဇူလိုင္ ၁၅

၂၀၂၀ ေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္အတြင္းရွိ မဲဆႏၵနယ္မ်ားတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ႏိုင္ငံေရး ပါတီ စုစုေပါင္း ၁၈ ပါတီရွိေၾကာင္း ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲက သိရသည္။

ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ႐ုံး၏ စာရင္းမ်ားအရ ကခ်င္ျပည္နယ္အတြင္း ဖြင့္လွစ္ထားသည့္ ႏိုင္ငံေရးပါတီ စုစုေပါင္း၂၁ ပါတီရွိၿပီး ယင္းအနက္ ၂၀၂၀ ေရြးေကာက္ပြဲ၌ ၁၈ ပါတီ ၀င္ေရာက္ယဥ္ၿပိဳင္သြား မည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အရာရွိ ဦးထြန္းေအာင္ခိုင္ကဆိုသည္။

“လက္ရွိ ကခ်င္ျပည္နယ္ထဲမွာ ဖြင့္ထားတဲ့ ႏိုင္ငံေရးပါတီ အားလုံးေပါင္း ႏွစ္ဆယ့္တစ္ပါတီရွိတယ္။ အဲ့ဒီႏွစ္ ဆယ့္တစ္ပါတီထဲမွာ သုံးပါတီကေတာ့ ႏိုင္ငံေရးပါတီမွတ္ပုံတင္ျခင္း ဥပေဒအရေပါ႔ေနာ္ သုံးႏွစ္ရပ္ဆိုင္းထား တယ္။ အဲ့ေတာ့ဆယ့္ရွစ္ပါတီက်န္မယ္”ဟုဦးထြန္းေအာင္ခိုင္က ေျပာသည္။

ယင္းႏိုင္ငံေရးပါတီ ၁၈ ပါတီတြင္ ကခ်င္ျပည္နယ္ အေျခစိုက္ ေဒသပါတီ(၆)ပါတီရွိၿပီး က်န္ပါတီမ်ားမွာ ျပည္ ေထာင္စု အဆင့္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီမ်ားျဖစ္ေၾကာင္းသိရသည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္၌ ၀င္ေရာက္ ယွဉ္ၿပိဳင္ၾကမည့္ ႏိုင္ငံေရးပါတီမ်ားမွာ တိုင္းရင္းသား စည္းလုံးညီၫႊတ္ေရးပါတီ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ရွမ္း တိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ၊ ကခ်င္ျပည္နယ္ ျပည္သူ့႔ပါတီ၊ ဒီမိုကေရစီပါတီသစ္(ကခ်င္)၊ ညီၫႊတ္ေသာ ဒီမိုကရက္တစ္ပါတီ၊ နာဂအမ်ိဳးသားပါတီ၊ လီဆူအမ်ိဳသားဖြံ႕ၿဖိဳးတိုး တက္ေရးပါတီ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီပါတီ၊ ေခတ္သစ္ျပည္သူ႔ပါတီ၊ အမ်ိဳးသားဒီမိုကေရစီအင္အား စုပါတီ၊ တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ရွမ္းနီ(တိုင္းလိုင္)ေသြးစည္းညီၫႊတ္ေရးပါတီ၊ ေလာ္ေဝၚအမ်ိဳးသားစည္းလုံးညီၫႊတ္ေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ၈၈ မ်ိဳးဆက္ညီေနာင္ ပါတီတို႔ ျဖစ္သည္။

လြမ္းေအာင္

#PeopleMedia

(unicode)
၂၀၂၀ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၈ ပါတီရှိ
…………………………………………………………

မြစ်ကြီးနား၊ ဇူလိုင် ၁၅

၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီ စုစုပေါင်း ၁၈ ပါတီရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၏ စာရင်းများအရ ကချင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း၂၁ ပါတီရှိပြီး ယင်းအနက် ၂၀၂၀ ရွေးကောက်ပွဲ၌ ၁၈ ပါတီ ဝင်ရောက်ယဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးထွန်းအောင်ခိုင်ကဆိုသည်။

“လက်ရှိ ကချင်ပြည်နယ်ထဲမှာ ဖွင့်ထားတဲ့ နိုင်ငံရေးပါတီ အားလုံးပေါင်း နှစ်ဆယ့်တစ်ပါတီရှိတယ်။ အဲ့ဒီနှစ် ဆယ့်တစ်ပါတီထဲမှာ သုံးပါတီကတော့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအရပေါ့နော် သုံးနှစ်ရပ်ဆိုင်းထား တယ်။ အဲ့တော့ဆယ့်ရှစ်ပါတီကျန်မယ်”ဟုဦးထွန်းအောင်ခိုင်က ပြောသည်။

ယင်းနိုင်ငံရေးပါတီ ၁၈ ပါတီတွင် ကချင်ပြည်နယ် အခြေစိုက် ဒေသပါတီ(၆)ပါတီရှိပြီး ကျန်ပါတီများမှာ ပြည် ထောင်စု အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများဖြစ်ကြောင်းသိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ၊ နာဂအမျိုးသားပါတီ၊ လီဆူအမျိုသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အား စုပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနီ(တိုင်းလိုင်)သွေးစည်းညီညွှတ်ရေးပါတီ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ၈၈ မျိုးဆက်ညီနောင် ပါတီတို့ ဖြစ်သည်။

လွမ်းအောင်

#PeopleMedia


Share this post