• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲ၌ ေရြးခ်ယ္မႈမခံရလွ်င္ လႊတ္ေတာ္ႏုိင္ငံေရးမွ အနားယူသြားမည္ျဖစ္ေၾကာင္း ျပည္သူ႔ ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇယ် ေျပာဆို

၂၀၂၀ ေရြးေကာက္ပြဲ၌ ေရြးခ်ယ္မႈမခံရလွ်င္ လႊတ္ေတာ္ႏုိင္ငံေရးမွ အနားယူသြားမည္ျဖစ္ေၾကာင္း ျပည္သူ႔ ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇယ် ေျပာဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာလ ၉
 
၂၀၂၀ ေရြးေကာက္ပြဲ၌ ေရြးခ်ယ္မႈမခံရလွ်င္ လႊတ္ေတာ္နိုင္ငံေရးပါဝင္ေဆာင္ရြက္မႈမ်ားမွ အနားယူသြား မည္ျဖစ္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇယ်ကေျပာပါတယ္။
 
လႊတ္ေတာ္နိုင္ငံေရးေဆာင္ရြက္ျခင္းမွ အနားယူရန္ ၂၀၁၈ ခုႏွစ္တြင္ စဥ္းစားဆုံးျဖတ္ခဲ့ေသာ္လည္း ပါတီ၏ လိုအပ္ခ်က္ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ အမ်ိဳးသားလႊတ္ေတာ္ေနရာတြင္ ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္တယ္လို႔လဲ ဆိုပါတယ္။
 
“အန္ကယ္က ရႈံးမ်ားရႈံးခဲ့ရင္ေတာ့ အန္ကယ္က ၂၀၂၅ မွာေတာ့ မၿပိဳင္ေတာ့ဘူး၊ အခု ၂၀၂၀ ေရြးေကာက္ပြဲက ေနာက္ဆုံးယွဥ္ၿပိဳင္ျခင္းပဲ” ဟု ဦးေက်ာ္ေဇယ်က ေျပာပါတယ္။
 
လက္ရွိတြင္ ျပည္သူ႔ေရွ႕ေဆာင္ပါတီဒုဥကၠ႒အျဖစ္ ပါတီတြင္ တာဝန္ထမ္းေဆာင္ေနလွ်က္ရွိေသာ္လည္း ၂၀၂၀ အလြန္ကာလတြင္ ပါတီတြင္ ဝန္းရံသူတစ္ဦးအေနျဖင့္သာ ေဆာင္ရြက္သြားနိုင္ရန္ စဥ္းစားေနေၾကာင္းလဲ ဆိုပါတယ္။
 
“အျခားတိုင္းေတြမွာ ညီလာခံလုပ္ၿပီးေပမယ့္ ရန္ကုန္တိုင္းညီလာခံမလုပ္ရေသးဘူး၊ ရန္ကုန္တိုင္းညီလာခံၿပီးရင္ ပါတီဗဟိုညီလာခံနဲ႔ မ်က္နာစုံညီအစည္းအေဝးလုပ္မယ္၊ အဲ့အခါ ပါတီ CEC နဲ႔ ကၽြန္ေတာ္ပါခ်င္လဲပါမယ္ မပါ ခ်င္လဲ မပါဘူး၊ အဲ့ဒါက အဲ့ဒီေန႔က်မွပဲ သိရမယ္” ဟု ဦးေက်ာ္ေဇယ်ကေျပာပါတယ္။
 
အလားတူ ၂၀၂၀ ၌ ေရြးခ်ယ္မခံရလ်င္ အမ်ိဳးသားနိုင္ငံေရးကို ဆက္လက္ပါဝင္ေဆာင္ရြက္သြားမယ္လို႔ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။
 
#PeopleMedia #PPP #ဦးေက်ာ္ေဇယ်
 
(Unicode)
၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးချယ်မှုမခံရလျှင် လွှတ်တော်နိုင်ငံရေးမှ အနားယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျ ပြောဆို
……………………………………………………
 
ရန်ကုန်၊ အောက်တိုဘာလ ၉
 
၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးချယ်မှုမခံရလျှင် လွှတ်တော်နိုင်ငံရေးပါဝင်ဆောင်ရွက်မှုများမှ အနားယူသွား မည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျကပြောပါတယ်။
 
လွှတ်တော်နိုင်ငံရေးဆောင်ရွက်ခြင်းမှ အနားယူရန် ၂၀၁၈ ခုနှစ်တွင် စဉ်းစားဆုံးဖြတ်ခဲ့သော်လည်း ပါတီ၏ လိုအပ်ချက်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နေရာတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်တယ်လို့လဲ ဆိုပါတယ်။
 
“အန်ကယ်က ရှုံးများရှုံးခဲ့ရင်တော့ အန်ကယ်က ၂၀၂၅ မှာတော့ မပြိုင်တော့ဘူး၊ အခု ၂၀၂၀ ရွေးကောက်ပွဲက နောက်ဆုံးယှဉ်ပြိုင်ခြင်းပဲ” ဟု ဦးကျော်ဇေယျက ပြောပါတယ်။
 
လက်ရှိတွင် ပြည်သူ့ရှေ့ဆောင်ပါတီဒုဥက္ကဋ္ဌအဖြစ် ပါတီတွင် တာဝန်ထမ်းဆောင်နေလျှက်ရှိသော်လည်း ၂၀၂၀ အလွန်ကာလတွင် ပါတီတွင် ဝန်းရံသူတစ်ဦးအနေဖြင့်သာ ဆောင်ရွက်သွားနိုင်ရန် စဉ်းစားနေကြောင်းလဲ ဆိုပါတယ်။
 
“အခြားတိုင်းတွေမှာ ညီလာခံလုပ်ပြီးပေမယ့် ရန်ကုန်တိုင်းညီလာခံမလုပ်ရသေးဘူး၊ ရန်ကုန်တိုင်းညီလာခံပြီးရင် ပါတီဗဟိုညီလာခံနဲ့ မျက်နာစုံညီအစည်းအဝေးလုပ်မယ်၊ အဲ့အခါ ပါတီ CEC နဲ့ ကျွန်တော်ပါချင်လဲပါမယ် မပါ ချင်လဲ မပါဘူး၊ အဲ့ဒါက အဲ့ဒီနေ့ကျမှပဲ သိရမယ်” ဟု ဦးကျော်ဇေယျကပြောပါတယ်။
 
အလားတူ ၂၀၂၀ ၌ ရွေးချယ်မခံရလျင် အမျိုးသားနိုင်ငံရေးကို ဆက်လက်ပါဝင်ဆောင်ရွက်သွားမယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။
 
#PeopleMedia #PPP #ဦးကျော်ဇေယျ

Share this post