• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲ၌ ေသခ်ာစဥ္းစားမဲေပးရန္ကာဒီနယ္ခ်ားလ္စ္ေမာင္ဘိုမွ ျပည္သူအားေတာင္းဆို

၂၀၂၀ ေရြးေကာက္ပြဲ၌ ေသခ်ာစဥ္းစားမဲေပးရန္ကာဒီနယ္ခ်ားလ္စ္ေမာင္ဘိုမွ ျပည္သူအားေတာင္းဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ-၁

အေထြေထြေရြးေကာက္ပြဲ၌ အေသအခ်ာ စဥ္းစားသံုးသပ္မဲေပးၾကရန္ ရန္ကုန္ကက္သလစ္ ခရစ္ယာန္ဂိုဏ္းခ်ဳပ္ ဆရာေတာ္ႀကီး ကာဒီနယ္ ခ်ားလ္္စ္ေမာင္ဘိုက ျပည္သူေတြထံ ေမတၱာရပ္ခံခ်က္ ေတာင္းဆိုစာတစ္ေစာင္ကို ယေန႔ထုတ္ျပန္လိုက္သည္။

“လာမယ့္ႏို၀င္ဘာလမွာ ျပည္လံုးကြ်တ္ အေထြေထြေရြးေကာက္ပြဲႀကီးကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ အဲ့ဒီအတြက္ ႏိုင္ငံသားတိုင္းရဲ႕ တာ၀န္တစ္ရပ္အေနနဲ႔ ကြ်ႏ္ုပ္တို႔ရဲ႕ လႊတ္ေတာ္ကိ္ုယစားလွယ္ေတြကို ကြ်ႏ္ုပ္တို႔ ေရြးခ်ယ္တင္ေႁမွာက္ ၾကရမွာပါ။ ဒီလိုသမိုင္း၀င္အခ်ိန္မွာ ကြ်ႏ္ုပ္အေနနဲ႔ ႏိုင္ငံေရးသမားတစ္ေယာက္အေနနဲ႔ မဟုတ္ဘဲ ဘာသာေရးနယ္ပယ္က ပုဂိၢဳလ္တစ္ေယာက္အေနနဲ႔ သင္တို႔အားလံုးကို ေမတၱာရပ္ခံလိုပါတယ္။ သင္တို႔ရဲ႕ ညီအကိုတစ္ဦး အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ေကာင္းက်ိဳးနဲ႔ တိုင္းျပည္တစ္ခုလံုး သာယာသ၀ေျပာဖို႔အတြက္ ကြ်ႏ္ုပ္အခုလို ေမတၱာရပ္ခံတာ ျဖစ္ပါတယ္”ဟု ရန္ကုန္ကက္သလစ္ ခရစ္ယာန္ဂိုဏ္ခ်ဳပ္ ဆရာေတာ္ႀကီး ကာဒီနယ္ ခ်ားလ္္စ္ေမာင္ဘိုမွ ေျပာသည္။

မဲေပးျခင္းသည္ ေမြးရာပါ အခြင့္အေရး ျဖစ္သလို ဒီမိုကေရစီခရီးလမ္းတြင္ မရွိမျဖစ္ လိုအပ္တဲ့ အစိတ္အပိုင္း တစ္ခု ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မဲစာရင္းတြက္ ကိ္ုယ္နာမည္ပါမပါ စစ္ေဆးရန္ႏွင့္ ေရြးေကာက္ပြဲ က်င္းပသည့္ေနတြင္ မဲရံုကို အေရာက္သြားၿပီး မဲေပးၾကရန္ ကြ်ႏ္ုပ္တိုက္တြန္းထားသည္။

အဆိုပါ ထုတ္ျပန္ခ်က္တြင္ အဓိကအခ်က္ (၁၀)ခ်က္ကို ေဖာ္ျပထားၿပီး၊ ကိုဗစ္ေရာဂါႏွင့္ ပတ္သက္သည့္ အခ်က္မ်ား၊ လူစြမ္းအားဖြံၿဖိဳးတိုးတက္ေရး အေၾကာင္းမ်ား၊ စစ္မွန္တဲ့ ႏိုင္ငံေရး စီးပြားေရး ဖယ္ဒရယ္ လမ္းစဥ္နဲ႔ ပတ္သက္သည့္ အခ်က္မ်ားကို ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

#PeopleMedia #ကာဒီနယ္ခ်ားလ္္စ္ေမာင္ဘို #2020election

(unicode)
၂၀၂၀ ရွေးကောက်ပွဲ၌ သေချာစဉ်းစားမဲပေးရန်ကာဒီနယ်ချားလ်စ်မောင်ဘိုမှ ပြည်သူအားတောင်းဆို
……………………………………………………

ရန်ကုန်၊ စက်တင်ဘာ-၁

အထွေထွေရွေးကောက်ပွဲ၌ အသေအချာ စဉ်းစားသုံးသပ်မဲပေးကြရန် ရန်ကုန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြည်သူတွေထံ မေတ္တာရပ်ခံချက် တောင်းဆိုစာတစ်စောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။

“လာမယ့်နိုဝင်ဘာလမှာ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် နိုင်ငံသားတိုင်းရဲ့ တာဝန်တစ်ရပ်အနေနဲ့ ကျွန်ုပ်တို့ရဲ့ လွှတ်တော်ကိ်ုယစားလှယ်တွေကို ကျွန်ုပ်တို့ ရွေးချယ်တင်မြှောက် ကြရမှာပါ။ ဒီလိုသမိုင်းဝင်အချိန်မှာ ကျွန်ုပ်အနေနဲ့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သင်တို့အားလုံးကို မေတ္တာရပ်ခံလိုပါတယ်။ သင်တို့ရဲ့ ညီအကိုတစ်ဦး အနေနဲ့ မြန်မာနိုင်ငံရဲ့ ကောင်းကျိုးနဲ့ တိုင်းပြည်တစ်ခုလုံး သာယာသဝပြောဖို့အတွက် ကျွန်ုပ်အခုလို မေတ္တာရပ်ခံတာ ဖြစ်ပါတယ်”ဟု ရန်ကုန်ကက်သလစ် ခရစ်ယာန်ဂိုဏ်ချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုမှ ပြောသည်။

မဲပေးခြင်းသည် မွေးရာပါ အခွင့်အရေး ဖြစ်သလို ဒီမိုကရေစီခရီးလမ်းတွင် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းတွက် ကိ်ုယ်နာမည်ပါမပါ စစ်ဆေးရန်နှင့် ရွေးကောက်ပွဲ ကျင်းပသည့်နေတွင် မဲရုံကို အရောက်သွားပြီး မဲပေးကြရန် ကျွန်ုပ်တိုက်တွန်းထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အဓိကအချက် (၁၀)ချက်ကို ဖော်ပြထားပြီး၊ ကိုဗစ်ရောဂါနှင့် ပတ်သက်သည့် အချက်များ၊ လူစွမ်းအားဖွံဖြိုးတိုးတက်ရေး အကြောင်းများ၊ စစ်မှန်တဲ့ နိုင်ငံရေး စီးပွားရေး ဖယ်ဒရယ် လမ်းစဉ်နဲ့ ပတ်သက်သည့် အချက်များကို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#PeopleMedia #ကာဒီနယ်ချားလ်စ်မောင်ဘို #2020election


Share this post