• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲ၌ UEC မွ ထုတ္ျပန္သည့္ မဲဆႏၵရွင္စာရင္းတြင္ ရန္ကုန္၌ မွတ္ပံုတင္မရွိသည့္ဦးေရ ေျခာက္သိန္းေက်ာ္ရွိၿပီး မွတ္ပံုတင္ထပ္ေနသည့္ဦးေရ သံုးေသာင္းေက်ာ္ရွိေၾကာင္း USDP ပါတီရွင္းလင္း

၂၀၂၀ ေရြးေကာက္ပြဲ၌ UEC မွ ထုတ္ျပန္သည့္ မဲဆႏၵရွင္စာရင္းတြင္ ရန္ကုန္၌ မွတ္ပံုတင္မရွိသည့္ဦးေရ ေျခာက္သိန္းေက်ာ္ရွိၿပီး မွတ္ပံုတင္ထပ္ေနသည့္ဦးေရ သံုးေသာင္းေက်ာ္ရွိေၾကာင္း USDP ပါတီရွင္းလင္း

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ေရြးေကာက္ပြဲတြင္ UEC မွ ထုတ္ျပန္ေသာ မဲဆႏၵရွင္စာရင္းတြင္ ရန္ကုန္၌ မွတ္ပံုတင္မရွိ္သည့္ဦးေရ ေျခာက္သိန္းေက်ာ္ရွိၿပီး မွတ္ပံုတင္ထပ္ေနသည့္ဦးေရ သံုးေသာင္းေက်ာ္ရွိေၾကာင္း ရန္ကုန္တိုင္း ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ အတြင္းေရးမွဴး ေဒါက္တာေက်ာ္စိုးမွ ရွင္းလင္းေျပာၾကားသည္။

ဒီဇင္ဘာ ၁၇ ရက္ ေန႔လည္ပိုင္းအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ံုး၌ျပဳလုပ္ခဲ့သည့္ ၂၀၂၀ ေရြးေကာက္ပြဲဆိုင္ရာရွင္းလင္းပြဲတြင္ ၎မွအထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဒုတိယအႀကိမ္ရရွိတဲ့မဲစာရင္းေတြကို စိစစ္လိုက္တဲ့အခါမွာ ရန္ကုန္တိုင္းေဒသႀကီးမွာ တစ္တိုင္းလံုး မဲ႐ံုတစ္႐ံု ခ်င္းအလိုက္ ကၽြန္ေတာ္တို႔ျပန္စိစစ္ပါတယ္။ ရန္ကုန္တိုင္းတစ္တိုင္းလံုး ၄၅ ၿမိဳ႕နယ္ မဲဆႏၵရွင္ဦးေရဟာ ၅၉၄၉၇၇၂ ဦး ေတြ႕ရွိရပါတယ္။ အဲဒီမွာ မွတ္ပံုတင္မရွိတဲ့ဦးေရဟာ ၆၄၃၈၅၃ ဦးေတြ႕ရွိရပါတယ္။ မွတ္ပံုတင္ ထပ္ေနတဲ့ဦးေရဟာ ၃၈၈၆၁ ဦးေတြ႕ရွိရပါတယ္။ ဒါဟာ တစ္႐ံုခ်င္းအလိုက္ စိစစ္တာ” ဟု ရန္ကုန္တိုင္း ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအတြင္းေရးမွဴး ေဒါက္တာေက်ာ္စိုးက ေျပာသည္။

ဆက္လက္ၿပီး အဆိုပါရွင္းလင္းပြဲတြင္ ပါ၀င္ရွင္းလင္းခဲ့သည့္ သဃၤန္းကၽြန္းၿမိဳ႕နယ္တိုင္းေဒသႀကီးအမွတ္(၂) USDP ပါတီကိုယ္စားလွယ္ေလာင္း ေဒၚသန္းသန္းေအးမွလည္း ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ပါတီမ်ားမွ ေ႐ြး ေကာက္ပြဲႏွင့္ပတ္သက္ၿပီး တင္ျပတိုင္တန္းမႈမ်ား အမ်ားအျပားရွိေသာ္လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္မွ ျပန္လည္တုံ႔ျပန္မႈမရွိေသးျခင္း၊ တင္ျပတိုင္တန္းကန႔္ကြက္ခ်က္မ်ားအတြက္ ခုံ႐ုံးမ်ား၏ အယူခံ မႈျပင္ဆင္မႈ မဆုံးျဖတ္ခင္ကာလအတြင္း ထုတ္ျပန္သည့္ UEC ၏ ေၾကညာမႈမ်ားမွာ ဥပေဒအရ တရားမဝင္ ေၾကာင္း ေျပာၾကားခဲ့သည္။

“ခုံ႐ုံးေတြကေန အယူခံမႈ ျပင္ဆင္မႈေတြ မဆုံးျဖတ္ေသးဘဲ ဆႏၵေစာၿပီးထုတ္တဲ့ ေၾကညာခ်က္ေတြက တရား မဝင္ဘူးဆိုတာ ဥပေဒျပ႒ာန္းခ်က္ေတြမွာ ျပ႒ာန္းထားပါတယ္” ဟု ၎ကေျပာသည္။

Photo – USDP Yangon

#PeopleMedia #UEC #2020Election #USDP

(unicode)
၂၀၂၀ ရွေးကောက်ပွဲ၌ UEC မှ ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် ရန်ကုန်၌ မှတ်ပုံတင်မရှိသည့်ဦးရေ ခြောက်သိန်းကျော်ရှိပြီး မှတ်ပုံတင်ထပ်နေသည့်ဦးရေ သုံးသောင်းကျော်ရှိကြောင်း USDP ပါတီရှင်းလင်း

……………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ရွေးကောက်ပွဲတွင် UEC မှ ထုတ်ပြန်သော မဲဆန္ဒရှင်စာရင်းတွင် ရန်ကုန်၌ မှတ်ပုံတင်မရှိ်သည့်ဦးရေ ခြောက်သိန်းကျော်ရှိပြီး မှတ်ပုံတင်ထပ်နေသည့်ဦးရေ သုံးသောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုးမှ ရှင်းလင်းပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက် နေ့လည်ပိုင်းအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ပြုလုပ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာရှင်းလင်းပွဲတွင် ၎င်းမှအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒုတိယအကြိမ်ရရှိတဲ့မဲစာရင်းတွေကို စိစစ်လိုက်တဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီးမှာ တစ်တိုင်းလုံး မဲရုံတစ်ရုံ ချင်းအလိုက် ကျွန်တော်တို့ပြန်စိစစ်ပါတယ်။ ရန်ကုန်တိုင်းတစ်တိုင်းလုံး ၄၅ မြို့နယ် မဲဆန္ဒရှင်ဦးရေဟာ ၅၉၄၉၇၇၂ ဦး တွေ့ရှိရပါတယ်။ အဲဒီမှာ မှတ်ပုံတင်မရှိတဲ့ဦးရေဟာ ၆၄၃၈၅၃ ဦးတွေ့ရှိရပါတယ်။ မှတ်ပုံတင် ထပ်နေတဲ့ဦးရေဟာ ၃၈၈၆၁ ဦးတွေ့ရှိရပါတယ်။ ဒါဟာ တစ်ရုံချင်းအလိုက် စိစစ်တာ” ဟု ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုးက ပြောသည်။

ဆက်လက်ပြီး အဆိုပါရှင်းလင်းပွဲတွင် ပါဝင်ရှင်းလင်းခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်တိုင်းဒေသကြီးအမှတ်(၂) USDP ပါတီကိုယ်စားလှယ်လောင်း ဒေါ်သန်းသန်းအေးမှလည်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီများမှ ရွေး ကောက်ပွဲနှင့်ပတ်သက်ပြီး တင်ပြတိုင်တန်းမှုများ အများအပြားရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြန်လည်တုံ့ပြန်မှုမရှိသေးခြင်း၊ တင်ပြတိုင်တန်းကန့်ကွက်ချက်များအတွက် ခုံရုံးများ၏ အယူခံ မှုပြင်ဆင်မှု မဆုံးဖြတ်ခင်ကာလအတွင်း ထုတ်ပြန်သည့် UEC ၏ ကြေညာမှုများမှာ ဥပဒေအရ တရားမဝင် ကြောင်း ပြောကြားခဲ့သည်။

“ခုံရုံးတွေကနေ အယူခံမှု ပြင်ဆင်မှုတွေ မဆုံးဖြတ်သေးဘဲ ဆန္ဒစောပြီးထုတ်တဲ့ ကြေညာချက်တွေက တရား မဝင်ဘူးဆိုတာ ဥပဒေပြဋ္ဌာန်းချက်တွေမှာ ပြဋ္ဌာန်းထားပါတယ်” ဟု ၎င်းကပြောသည်။

Photo – USDP Yangon

#PeopleMedia #UEC #2020Election #USDP


Share this post