• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲ တစ္ျပည္လံုးတေျပးညီျဖစ္ေစေရးႏွင့္ ရက္ေရႊ႕ဆိုင္းပါက UEC အေနျဖင့္ ႏိုင္ငံေရးပါတီမ်ား၏ သေဘာတူညီခ်က္ရယူရန္ UNA သေဘာထားေၾကညာ

၂၀၂၀ ေရြးေကာက္ပြဲ တစ္ျပည္လံုးတေျပးညီျဖစ္ေစေရးႏွင့္ ရက္ေရႊ႕ဆိုင္းပါက UEC အေနျဖင့္ ႏိုင္ငံေရးပါတီမ်ား၏ သေဘာတူညီခ်က္ရယူရန္ UNA သေဘာထားေၾကညာ

Share this post

ရန္ကုန္၊ ဇြန္ ၁

၂၀၂၀ ခုႏွစ္အတြင္း က်င္းပျပဳလုပ္ရန္ရွိသည့္ အေထြေထြေရြးေကာက္ပြဲကို က်င္းပမည္ဆိုလွ်င္ လြတ္လပ္မႈ၊ ပြင့္လင္းမႈ၊ လြယ္ကူမႈ၊ တရားမွ်တမႈမ်ားႏွင့္ ဥပေဒအရ တစ္ျပည္လံုးတြင္ တေျပးညီျဖစ္ေစေရးကို အဓိကထားေဆာင္ရြက္ေပးရန္ႏွင့္ အကယ္၍ ရက္ေရႊ႕ဆိုင္းျခင္း(သို႔)လုပ္ထံုးလုပ္နည္းျပဳလုပ္မည္ဆိုပါက ေရြးေကာက္ပြဲတြင္ပါ၀င္မည့္ ႏိုင္ငံေရးပါတီမ်ား၏ သေဘာတူညီခ်က္ကိုရယူရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္(UEC)အား တိုက္တြန္းေၾကာင္း သေဘာထားေၾကညာ ခ်က္တစ္ေစာင္ကို စည္းလံုးညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္(UNA)က ယေန႔ထုတ္ျပန္လိုက္သည္။

၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို လာမည့္ႏို၀င္ဘာလအတြင္း က်င္းပျပဳလုပ္ဖြယ္ရွိေၾကာင္း UEC မွေျပာၾကားထားၿပီး လက္ရွိျဖစ္ပြားေနသည့္ Covid-19 ေရာဂါအေျခအေနမ်ားေၾကာင့္ ေရြးေကာက္ပြဲက်င္းပေရးကို ဆင္ျခင္သံုးသပ္ရန္ ေျပာဆို မႈမ်ားလည္းရွိေနသည္။

ဆႏၵမဲျပဳၾကမည့္ျပည္သူမ်ားအတြက္ Covid-19 ေရာဂါအေျခအေနမ်ားမွ လံုၿခံဳမႈရွိေစရန္ ႀကိဳတင္ကာကြယ္ေရးစနစ္မ်ားကို တစ္ ျပည္လံုးတေျပးညီ စီစဥ္ထားရန္လိုအပ္ေၾကာင္းႏွင့္ ျပည္ေတာ္ျပန္အလုပ္သမားမ်ား လြတ္လပ္စြာေဖၚထုတ္ဆႏၵမဲေပးႏိုင္ရန္ အတြက္ အစီအမံမ်ားႀကိဳတင္ေဆာင္ရြက္ထားေရး၊ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ား ယခင္ထက္ ပိုမိုလြယ္ကူေသာလုပ္ထံုး လုပ္နည္းမ်ားျဖင့္ ေခ်ာေမြ႕စြာ ဆႏၵမဲျပဳႏိုင္ရန္စီစဥ္ေဆာင္ရြက္ႏိုင္ရန္ လိုအပ္ေၾကာင္းလည္း UNA ၏ ထုတ္ျပန္ခ်က္တြင္ တိုက္ တြန္းထားသည္။ ထို႔အျပင္ UNA ၏ သေဘာထားထုတ္ျပန္ခ်က္၌ ျမန္မာတစ္ျပည္လံုးရွိ စစ္ေဘးေရွာင္ဒုကၡသည္မ်ားအေရး၊ ကမ႓ာ့ကပ္ေရာဂါအပါအ၀င္၊ ႏိုင္ငံေရး၊ စီးပြားေရး၊ ျပည္တြင္းစစ္ေရးစဲေရးစသည့္အခက္အခဲမ်ားကို အစိုးရ၊ တပ္မေတာ္ႏွင့္ အဘက္ဘက္ေသာအဖြဲ႕အစည္းမ်ားမွ ပူးေပါင္းေျဖရွင္းေဆာင္ရြက္သြားေရးတိုက္တြန္းထားခဲ့သည္။

#PeopleMedia

(unicode)
၂၀၂၀ ရွေးကောက်ပွဲ တစ်ပြည်လုံးတပြေးညီဖြစ်စေရေးနှင့် ရက်ရွှေ့ဆိုင်းပါက UEC အနေဖြင့် နိုင်ငံရေးပါတီများ၏ သဘောတူညီချက်ရယူရန် UNA သဘောထားကြေညာ
……………………………………………………

ရန်ကုန်၊ ဇွန် ၁

၂၀၂၀ ခုနှစ်အတွင်း ကျင်းပပြုလုပ်ရန်ရှိသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဆိုလျှင် လွတ်လပ်မှု၊ ပွင့်လင်းမှု၊ လွယ်ကူမှု၊ တရားမျှတမှုများနှင့် ဥပဒေအရ တစ်ပြည်လုံးတွင် တပြေးညီဖြစ်စေရေးကို အဓိကထားဆောင်ရွက်ပေးရန်နှင့် အကယ်၍ ရက်ရွှေ့ဆိုင်းခြင်း(သို့)လုပ်ထုံးလုပ်နည်းပြုလုပ်မည်ဆိုပါက ရွေးကောက်ပွဲတွင်ပါဝင်မည့် နိုင်ငံရေးပါတီများ၏ သဘောတူညီချက်ကိုရယူရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား တိုက်တွန်းကြောင်း သဘောထားကြေညာ ချက်တစ်စောင်ကို စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)က ယနေ့ထုတ်ပြန်လိုက်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ဖွယ်ရှိကြောင်း UEC မှပြောကြားထားပြီး လက်ရှိဖြစ်ပွားနေသည့် Covid-19 ရောဂါအခြေအနေများကြောင့် ရွေးကောက်ပွဲကျင်းပရေးကို ဆင်ခြင်သုံးသပ်ရန် ပြောဆို မှုများလည်းရှိနေသည်။

ဆန္ဒမဲပြုကြမည့်ပြည်သူများအတွက် Covid-19 ရောဂါအခြေအနေများမှ လုံခြုံမှုရှိစေရန် ကြိုတင်ကာကွယ်ရေးစနစ်များကို တစ် ပြည်လုံးတပြေးညီ စီစဉ်ထားရန်လိုအပ်ကြောင်းနှင့် ပြည်တော်ပြန်အလုပ်သမားများ လွတ်လပ်စွာဖေါ်ထုတ်ဆန္ဒမဲပေးနိုင်ရန် အတွက် အစီအမံများကြိုတင်ဆောင်ရွက်ထားရေး၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ ယခင်ထက် ပိုမိုလွယ်ကူသောလုပ်ထုံး လုပ်နည်းများဖြင့် ချောမွေ့စွာ ဆန္ဒမဲပြုနိုင်ရန်စီစဉ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းလည်း UNA ၏ ထုတ်ပြန်ချက်တွင် တိုက် တွန်းထားသည်။ ထို့အပြင် UNA ၏ သဘောထားထုတ်ပြန်ချက်၌ မြန်မာတစ်ပြည်လုံးရှိ စစ်ဘေးရှောင်ဒုက္ခသည်များအရေး၊ ကမ္ဘာ့ကပ်ရောဂါအပါအဝင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းစစ်ရေးစဲရေးစသည့်အခက်အခဲများကို အစိုးရ၊ တပ်မတော်နှင့် အဘက်ဘက်သောအဖွဲ့အစည်းများမှ ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားရေးတိုက်တွန်းထားခဲ့သည်။

#PeopleMedia


Share this post