• Follow Us on

Home ၂၀၂၀ ရွေးကောက်ပွဲ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် မဲဆွယ်မည့်အပေါ် မှန်မှန်ကန်ကန် အသုံးချရန်လိုအပ် ကြောင်း ကရင်ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းပဒိုမန်းငြိမ်းမောင်ပြောကြား


Share this post

ရန်ကုန်၊ သြဂုတ် ၇


သြဂုတ်လ ၆ ရက် ရန်ကုန်မြို့တွင် people media နှင့်သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ကရင်ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်ကပြောကြားခဲ့ခြင်းဖြစ်သည်။




#PeopleMedia

(unicode)
၂၀၂၀ ရွေးကောက်ပွဲ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် မဲဆွယ်မည့်အပေါ် မှန်မှန်ကန်ကန် အသုံးချရန်လိုအပ် ကြောင်း ကရင်ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းပဒိုမန်းငြိမ်းမောင်ပြောကြား
………………………………………………………

ရန်ကုန်၊ ဩဂုတ် ၇

၂၀၂၀ရွေးကောက်ပွဲ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့်မဲဆွယ်မည့်အပေါ် မှန်မှန်ကန်ကန် အသုံးချရန်လိုအပ် ကြောင်း ကရင်ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းပဒိုမန်းငြိမ်းမောင်ပြောကြားလိုက်သည်။

ဩဂုတ်လ ၆ ရက် ရန်ကုန်မြို့တွင် people media နှင့်သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ကရင်ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်ရုပ်ပုံသုံးပြီးမဲဆွယ်မယ်ဆိုတဲ့အပေါ် ကျွန်တော် ဥပမာလေးတစ်ခုပြောမယ်ဗျ။ ဗမာပြည်လွတ်လပ် ရေးရတော့ ဆရာကြီး သခင်စိုးတို့ကမြေအောက်ရောက်သွားပြီ။ တောခိုသွားတယ်ပေါ့ဗျာ။ အဲဒီမှာ သူကဘာပြောလဲဆိုတော့ မသာတစ်ခု အရင်းပြုတဲ့ ငနုအစိုးရဆိုပြီးတော့ မြေအောက်တစ်နေရာကနေမကျေမချမ်းပြောခဲ့တယ်ဆိုပြီးတော့ဆရာဗန်းမော်တင်အောင်က ေပြာခဲ့တဲ့စကားပေါ့။ ဒီစကားကိုမပြောချင်ပေမဲ့လည်း နောင်လာနောင်သားတွေသိအောင်ပါ။ ကျွန်တော်တို့ခေါင်းဆောင်ကြီးရဲ့ ဂုဏ်သိက္ခာကိုမှန်မှန်ကန်ကန်အသုံးချဖို့လိုပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို မဲဆွယ်စည်းရုံးရာတွင် အသုံးပြုမည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူဒေါက်တာဇော်မြင့်မောင်ကလည်းသတင်းဌာနများ သို့ပြောကြားထားသည်။

ပဒိုမန်းငြိမ်းမောင်သည် KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်မှ နုတ်ထွက်ကာ ၂၀၂၀ ေရွးကောက်ပွဲအတွက် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှ ယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

#PeopleMedia


Share this post