• Follow Us on

Home ၂၀၂၀ ေ႐ြးေကာက္ပြဲ၌ လူတိုင္းမဲ႐ုံသြားမဲေပးရန္ USDP ပါတီႏွင့္ NLD ပါတီတိုက္တြန္း

၂၀၂၀ ေ႐ြးေကာက္ပြဲ၌ လူတိုင္းမဲ႐ုံသြားမဲေပးရန္ USDP ပါတီႏွင့္ NLD ပါတီတိုက္တြန္း

Share this post

ရန္ကုန္၊ ဇူလုိင္ – ၇

၂၀၂၀ ေ႐ြးေကာက္ပြဲ လူတိုင္းမဲ႐ုံသြားမဲေပးရန္ USDP ပါတီႏွင့္ NLD ပါတီတို႔က ေျပာဆုိၾကသည္။

ေ႐ြးေကာက္ပြဲႏွင့္ နိုင္ငံေရးအေပၚ လူအမ်ားစိတ္၀င္စားမႈႏွင့္ပတ္သက္၍ ဇူလိုင္ ၇ ရက္ People Media မွ ဆက္ သြယ္ေမးျမန္းရာတြင္ ပါတီႏွစ္ရပ္မွ တာ၀န္ရွိသူတို႔က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“မဲေပးတာမွာ ျပည္သူလူထုက ဒီမိုကေရစီအေနနဲ႔ ျဖစ္ေသာ္ျငားလည္း အဲဒီတင္ေျမွာက္မႈဟာ ပုဂၢိဳလ္စြဲ၊ သံေယာ ဇဥ္စြဲနဲ႔ အဲဒီဟာနဲ႔ အဲဒီလိုျဖစ္လာတယ္ဆိုလို႔ရွိရင္ အရည္အခ်င္းရွိတာကို မတင္ေျမွာက္လို႔ရွိရင္ တိုင္းျပည္ဟာ တိုးတက္ဖို႔ထက္ကို ဆုတ္ယုတ္ကုန္ၾကမွာေလ။ အဲဒီေတာ့ မဲ႐ုံသြားတာကေတာ့ မွန္ကန္တဲ့လူကိုၾကည့္ၿပီးေတာ့ မွ တကယ္ကို ကိုယ့္ရပ္ကြက္ကိုယ့္႐ြာကိုယ့္ၿမိဳ႕နယ္ကိုေကာင္းေအာင္ လုပ္ေပးနိုင္မဲ့ လူကိုၾကည့္ၿပီးေတာ့ ေ႐ြးဖို႔ သင့္တယ္။ မဲ႐ုံကို မဲသြားေပးသင့္တယ္လို႔ အန္ကယ့္အေနနဲ႔ တိုက္တြန္းေျပာၾကားလိုပါတယ္” ဟု ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီမွ ဗဟိုေကာ္မတီ၀င္ ဦးလွသိန္းကေျပာသည္။

၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးခြင့္ရွိသူ ၃၄ သန္းေက်ာ္ရွိခဲ့ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ၃၇ သန္း ေက်ာ္ရွိေၾကာင္းသိရကာ ေ႐ြးေကာက္ပြဲအား နို၀င္ဘာလ ၈ ရက္တြင္က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားသည္။

“မဲ႐ုံကို ျပည္သူလူထုကလာဖို႔ကေတာ့ အခ်က္ ၂ ခ်က္ ကြၽန္ေတာ္ကေျပာခ်င္တယ္။ နံပါတ္တစ္က မဲေပးျခင္း သည္ ကိုယ့္ရဲ႕အခြင့္အေရးပဲ။ ႏုိင္ငံသားအခြင့္အေရးပဲ။ မဲမေပးရင္ ကိုယ့္အခြင့္အေရးဆုံးရႈံးမယ္။ ႏုိင္ငံသား အခြင့္အေရးဆုံးရႈံးမယ္။ တိတိက်က်မဲေပးျခင္းသည္ ကိုယ္မဲေပးတဲ့ေန႔ဟာ အစိုးရကိုႏုိင္တဲ့ေန႔ပဲဆိုတာ သိဖို႔ အေရးႀကီးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္မဲေၾကာင့္ အစိုးရဖြဲ႕ႏုိင္ေအာင္လုပ္တာ။ ကိုယ့္မဲေၾကာင့္ ပါတီ ေတြ အႏုိင္ရေအာင္လုပ္တာျဖစ္တဲ့အတြက္ မဲေပးျခင္းသည္အစိုးရကို ႏုိင္ေအာင္လုပ္တာျဖစ္တဲ့အတြက္ အဲဒီ လိုပဲ သေဘာေပါက္ေအာင္ေျပာရမွာျဖစ္ပါတယ္” ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဗဟိုျပန္ၾကားေရးမွ အတြင္းေရးမွဴး မုံ႐ြာေအာင္ရွင္ကေျပာသည္။

#PeopleMedia #UEC #NLD #2020Election

(unicode)
၂၀၂၀ ရွေးကောက်ပွဲ၌ လူတိုင်းမဲရုံသွားမဲပေးရန် USDP ပါတီနှင့် NLD ပါတီတိုက်တွန်း
……………………………………………………………………..

ရန်ကုန်၊ ဇူလိုင် – ၇

၂၀၂၀ ရွေးကောက်ပွဲ လူတိုင်းမဲရုံသွားမဲပေးရန် USDP ပါတီနှင့် NLD ပါတီတို့က ပြောဆိုကြသည်။

ရွေးကောက်ပွဲနှင့် နိုင်ငံရေးအပေါ် လူအများစိတ်ဝင်စားမှုနှင့်ပတ်သက်၍ ဇူလိုင် ၇ ရက် People Media မှ ဆက် သွယ်မေးမြန်းရာတွင် ပါတီနှစ်ရပ်မှ တာဝန်ရှိသူတို့က ပြောကြားခဲ့ခြင်းဖြစ်သည်။

“မဲပေးတာမှာ ပြည်သူလူထုက ဒီမိုကရေစီအနေနဲ့ ဖြစ်သော်ငြားလည်း အဲဒီတင်မြှောက်မှုဟာ ပုဂ္ဂိုလ်စွဲ၊ သံယော ဇဉ်စွဲနဲ့ အဲဒီဟာနဲ့ အဲဒီလိုဖြစ်လာတယ်ဆိုလို့ရှိရင် အရည်အချင်းရှိတာကို မတင်မြှောက်လို့ရှိရင် တိုင်းပြည်ဟာ တိုးတက်ဖို့ထက်ကို ဆုတ်ယုတ်ကုန်ကြမှာလေ။ အဲဒီတော့ မဲရုံသွားတာကတော့ မှန်ကန်တဲ့လူကိုကြည့်ပြီးတော့ မှ တကယ်ကို ကိုယ့်ရပ်ကွက်ကိုယ့်ရွာကိုယ့်မြို့နယ်ကိုကောင်းအောင် လုပ်ပေးနိုင်မဲ့ လူကိုကြည့်ပြီးတော့ ရွေးဖို့ သင့်တယ်။ မဲရုံကို မဲသွားပေးသင့်တယ်လို့ အန်ကယ့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဦးလှသိန်းကပြောသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ၃၇ သန်း ကျော်ရှိကြောင်းသိရကာ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

“မဲရုံကို ပြည်သူလူထုကလာဖို့ကတော့ အချက် ၂ ချက် ကျွန်တော်ကပြောချင်တယ်။ နံပါတ်တစ်က မဲပေးခြင်း သည် ကိုယ့်ရဲ့အခွင့်အရေးပဲ။ နိုင်ငံသားအခွင့်အရေးပဲ။ မဲမပေးရင် ကိုယ့်အခွင့်အရေးဆုံးရှုံးမယ်။ နိုင်ငံသား အခွင့်အရေးဆုံးရှုံးမယ်။ တိတိကျကျမဲပေးခြင်းသည် ကိုယ်မဲပေးတဲ့နေ့ဟာ အစိုးရကိုနိုင်တဲ့နေ့ပဲဆိုတာ သိဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မဲကြောင့် အစိုးရဖွဲ့နိုင်အောင်လုပ်တာ။ ကိုယ့်မဲကြောင့် ပါတီ တွေ အနိုင်ရအောင်လုပ်တာဖြစ်တဲ့အတွက် မဲပေးခြင်းသည်အစိုးရကို နိုင်အောင်လုပ်တာဖြစ်တဲ့အတွက် အဲဒီ လိုပဲ သဘောပေါက်အောင်ပြောရမှာဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။

#PeopleMedia #UEC #NLD #2020Election


Share this post