• Follow Us on

Home ၂၀၂၀ ပြည့်နှစ်၏ ဖေ့စ်ဘုတ်ထံမှ အသုံးပြုသူအချက်အလက်တောင်းခံမှုအများဆုံးနိုင်ငံ ဘင်္ဂလားဒေ့ရှ်ဖြစ်နေ


Share this post

ဒါကာ၊ နိုဝင်ဘာ ၂၃










#PeopleMedia

(unicode)
၂၀၂၀ ပြည့်နှစ်၏ ဖေ့စ်ဘုတ်ထံမှ အသုံးပြုသူအချက်အလက်တောင်းခံမှုအများဆုံးနိုင်ငံ ဘင်္ဂလားဒေ့ရှ်ဖြစ်နေ
………………………………………………………

ဒါကာ၊ နိုဝင်ဘာ ၂၃

ပြီးခဲ့သည့် ၇ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဖေ့စ်ဘုတ်ကုမ္ပဏီထံသို့ အသုံးပြုသူအချက်အလက်အများ ဆုံးတောင်းခံခဲ့သည့်နိုင်ငံဖြစ်သည်။

၂၀၂၀ ပြည့်နှစ်ပထမတဝက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၄၁ ကြိမ်တောင်းခံခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၂.၅ ဆပိုများခဲ့ကြောင်း ဖေ့စ်ဘုတ်၏ကမ္ဘာတဝန်းပွင့်လင်းမြင်သာမှုဆိုင်ရာအစီရင်ခံစာအရသိရသည်။

၂၀၂၀ ပြည့်နှစ်တွင်တောင်းခံမှုအားလုံးကို ဖေ့စ်ဘုတ်ကအတည်ပြုပေးခဲ့ခြင်းမရှိဘဲ ၄၄ ရာခိုင်နှုန်းကိုသာ လက်ခံခဲ့သည်။

ဖြစ်စဉ်အများစုတွင် အစိုးရသည် ဘာသာရေးအုံကြွမှုဖြစ်စေရန်လှုံ့ဆော်မှုနှင့် နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များ ကြောင့် တောင်းဆိုခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဖေ့စ်ဘုတ်က ဘင်္ဂလားဒေ့ရှ်အစိုးရ၏တောင်းဆိုမှုကို စတင်လက်ခံခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖေ့စ်ဘုတ်ထံစတင်တောင်းခံခဲ့ပြီး ထိုနှစ်တွင် တောင်းခံမှု ၁ ခုသာ ရှိသည်။

၂၀၁၄ ခုနှစ်တွင် ၇ ခု၊ ၂၀၁၅ ခုနှစ်တွင် ၃ ခု၊ ၂၀၁၆ ခုနှစ်တွင် ၁၀ ခု၊ ၂၀၁၇ ခုနှစ်တွင် ၄၄ ခုနှင့် ၂၀၁၈ ခုနှစ်တွင် ၁၅၂ ခုတောင်းခံခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ၉၅ ခုကျဆင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၂၄၁ ကြိမ်ရှိနေသည်။

Ref : Facebook gets most user data requests from Bangladesh govt in 2020

#PeopleMedia


Share this post