• Follow Us on
Latest News

Home ၂၀၂၁ ခုႏွစ္မကုန္မီ ျပည္သူ သန္း ၁၆၀ ကို ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးရန္ အင္ဒိုနီးရွားအစိုးရ စီစဥ္

၂၀၂၁ ခုႏွစ္မကုန္မီ ျပည္သူ သန္း ၁၆၀ ကို ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးရန္ အင္ဒိုနီးရွားအစိုးရ စီစဥ္

Share this post

ေအာက္တိုဘာ -၃
 
အင္ဒိုနီးရွားနိုင္ငံက လာမည့္ႏွစ္မကုန္မီ ျပည္သူ သန္း ၁၆၀ ကို ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးရန္ ေမၽွာ္ လင့္ေနေၾကာင္း သိရသည္။
 
ေထာင္ခ်ီေသာ ကၽြန္းမ်ားျဖင့္ဖြဲ႕စည္းထားသည့္ အင္ဒိုနီးရွားနိုင္ငံ လူဦးေရ၏ထက္ဝက္ေက်ာ္ကို ဗိုင္းရပ္စ္ ကာကြယ္ေဆးထိုးေပးရန္ စီမံခ်က္တစ္ရပ္ သတ္မွတ္လိုက္ျခင္းျဖစ္သည္။
 
ကမၻာေပၚတြင္ စတုတၳေျမာက္ လူဦးေရအမ်ားဆုံး အင္ဒိုနီးရွားနိုင္ငံ၌ အလုပ္လုပ္ကိုင္ေသာ ျပည္သူမ်ား ကို ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးေပးေရးႀကိဳးပမ္းမႈမ်ား အစိုးရက အေလးထားေဆာင္ရြက္မည္ျဖစ္သည္။
 
စီမံခ်က္အရ အင္ဒိုနီးရွားနိုင္ငံ လူဦးေရ ၂၆၈ သန္း၏ ၇၀ ရာခိုင္ႏႈန္းျဖစ္သည့္ အသက္ ၁၉ ႏွစ္မွ ၅၉ ႏွစ္ အရြယ္ ျပည္သူမ်ားအျပင္ ကပ္ေရာဂါတိုက္ဖ်က္ေရးတြင္ ေရွ႕မ်က္ႏွာစာမွပါဝင္ေနသည့္ က်န္းမာေရးလုပ္သား မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္မေတာ္သားမ်ားကို ဦးစားေပးကာ ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးေပးမည္ဟု စီးပြား ေရးရာ ညႇိႏွိုင္းေဆာင္ရြက္ေရးဝန္ႀကီး အဲလန္ဂါဟာတာတိုက သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။
 
အင္ဒိုနီးရွားနိုင္ငံ၌ မၾကာေသးမီက တစ္ရက္လ်င္ ဗိုင္းရပ္စ္ကူးစက္မႈ ၄၀၀၀ ခန္႔ ျမင့္တက္လာခဲ့ရာ လြန္ ခဲ့ေသာ ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ကျဖစ္ပြားခဲ့သည့္ အာရွဘ႑ာေရး အက်ပ္အတည္းေနာက္ပိုင္း နိုင္ငံ့စီးပြားေရးမွာ ပ ထမဆုံးအႀကိမ္ က်ဆင္းလာခဲ့သည္။
 
တ႐ုတ္နိုင္ငံမွ Sinovac Biotech Ltd. ကထုတ္လုပ္ေသာ ဗိုင္းရပ္စ္ကာကြယ္ေဆးတစ္မ်ိဳးႏွင့္ ဂ်ကာတာ ၿမိဳ႕ေတာ္အေျခစိုက္ PT Lakbe Farma က ေတာင္ကိုရီးယားနိုင္ငံမွ Genexine Co. ႏွင့္ ပူးတြဲထုတ္လုပ္သည့္ ဗိုင္းရပ္စ္ကာကြယ္ေဆး အပါအဝင္ အင္ဒိုနီးရွားနိုင္ငံက ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား အၿပီးသတ္အဆင့္ လက္ေတြ႕ စမ္းသပ္မႈမ်ား လုပ္ေဆာင္လ်က္ရွိသည္။
 
အင္ဒိုနီးရွားနိုင္ငံအေနျဖင့္ ရည္မွန္းခ်က္ျပည့္မီရန္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၃၇၀ လိုအပ္ ၿပီး ပထမအဆင့္တြင္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ ၃၆ သန္းကို ယခုႏွစ္ စတုတၳသုံးလအတြင္း ျဖန္႔ေဝမည္ ဟု ေမၽွာ္မွန္းရေၾကာင္း ဟာတာတိုက ေျပာသည္။
 
Ref; Indonesia Plans to Vaccinate 160 Million People by End of 2021
 
#PeopleMedia
 
(Unicode)
၂၀၂၁ ခုနှစ်မကုန်မီ ပြည်သူ သန်း ၁၆၀ ကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးရန် အင်ဒိုနီးရှားအစိုးရ စီစဉ်
………………………………………………
 
အောက်တိုဘာ -၃
 
အင်ဒိုနီးရှားနိုင်ငံက လာမည့်နှစ်မကုန်မီ ပြည်သူ သန်း ၁၆၀ ကို ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးရန် မျှော် လင့်နေကြောင်း သိရသည်။
 
ထောင်ချီသော ကျွန်းများဖြင့်ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံ လူဦးရေ၏ထက်ဝက်ကျော်ကို ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပေးရန် စီမံချက်တစ်ရပ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
 
ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်သော ပြည်သူများ ကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးရေးကြိုးပမ်းမှုများ အစိုးရက အလေးထားဆောင်ရွက်မည်ဖြစ်သည်။
 
စီမံချက်အရ အင်ဒိုနီးရှားနိုင်ငံ လူဦးရေ ၂၆၈ သန်း၏ ၇၀ ရာခိုင်နှုန်းဖြစ်သည့် အသက် ၁၉ နှစ်မှ ၅၉ နှစ် အရွယ် ပြည်သူများအပြင် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့မျက်နှာစာမှပါဝင်နေသည့် ကျန်းမာရေးလုပ်သား များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများကို ဦးစားပေးကာ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမည်ဟု စီးပွား ရေးရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး အဲလန်ဂါဟာတာတိုက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
 
အင်ဒိုနီးရှားနိုင်ငံ၌ မကြာသေးမီက တစ်ရက်လျင် ဗိုင်းရပ်စ်ကူးစက်မှု ၄၀၀၀ ခန့် မြင့်တက်လာခဲ့ရာ လွန် ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်ကဖြစ်ပွားခဲ့သည့် အာရှဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်း နိုင်ငံ့စီးပွားရေးမှာ ပ ထမဆုံးအကြိမ် ကျဆင်းလာခဲ့သည်။
 
တရုတ်နိုင်ငံမှ Sinovac Biotech Ltd. ကထုတ်လုပ်သော ဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးနှင့် ဂျကာတာ မြို့တော်အခြေစိုက် PT Lakbe Farma က တောင်ကိုရီးယားနိုင်ငံမှ Genexine Co. နှင့် ပူးတွဲထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေး အပါအဝင် အင်ဒိုနီးရှားနိုင်ငံက ဗိုင်းရပ်စ်ကာကွယ်ဆေးများ အပြီးသတ်အဆင့် လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိသည်။
 
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရည်မှန်းချက်ပြည့်မီရန် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၃၇၀ လိုအပ် ပြီး ပထမအဆင့်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၃၆ သန်းကို ယခုနှစ် စတုတ္ထသုံးလအတွင်း ဖြန့်ဝေမည် ဟု မျှော်မှန်းရကြောင်း ဟာတာတိုက ပြောသည်။
 
Ref; Indonesia Plans to Vaccinate 160 Million People by End of 2021
 
#PeopleMedia

Share this post