• Follow Us on

Home ၂၀၂၁ ခုႏွစ္အေစာပိုင္းတြင္ ဆင္းရဲသည့္ႏိုင္ငံမ်ား ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးရရန္႐ွိေနဟု ကိုဗက္က္စ္မ ဟာမိတ္အဖြဲ႕ေျပာ

၂၀၂၁ ခုႏွစ္အေစာပိုင္းတြင္ ဆင္းရဲသည့္ႏိုင္ငံမ်ား ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးရရန္႐ွိေနဟု ကိုဗက္က္စ္မ ဟာမိတ္အဖြဲ႕ေျပာ

Share this post

ဂ်ီနီဗာ၊ ဒီဇင္ဘာ ၁၉
 
ေထာက္ပံ့ႏိုင္မႈ ၂ ဆတိုးႏိုင္ရန္ သေဘာတူညီမႈရထားၿပီး ကာကြယ္ေဆးသန္း ၂ ေထာင္အထိျဖန္႔ခ်ိႏိုင္မည္ ျဖစ္ကာ ၂၀၂၁ ခုႏွစ္အေစာပိုင္းတြင္စတင္ျဖန္႔ခ်ိမည္ဟု ေသာၾကာေန႔တြင္ ဆင္းရဲသည့္ႏိုင္ငံမ်ားအတြက္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားမွ်တစြာရႏိုင္ရန္ရည္႐ြယ္ထားေသာ ကိုဗက္က္စ္မဟာမိတ္အဖြဲ႔က ထုတ္ေျပာသည္။
 
ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)၊ အစိုးရမ်ား၏ကာကြယ္ေဆးမဟာမိတ္အဖြဲ႕(GAVI)တို႔ ဦးေဆာင္ပါ၀င္ေန သည့္ကိုဗက္က္စ္က ၀င္ေငြနည္းႏွင့္အလယ္အလတ္႐ွိေသာႏိုင္ငံမ်ားထံ ၂၀၂၁ ခုႏွစ္တြင္ အတည္ျပဳထား သည့္ကာကြယ္ေဆး သန္း ၁၃၀၀ ျဖန္႔ခ်ိေပးရန္ေမွ်ာ္မွန္းထားေၾကာင္းလည္းေျပာသည္။
 
အဖြဲ႔၀င္ႏိုင္ငံ ၁၉၀ စလံုးကို ၂၀၂၁ ခုႏွစ္ပထမႏွစ္၀က္တြင္ ကာကြယ္ေဆးမ်ားျဖန္႔မည္ျဖစ္ၿပီး ပထမဆံုး အသုတ္ကို ပထမ ၃ လပတ္အတြင္း ျဖန္႔ႏိုင္မည္ဟုေမွ်ာ္လင့္ေၾကာင္းလည္းေျပာသည္။
 
ေသာၾကာေန႔တြင္ထုတ္ျပန္ခဲ့ေသာသေဘာတူညီခ်က္မ်ားထဲတြင္ အက္စထရာဇီနီကာထံမွ ကာကြယ္ေဆးသန္း ၁၇၀ ၀ယ္ယူရန္ႏွင့္ ဂၽြန္ဆင္အန္ဂၽြန္ဆင္ထံမွသန္း ၅၀၀ ရေရး နားလည္မႈစာခၽြန္လႊာခ်ဳပ္ဆိုထားေၾကာင္းတို႔ လည္းပါ၀င္သည္။
 
ခ်မ္းသာေသာႏိုင္ငံမ်ားက သူတို႔ႏိုင္ငံသားမ်ားအတြက္ ကာကြယ္ေဆးခ်က္ခ်င္းထိုးေပးရန္ဆံုးျဖတ္ထားသျဖင့္ ဆင္းရဲေသာႏိုင္ငံမ်ားအတြက္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားရယူျခင္းသည္ အလြန္တရာႀကီးမားေသာ အခက္အခဲျဖစ္သည္။ ကိုဗက္က္စ္ကို အလွဴ႐ွင္ႏိုင္ငံမ်ား၊ ကမာၻ႔ဘဏ္ကဲ့သို႔ေသာႏိုင္ငံစံုပါ၀င္သည့္ေငြထုတ္ေခ်း သူမ်ား၊ ဘီလ္ႏွင့္မီလင္ဒါဂိတ္ေဖာင္ေဒး႐ွင္းကဲ့သို႔ ပုဂၢလိကပရဟိတအသင္းမ်ားက ေငြေထာက္ပံ့ထားသည္။
Ref : COVAX programme doubles global COVID-19 vaccine supply deals to 2 billion doses
 
#PeopleMedia
 
(unicode)
၂၀၂၁ ခုနှစ်အစောပိုင်းတွင် ဆင်းရဲသည့်နိုင်ငံများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရန်ရှိနေဟု ကိုဗက်က်စ်မ ဟာမိတ်အဖွဲ့ပြော
…………………………………………………….
 
ဂျီနီဗာ၊ ဒီဇင်ဘာ ၁၉
 
ထောက်ပံ့နိုင်မှု ၂ ဆတိုးနိုင်ရန် သဘောတူညီမှုရထားပြီး ကာကွယ်ဆေးသန်း ၂ ထောင်အထိဖြန့်ချိနိုင်မည် ဖြစ်ကာ ၂၀၂၁ ခုနှစ်အစောပိုင်းတွင်စတင်ဖြန့်ချိမည်ဟု သောကြာနေ့တွင် ဆင်းရဲသည့်နိုင်ငံများအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများမျှတစွာရနိုင်ရန်ရည်ရွယ်ထားသော ကိုဗက်က်စ်မဟာမိတ်အဖွဲ့က ထုတ်ပြောသည်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ အစိုးရများ၏ကာကွယ်ဆေးမဟာမိတ်အဖွဲ့(GAVI)တို့ ဦးဆောင်ပါဝင်နေ သည့်ကိုဗက်က်စ်က ဝင်ငွေနည်းနှင့်အလယ်အလတ်ရှိသောနိုင်ငံများထံ ၂၀၂၁ ခုနှစ်တွင် အတည်ပြုထား သည့်ကာကွယ်ဆေး သန်း ၁၃၀၀ ဖြန့်ချိပေးရန်မျှော်မှန်းထားကြောင်းလည်းပြောသည်။
 
အဖွဲ့ဝင်နိုင်ငံ ၁၉၀ စလုံးကို ၂၀၂၁ ခုနှစ်ပထမနှစ်ဝက်တွင် ကာကွယ်ဆေးများဖြန့်မည်ဖြစ်ပြီး ပထမဆုံး အသုတ်ကို ပထမ ၃ လပတ်အတွင်း ဖြန့်နိုင်မည်ဟုမျှော်လင့်ကြောင်းလည်းပြောသည်။
 
သောကြာနေ့တွင်ထုတ်ပြန်ခဲ့သောသဘောတူညီချက်များထဲတွင် အက်စထရာဇီနီကာထံမှ ကာကွယ်ဆေးသန်း ၁၇၀ ဝယ်ယူရန်နှင့် ဂျွန်ဆင်အန်ဂျွန်ဆင်ထံမှသန်း ၅၀၀ ရရေး နားလည်မှုစာချွန်လွှာချုပ်ဆိုထားကြောင်းတို့ လည်းပါဝင်သည်။
 
ချမ်းသာသောနိုင်ငံများက သူတို့နိုင်ငံသားများအတွက် ကာကွယ်ဆေးချက်ချင်းထိုးပေးရန်ဆုံးဖြတ်ထားသဖြင့် ဆင်းရဲသောနိုင်ငံများအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများရယူခြင်းသည် အလွန်တရာကြီးမားသော အခက်အခဲဖြစ်သည်။ ကိုဗက်က်စ်ကို အလှူရှင်နိုင်ငံများ၊ ကမ္ဘာ့ဘဏ်ကဲ့သို့သောနိုင်ငံစုံပါဝင်သည့်ငွေထုတ်ချေး သူများ၊ ဘီလ်နှင့်မီလင်ဒါဂိတ်ဖောင်ဒေးရှင်းကဲ့သို့ ပုဂ္ဂလိကပရဟိတအသင်းများက ငွေထောက်ပံ့ထားသည်။
Ref : COVAX programme doubles global COVID-19 vaccine supply deals to 2 billion doses
 
#PeopleMedia

Share this post