• Follow Us on
Latest News

Home ၂၀၂၁ ခုႏွစ္အေစာပိုင္းအထိ COVID-19 ကာကြယ္ေဆးကိုမေမွ်ာ္လင့္ရန္ W.H.O ကၽြမ္းက်င္သူေျပာ

၂၀၂၁ ခုႏွစ္အေစာပိုင္းအထိ COVID-19 ကာကြယ္ေဆးကိုမေမွ်ာ္လင့္ရန္ W.H.O ကၽြမ္းက်င္သူေျပာ

Share this post

ဂ်ီနီဗာ၊ ဇူလိုင္ ၂၃

COVID-19 ကာကြယ္ေဆးမ်ားကို သုေတသီမ်ားစမ္းသပ္ရာတြင္ သိသာသည့္တိုးတက္မႈမ်ား႐ွိေနၿပီး လက္တစ္ဆုပ္စာေဆးတခ်ိဳ႕ကလည္း စမ္းသပ္ကုသမႈေနာက္ဆံုးအဆင့္ေရာက္ေနေသာ္လည္း ၂၀၂၁ ခုႏွစ္အေစာပိုင္းအထိ ေဆးမ်ားကို အသံုးျပဳႏိုင္ရန္ မေမွ်ာ္လင့္သင့္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔(W.H.O)ကၽြမ္းက်င္သူက ဗုဒၶဟူးေန႔တြင္ေျပာသည္။

ကာကြယ္ေဆးမွ်မွ်တတျဖန္႔ျဖဴးႏိုင္ရန္ WHOက ေဆာင္႐ြက္ေနေသာ္လည္း ကမာၱတ၀န္းတြင္ ေန႔စဥ္ကူးစက္မႈစံခ်ိန္တင္ေနသျဖင့္ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ဖိႏွိပ္ရန္သည္လည္း ေသာ့ခ်က္တစ္ခုျဖစ္ေၾကာင္း WHO ၏ အေရးေပၚအစီအစဥ္အႀကီးအကဲေဒါက္တာ မိုက္ ႐ိုင္ယန္ကေျပာသည္။

ေဆးအမ်ားအျပားစမ္းသပ္ကုသမႈ တတိယအဆင့္ေရာက္ေနၾကၿပီး တစ္ခုမွယခင္အဆင့္မ်ားတြင္ မေအာင္ျမင္ျခင္းမ႐ွိခဲ့ဟုလည္း ႐ိုင္ယန္ကေျပာသည္။

ကာကြယ္ေဆးမ်ားစမ္းသပ္ကုသရာတြင္ အေစာပိုင္းရလဒ္မ်ားက ေရာဂါကာကြယ္ေရးအတြက္ ကတိျပဳႏိုင္ေနေၾကာင္း မစ္ခ်ီဂန္တကၠသိုလ္၊ ျပည္သူ႔က်န္းမာေရးေက်ာင္းမွ ေရာဂါေဗဒတြဲဖက္ပါေမာကၡ ေအာ္ဘရီ ေဂၚဒြန္ကေျပာသည္။

ဗိုင္းရပ္စ္၏မ်ိဳးဗီဇကြင္းဆက္ ၇ လအၾကာတြင္ အဆင့္ ၃ စမ္းသပ္ကုသမႈမ်ားစတင္ခဲ့ေၾကာင္း အေမရိကန္ကူးစက္ေရာဂါအသိုက္အ၀န္းက အသိေပးသည္။

အကယ္၍ ေဘးကင္းလံုျခံဳမႈ႐ွိၿပီး ေဆးစြမ္းထက္ပါက အေမရိကန္အစိုးရက ေဒၚလာသန္း ၁၅၅၀ ေက်ာ္ေပးၿပီး သူတို႔ထုတ္လုပ္ေနသည့္ COVID-19 ကာကြယ္ေဆးသန္း ၁၀၀ ေက်ာ္ကို ၀ယ္ယူမည္ဟု အေမရိကန္ေဆးကုမၸဏီ Pfizer ႏွင့္ ဂ်ာမနီဇီ၀နည္းပညာကုမၸဏီ BioNTech တို႔ကေျပာသည္။

Ref : Don’t expect first COVID-19 vaccinations until early 2021: WHO expert

#PeopleMedia

(Unicode)
၂၀၂၁ ခုနှစ်အစောပိုင်းအထိ COVID-19 ကာကွယ်ဆေးကိုမမျှော်လင့်ရန် W.H.Oကျွမ်းကျင်သူပြော
………………………………………………..

ဂျီနီဗာ၊ ဇူလိုင် ၂၃

COVID-19 ကာကွယ်ဆေးများကို သုတေသီများစမ်းသပ်ရာတွင် သိသာသည့်တိုးတက်မှုများရှိနေပြီး လက်တစ်ဆုပ်စာဆေးတချို့ကလည်း စမ်းသပ်ကုသမှုနောက်ဆုံးအဆင့်ရောက်နေသော်လည်း ၂၀၂၁ ခုနှစ်အစောပိုင်းအထိ ဆေးများကို အသုံးပြုနိုင်ရန် မမျှော်လင့်သင့်ကြောင်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့(W.H.O)ကျွမ်းကျင်သူက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ကာကွယ်ဆေးမျှမျှတတဖြန့်ဖြူးနိုင်ရန် WHOက ဆောင်ရွက်နေသော်လည်း ကမာ္တတဝန်းတွင် နေ့စဉ်ကူးစက်မှုစံချိန်တင်နေသဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဖိနှိပ်ရန်သည်လည်း သော့ချက်တစ်ခုဖြစ်ကြောင်း WHO ၏ အရေးပေါ်အစီအစဉ်အကြီးအကဲဒေါက်တာ မိုက် ရိုင်ယန်ကပြောသည်။

ဆေးအများအပြားစမ်းသပ်ကုသမှု တတိယအဆင့်ရောက်နေကြပြီး တစ်ခုမှယခင်အဆင့်များတွင် မအောင်မြင်ခြင်းမရှိခဲ့ဟုလည်း ရိုင်ယန်ကပြောသည်။

ကာကွယ်ဆေးများစမ်းသပ်ကုသရာတွင် အစောပိုင်းရလဒ်များက ရောဂါကာကွယ်ရေးအတွက် ကတိပြုနိုင်နေကြောင်း မစ်ချီဂန်တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးကျောင်းမှ ရောဂါဗေဒတွဲဖက်ပါမောက္ခ အော်ဘရီ ဂေါ်ဒွန်ကပြောသည်။

ဗိုင်းရပ်စ်၏မျိုးဗီဇကွင်းဆက် ၇ လအကြာတွင် အဆင့် ၃ စမ်းသပ်ကုသမှုများစတင်ခဲ့ကြောင်း အမေရိကန်ကူးစက်ရောဂါအသိုက်အဝန်းက အသိပေးသည်။

အကယ်၍ ဘေးကင်းလုံခြုံမှုရှိပြီး ဆေးစွမ်းထက်ပါက အမေရိကန်အစိုးရက ဒေါ်လာသန်း ၁၅၅၀ ကျော်ပေးပြီး သူတို့ထုတ်လုပ်နေသည့် COVID-19 ကာကွယ်ဆေးသန်း ၁၀၀ ကျော်ကို ဝယ်ယူမည်ဟု အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမနီဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ကပြောသည်။

Ref : Don’t expect first COVID-19 vaccinations until early 2021: WHO expert

#PeopleMedia


Share this post