• Follow Us on

Home ၂၀၂၁ ခုနှစ် ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ရခိုင်ပြည်သူလူထုကို ကိုယ်စားမပြု ကြောင်း ပြောဆိုလာသည့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ

၂၀၂၁ ခုနှစ် ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ရခိုင်ပြည်သူလူထုကို ကိုယ်စားမပြု ကြောင်း ပြောဆိုလာသည့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၅ (People Media)

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပေးမှု မရှိခြင်းကြောင့် ၂၀၂၁ ခုနှစ်၌ အစိုးရနှင့် လွှတ်တော်ဖွဲ့စည်းသည့်အခါတွင် အဆိုပါ လွှတ်တော်နှင့် အစိုးရ အဖွဲ့သည် ရခိုင်ပြည်နယ် ပြည်သူများကို ကိုယ်စားမပြုကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာ ထွန်းလှက ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတိုင်းအတာဖြင့် လူဦးရေ ၁၆ သိန်းကျော်တွင် လူဦးရေ ၄ သိန်းကျော်သာ မဲပေးခွင့်ရရှိခဲ့သည့်အတွက် ဒီမိုကရေစီစံချိန်စံညွန်းဖြင့် ကိုက်ညီမှုရှိသော ရွေးကောက်ပွဲ မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ရခိုင်ပြည်နယ်အတိုင်းအတာအရ ပြောမယ်ဆိုရင် ဘယ်လိုမှ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ မညီဘူး။ ရခိုင် ပြည်နယ်မှာ ပေါ်ပေါက်လာမယ့် လွှတ်တော်ကလဲ ဘယ်လိုမှ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုမယ့် လွှတ်တော်မဟုတ်ဘူး။ အဲ့ဒီလွှတ်တော်အခင်းအကျင်းကနေပြီးတော့ ရခိုင်ပြည်နယ်မှာ ဖွဲ့စည်းလာမယ့် အစိုးရက ရခိုင်ပြည်သူတွေကို ကိုယ်စားပြုမယ့် အစိုးရမဟုတ်ဘူး။ အစိုးရတစ်ရပ်ရဲ့ ဂုဏ်အင်္ဂါရပ်နဲ့လဲ မကိုက်ညီတော့ဘူး” ဦးသာထွန်းလှက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုများရှိခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ပြည်သူဦးရေ ၂၅ ရာခိုင်နှုန်းသာ မဲပေးခွင့်ရရှိခဲ့ပြီး ၇၅ ရာခိုင်နှုန်းသည် ရွေးကောက်ပွဲတွင် မဲပေးရန်အတွက် အခွင့်အရေးများရရှိခြင်းမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၍ ကျန်ရှိမဲဆန္ဒနယ်များကို ရွေးကောက်ပွဲ မကျင်းပပေးမှုကြောင့် ဖေဖော်ဝါရီလဆန်း၌ ကျင်း ပမည့် ပြည်ထောင်စုလွှတ်တော် တက်/မတက် မေးမြန်းရာ ဦးသာထွန်းလှက “ပြည်ထောင်စုလွှတ်တော်ခေါ်လို့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်ကို ရောက်သွားပြီလို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် တက်ဖို့ရှိလားမရှိလားဆိုတာကတော့ ကျွန်တော်တို့က အဲ့ဒီအခြေအနေအပေါ်မှာ လေ့လာသုံး သပ်နေတုံးပဲရှိသေးတယ်” ပြောသည်။

#PeopleMedia #ရခိုင်အမျိုးသားပါတီ

(unicode)
………………………………..









Share this post