• Follow Us on

Home ၂၀၂၁ ခုႏွစ္ ဧၿပီလ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အသက္(၆၅) ႏွစ္ျပည့္မည္၊ တပ္ခ်ဳပ္ရာထူး ဆက္လက္ ထမ္းေဆာင္/မေဆာင္နဲ႔ပတ္သက္၍ ဥပေဒကုိ ေက်ာ္လြန္၍ ေဆာင္ရြက္ဖုိ႔မရွိေၾကာင္း တပ္မေတာ္ေျပာဆုိ

၂၀၂၁ ခုႏွစ္ ဧၿပီလ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အသက္(၆၅) ႏွစ္ျပည့္မည္၊ တပ္ခ်ဳပ္ရာထူး ဆက္လက္ ထမ္းေဆာင္/မေဆာင္နဲ႔ပတ္သက္၍ ဥပေဒကုိ ေက်ာ္လြန္၍ ေဆာင္ရြက္ဖုိ႔မရွိေၾကာင္း တပ္မေတာ္ေျပာဆုိ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ လာမည့္ ၂၀၂၁ ခုႏွစ္ ဧၿပီလအတြင္း၌ အသက္(၆၅)ႏွစ္ျပည့္မည္ျဖစ္ၿပီး တပ္ခ်ဳပ္ရာထူး ဆက္လက္ထမ္းေဆာင္၊ မထမ္းေဆာင္ႏွင့္ပတ္သက္၍ ဥပေဒ ကုိ ေက်ာ္လြန္၍ ေဆာင္ရြက္ရန္မရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆုိလုိက္ပါတယ္။

ယေန႔ ေနျပည္ေတာ္၌ က်င္းပသည့္ တပ္မေတာ္သတင္းစာရွင္းလင္းပြဲ၌ တပ္ခ်ဳပ္ အၿငိမ္းစားယူ/မယူႏွင့္ ပတ္သက္၍ သတင္းမီဒီယာမ်ား၏ ေမးျမန္းခ်က္အေပၚ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆုိလုိက္တာလည္း ျဖစ္ပါတယ္။

“ဥပေဒကုိ ေက်ာ္လြန္ၿပီး ေဆာင္ရြက္စရာအေၾကာင္းမရွိပါဘူး”လုိ႔ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆုိလုိက္ပါ တယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္မွ အနားယူလွ်င္ ႀကိဳဆုိရမည့္ကိစၥျဖစ္ေၾကာင္း တပ္မေတာ္အရာရွိ ေဟာင္း ေဒါက္တာေအာင္မ်ဳိးက ေျပာပါတယ္။

“သူအျငိမ္းစားယူမယ္ဆုိရင္ သူစိတ္ခ်ရတဲ့ သူ႔လူကုိ ထားခဲ့မွာဘဲ။ သူထားခဲ့မယ္ဆုိရင္ တစ္ဖက္ကလည္း ကာ လုံေခၚေပးမယ္လုိ႔ ကတိေပးရမယ္။ ကာလုံမေခၚေပးရင္လည္း ေခတၱတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဆုိၿပီး ထားခဲ့မွာပါ” လုိ႔ ေဒါက္တာေအာင္မ်ဳိးက ေျပာပါတယ္။

#PeopleMedia #တပ္ခ်ဳပ္ #အၿငိမ္းစားယူမယူ

(unicode)
၂၀၂၁ ခုနှစ် ဧပြီလ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသက်(၆၅) နှစ်ပြည့်မည်၊ တပ်ချုပ်ရာထူး ဆက်လက် ထမ်းဆောင်/မဆောင်နဲ့ပတ်သက်၍ ဥပဒေကို ကျော်လွန်၍ ဆောင်ရွက်ဖို့မရှိကြောင်း တပ်မတော်ပြောဆို
……………………………………………………………….

ရန်ကုန်၊ နိုဝင်ဘာ – ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း၌ အသက်(၆၅)နှစ်ပြည့်မည်ဖြစ်ပြီး တပ်ချုပ်ရာထူး ဆက်လက်ထမ်းဆောင်၊ မထမ်းဆောင်နှင့်ပတ်သက်၍ ဥပဒေ ကို ကျော်လွန်၍ ဆောင်ရွက်ရန်မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

ယနေ့ နေပြည်တော်၌ ကျင်းပသည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ တပ်ချုပ် အငြိမ်းစားယူ/မယူနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်စရာအကြောင်းမရှိပါဘူး”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါ တယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်မှ အနားယူလျှင် ကြိုဆိုရမည့်ကိစ္စဖြစ်ကြောင်း တပ်မတော်အရာရှိ ဟောင်း ဒေါက်တာအောင်မျိုးက ပြောပါတယ်။

“သူအငြိမ်းစားယူမယ်ဆိုရင် သူစိတ်ချရတဲ့ သူ့လူကို ထားခဲ့မှာဘဲ။ သူထားခဲ့မယ်ဆိုရင် တစ်ဖက်ကလည်း ကာ လုံခေါ်ပေးမယ်လို့ ကတိပေးရမယ်။ ကာလုံမခေါ်ပေးရင်လည်း ခေတ္တတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုပြီး ထားခဲ့မှာပါ” လို့ ဒေါက်တာအောင်မျိုးက ပြောပါတယ်။

#PeopleMedia #တပ်ချုပ် #အငြိမ်းစားယူမယူ


Share this post