• Follow Us on

Home ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူဦးရေ (၂၂၄,၂၀၀) ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း OCHA Myanmar ထုတ်ပြန်

၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူဦးရေ (၂၂၄,၂၀၀) ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း OCHA Myanmar ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၃

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ဖြစ်ပွားသည့် တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေကြောင့် မြန်မာ နိုင်ငံအရှေ့တောင်ပိုင်းတွင် လူဦးရေ ၂၂၄,၂၀၀ ခန့်သည်  အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း OCHA Myanmar မှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့များကြားက တိုက်ပွဲများသည် ပြင်းထန်လျက်ရှိကြောင်း၊ ဒီမောဆိုနှင့် ဖယ်ခုံမြို့နယ်များက လူဦးရေ ၃,၃၇၀ ခန့်သည် ကယားပြည်နယ်၊ ဒီမောဆိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဆီဆိုင်၊ ရပ်စောက်၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်များဆီသို့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း၊ ကရင်ပြည်နယ် လေးကေကော်တွင် ဖေဖေါ်ဝါရီလ ၁၈နှင့် ၁၉ ရက်အတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုက်ပွဲရှောင်ထွက်ပြေးလာသူဦးရေ ၅,၀၀၀ခန့် နေထိုင်နေသည့် ယာယီစခန်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရကြောင်း၊ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများသည် လိုအပ်ချက်မြင့် တက်လာသည့် အစားအစာ၊ ဆေးဝါးနှင့် အမိုးအကာများရရှိရေးအတွက် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းကူညီ ပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူဦးရေ ၂၂၄,၂၀၀ ခန့်သည်  ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ကတည်းက ဖြစ်ပွားသည့် တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ ကြရကြောင်း၊ အဆိုပါထွက်ပြေးခဲ့ကြရသူများထဲ ကယားပြည်နယ်မှ လူဦးရေ ၉၂,၄၀၀၊ ကရင်ပြည်နယ်တွင် ၆၈,၄၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၆၀,၅၀၀၊ မွန်ပြည်နယ်မှာ ၇,၅၀၀၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂,၆၀၀နှင့်  ပဲခူးတိုင်းဒေသကြီးတွင်  ၈၀၀ ခန့် ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

#PeopleMedia


Share this post