• Follow Us on

Home ၂၀၂၂ ခုနှစ်တွင် မျိုးဆက်သစ် (Precision Strike Missile) ဒုံးကျည် ၁၁၀ စင်း အမေရိကန်ကြည်းတပ် လက်ခံ ရရှိမည်

၂၀၂၂ ခုနှစ်တွင် မျိုးဆက်သစ် (Precision Strike Missile) ဒုံးကျည် ၁၁၀ စင်း အမေရိကန်ကြည်းတပ် လက်ခံ ရရှိမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈ (People Media)

 

မျိုးဆက်သစ် (Precision Strike Missile) ဒုံးကျည် ၁၁၀ စင်းဝယ်ယူရန်အတွက် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် ဒေါ်လာ ၁၆၆ သန်းချမှတ်ပေးရန် အမေရိကန်ကြည်းတပ်က တင်ပြတောင်းခံခဲ့သည်။

 

မြေပြင်မှ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်များ ကနဦးစမ်းသပ်ပစ်ခတ်မှုနှင့် ဆန်းစစ်လေ့လာအကဲဖြတ်မှုများပြုလုပ်နိုင် ရန်အတွက် အမေရိကန်ကြည်းတပ်က ဒုံးကျည်များလက်ခံရရှိရန် မျှော်လင့်ထားသည်။

 

မျိုးဆက်သစ် (Precision Strike Missile) ဒုံးကျည်သည် ကြည်းတပ်၏ မြေပြင်မှ မြေပြင်ပစ် မျိုးဆက်သစ်ဒုံး ကျည်ဖြစ်ပြီး ကြည်းတပ်နည်းဗျူဟာဒုံးကျည်စနစ် Army Tactical Missile System (ATACMS) လက်နက်များ ကို အစားထိုးမြှင့်တင်သွားမည်ဖြစ်သည်။

 

ဒုံးကျည်သစ်သည် အဝေးဆုံး ၄၉၉ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး ဒုံးကျည်ထည့်သွင်းသည့် Launch Pod Missile Container (LPMC) တစ်ခုလျှင် ဒုံးကျည်နှစ်လုံးထည့်သွင်းနိုင်ကြောင်းသိရသည်။ ယင်းဒုံးကျည်များကို လက်ရှိအသုံးပြုနေသော M270A2 Multiple Launch Rocket System (MLRS) များ၊ M142 High Mobility Artillery Rocket System (HIMARS) များနှင့်လည်း တွဲဖက်အသုံးပြုနိုင်ကြောင်းသိရသည်။

 

မျိုးဆက်သစ် (Precision Strike Missile) ဒုံးကျည်ကို အနာဂတ်ကာလခြိမ်းခြောက်မှုများအတွက် တန်ပြန် တိုက်ခိုက်နိုင်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

မျိုးဆက်သစ် (Precision Strike Missile) ဒုံးကျည်၏ စစ်ဆင်ရေးတာဝန်များမှာ သွယ်ဝိုက်သောတိကျသည့် ပစ်ခတ်မှုကိုအသုံးပြု၍ တိုက်ခိုက်ခြင်း၊ ရန်သူ့လက်နက်အာနိသင်ပျက်ပြားစေခြင်း၊ ရန်သူ့လက်နက်ကိုနှောင့် ယှက်ထိန်းချုပ်ထားခြင်း၊ ရန်သူ့ပစ်မှတ်များကို ဖျက်ဆီးခြင်းတာဝန်မျာကို ထမ်းဆောင်သွားမည်ဖြစ်သည်။

 

ယင်းမျိုးဆက်သစ်ဒုံးကျည်ကို တပ်မဟာများ၊ တပ်မများ၊ တပ်ရင်းများ၊ ကြည်းတပ်များ၊ စစ်နယ်ဝန်းများ၊ ပူးတွဲ တပ်ဖွဲ့များနှင့် မရိန်းတပ်များ၏ Air-Ground Task Force များတွင် တပ်ဆင်သွားမည့်အပြင် စစ်မြေပြင်အ မြောက်တပ်ရင်းများတွင်လည်း တာဝေးပစ်ဒုံးကျည်များအဖြစ် တပ်ဆင်သွားမည်ဖြစ်သည်။

 

မျိုးဆက်သစ် (Precision Strike Missile) ဒုံးကျည်များသည် လက်ရှိသက်တမ်းရင့် ကြည်းတပ်နည်းဗျူဟာဒုံး ကျည်စနစ် Army Tactical Missile Systems (ATACMS) ကို အစားထိုးတပ်ဆင်သွားမည်ဖြစ်သည်။

 

Ref: US Army to receive 110 next-gen PrSM missiles in 2022

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US Army to receive 110 next-gen PrSM missiles in 2022

 

#PeopleMedia


Share this post